Subscribe to our RSS Feed

ထားဝယ်ရေနက်ဆိပ်ကမ်းကြောင့် အိမ်ခြံမြေအရောင်းအ၀ယ်ဈေးကောင်း

From :hot news


w61619

ဒီဇင်ဘာလဆန်းပိုင်းက နိုင်ငံ တော်သမ္မတဦးသိန်းစိန်နှင့် ထိုင်း ၀န်ကြီးချုပ်တို့ထားဝယ်အထူးစီးပွား  ရေးဇုန်သို့လာရောက်ကြည့်ရှုပြီး  သည့်နောက်ပိုင်းဒေသတွင်းရှိအိမ် ခြံမြေအရောင်းအ၀ယ်ဈေးကွက် များပြန်လှုပ်လာကြောင်း သိရ သည်။
ထားဝယ်မြို့နယ်အထွက် ကမျောကင်းလမ်းမညာဘက်ခြမ်း မှ မြေကွက်များအရောင်းအ၀ယ် ပြန်လိုက်လာကြောင်း၊ ထားဝယ် တိုးချဲ့မြို့ သစ်မြေကွက်များမှာ ပေ ၄၀x ၆၀၊ ပေ ၄၀x ၈၀၊ ပေ ၆၀x ၈၀ များဖြစ်ပြီး ဂရန်မြေကွက် နှင့် စလစ်မြေကွက်ဟူ၍ နှစ်မျိုး ရှိကြောင်း၊ ၎င်းမြေကွက်များမှ ၁၉၉၀ ခုနှစ်နောက်ပိုင်းလူနေထိုင်  ရန်ချထားပေးပြီး ၂၀၁၀ ခုနှစ်တွင်  ရေနက်ဆိပ်ကမ်းပြုလုပ်မည်ဆို သည့်သတင်းများကြောင့် လိုက်လံ  ၀ယ်ယူမှုများရှိလာကြောင်း ၂၀၁၁  ခုနှစ်ကုန်ပိုင်းနှင့် ၂၀၁၂ ခုနှစ်ဆန်း  ပိုင်းလောက်မှစပြီးမြေဈေးများထိုး  တက်လာကြောင်း၊ ယခုဒီဇင်ဘာ  လဆန်းပိုင်းမှစ၍ မြေဈေးတွေ ပြန်လှုပ်လာကြောင်း၊ ဈေးနှုန်းတွေ   ထပ်တက်လာကြောင်း အိမ်ခြံမြေ   အကျိုးဆောင်လုပ်ငန်းအချို့ထံက  သိရသည်။

  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်