Subscribe to our RSS Feed

အာဖဂန် နစ္စတန် နိုင်ငံမှ အမျိုးသမီး နှစ်ဦး ပထမဆုံး စစ်ရဟတ်ယာဉ် မှူးများ ဖြစ်လာမည်

From : မြဝတီ

အာဖဂန် အမျိုးသမီး လေယာဉ်မှူး နှစ်ဦးသည် အမေရိကန် နိုင်ငံ၌ စစ်သုံး ရဟတ်ယာဉ်မောင်း သင်တန်းအား လေ့လာ သင်ယူခဲ့ပြီးနောက် အာဖဂန် နစ္စတန် နိုင်ငံသို့ မကြာသေးမီက ပြန်လည်ရောက်ရှိ ခဲ့ကြောင်း သိရ သည်။ ဒုတိယဗိုလ် ဆိုယာဆာလာနှင့် ဒုတိယဗိုလ် မဆူးမာ ဟတ်ဆိုင်းနီ အမည်ရှိ အမျိုးသမီး လေယာဉ်မှူး နှစ်ဦးသည် အမေရိကန် နိုင်ငံ၌ စစ်သုံး ရဟတ်ယာဉ်မောင်း သင်တန်းအား ၁၈ လကြာ တက်ရောက် ခဲ့ကြသည်။ ဆိုဗီယက်တပ်များ အာဖဂန်မှ ဆုတ်ခွာ ခဲ့ပြီးနောက် ၎င်းတို့ နှစ်ဦးသည် အာဖဂန် နစ္စတန် နိုင်ငံ၏ ပထမဆုံး အမျိုးသမီး စစ်ရဟတ် ယာဉ်မှူးများ ဖြစ်လာတော့မည် ဖြစ် သည်။

ဆာလာနှင့် ဟတ်ဆိုင်းနီတို့သည် မိမိတို့အား အာဖဂန် လေတပ်မှ ပစ်ပယ်လိမ့်မည် မဟုတ်ဟု ယူဆထား ကြောင်းနှင့် မကြာမီ အချိန်အတွင်း အာဖဂန် လေတပ်၌ ရဟတ်ယာဉ်မောင်း တာဝန်ထမ်းဆောင် သွားမည် ဖြစ်ကြောင်း လော့စ်အိန်ဂျလိစ် သတင်းစာ၌ ပြောကြား ခဲ့သည်။

အာဖဂန် နစ္စတန် နိုင်ငံသည် တာလီဘန် အစိုးရ လက်ထက် အတွင်း၌ အမျိုးသမီး များ၏ ပညာ သင်ကြားရေး နှင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်မှုကို ကန့်သတ် ခဲ့ကြသည်။ ထို့အပြင် အစိုးရ အဖွဲ့သစ်နှင့် နိုင်ငံတကာ အဖွဲ့အစည်း တို့ကလည်း အာဖဂန် အမျိုး သမီးများ၏ စီးပွားရေးနှင့် ပညာ သင်ကြားရေး အခွင့်အလမ်းများ အပြည့်အဝ ရရှိရေး စီစဉ် ဆောင်ရွက်ပေးရန် ပျက်ကွက် ခဲ့ကြကြောင်း သိရသည်။


 www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်