Subscribe to our RSS Feed

မိုင်းရှင်းရထား မိုင်းနင်းမိပြီး ဘီးချော်

From : ရဲဇာနည်

၂၆-၁၂-၂၀၁၂ ရက်နေ့ ၂၂၀၅ အချိန် မြန်မာ့မီးရထားမှ စက်ခေါင်းမောင်း ဦးထွန်းထွန်းဝင်း၊ မီးထိုး ဦးပြည်ကျော်ဇင်အောင်၊ ဂတ်ဗိုလ် ဦးပြုံးချိုတို့ မောင်းနှင်လာသည့် မိုင်းရှင်းရထားသည် ကချင် ပြည်နယ်၊ မိုညှင်းမြို့နယ်၊ ကာဒူဘူတာမှ မိုးညှင်းဘူတာသို့ မောင်းနှင်လာစဉ် မိုးညှင်းဘူတာနှင့် ၁ မိုင် ခန့်အကွာ ကာဒူဘူတာနှင့် မိုးညှင်းဘူတာအကြား မိုင်တိုင်အမှတ်(၆၃၂/၁၈-၁၉) ကြား အရောက်တွင် ကေအိုင်အေ သောင်းကျန်းသူများ ထောင်ထား သည့် မိုင်းအား နင်းမိပေါက်ကွဲခဲ့သည်။

မိုင်းပေါက်ကွဲမှု ကြောင့် သံလမ်း ၃ ပေခန့် ပြတ်တောက်ပြီး ကွန်ကရစ်ဇလီ ဖားတုံး ၂ တုံးနှင့်သစ်သားဇလီဖားတုံး ၃ တုံး ပျက်စီးခဲ့သည်။ ထို့ပြင် မိုင်းရှင်း ရထားစက်ခေါင်း ရှေ့လေကာမှန်ကွဲအက်ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိသဖြင့် ရထားသည်ဆက်လက်မောင်းနှင်ရာ မိုင်တိုင်အမှတ်(၆၃၃/၁၁-၁၂) ကြား အရောက် ပက်လက်တွဲ၏ အနောက်ဘက် ဘီးစုမှ ရှေ့ဘီး(၂)ဘီး တွဲချော်ကျ ခဲ့သည်။

ချော်ကျသည့်ဘီးများအား မြန်မာ့မီးရထားမှ တာဝန်ရှိသူများကပြုပြင်ခဲ့ရာ ၂၃၃၀ အချိန် ပြီးစီးခဲ့ကြောင်းနှင့် ပျက်စီးသွားသည့် နေရာအား သွားရောက် ပြုပြင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

   www.MyanmarExpress.net

 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်