Subscribe to our RSS Feed

ကေအိုင်အေ ခေါင်းဆောင်များတရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း ဒေသခံများကို လိုင်ဇာမှ ထွက်ခွါခွင့်မပြု

From : http://www.kachindailynews.com/

၂၈.၁၂.၁၂ရက်နေ့က ဗမာစစ်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ကေအိုင်အေခေါင်းဆောင်များက တရုတ်နိုင်ငံအတွင်းသို့ ၀င်ရောက်တိမ်းရှောင်ပြီး ၄င်းတို့ပိုင် ဟိုတယ်များမှနေပြီး စစ်ဆင်ရေး အားကွပ်ကဲ လျက်ရှိကြောင်း သိရှိရသည်။ ကေအိုင်အေ ခေါင်းဆောင်များအနေဖြင့် တရုတ်နိုင်ငံသို့ တိမ်းရှောင်သွား ခဲ့သော်လည်း လိုင်ဇာတွင်ရှိနေသည့် တရုတ်နိုင်ငံသားများမှအပ ကျန်တိုင်းရင်းသားများကို တရုတ်နိုင်ငံသို့ သွားလာခွင့်ပိတ် ထားကြောင်းသိရှိရသည်။
 

     ကေအိုင်အေဗဟိုဌာနချုပ်ရှိရာ လိုင်ဇာတွင်လေကြောင်းမှတဆင့် တိုက်ခိုက်လာပါက ဗုံးခိုကျင်း တူးခြင်း ရေထွက်ပေါက်များအတွင်း ၀င်ရောက် ခိုလှုံခြင်းတို့ပြုလုပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် လျက်ရှိသည်။ ဒီဇင်ဘာ၂၈ရက်နေ့မနက်ပိုင်းက ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာမြို့ပေါ်သို့ အစိုးရတပ်၏ တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ ပျံသန်းခဲ့ပြီးနောက် ဒီနေ့ ဒီဇင်ဘာ ၂၉ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း အစိုးရတပ်၏ လေယာဉ်တစ်စီးပျံသန်းသွားခဲ့သည်။ ဒီနေ့တွင် လိုင်ဇာဌာနချုပ်နဲ့ ၈မိုင် အကွာတွင်ရှိသော လဂျားယန်တွင် အစိုးရတပ်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး၊ လက်နက်ကြီးပစ်ခတ်သံများ လိုင်ဇာမြို့ပေါ်မှ ကြားနေရသည်။
          အစိုးရတပ်၏ လက်နက်ကြီးများနှင့် လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကေအိုင်အေတပ်ဖွဲ့ဝင်များ အကျအဆုံးနှင့် ထိခိုက်ဒဏ်ရာရမှုများစွာ ရှိပြီး လိုင်ဇာဆေးရုံတွင်လည်း ထိခိုက်ဒဏ်ရာ ရရှိသူ ကေအိုင်အေတွေ ပြည့်နှက်နေကြကြောင်း လိုင်ဇာမြို့သို့ရောက်ရှိနေသော သတင်းထောက်တစ်ဦးက ဆိုပါသည်။ ယခုတိုက်ပွဲဖြစ်နေသော လဂျားယန်စခန်းသည် လိုင်ဇာဌာနချုပ်အား အပေါ်စီးမှစိုးမိုးနေပြီး ၄င်းတပ်စခန်း အစိုးရစစ်တပ် လက်အောက်သို့ ရောက်ရှိသွားပါက လိုင်ဇာမြို့သည် အလွယ်တကူကျဆုံး သွားနိုင်ကြောင်း ကေအိုင်အေ အရာရှိတစ်ဦးမှပြောကြားခဲ့သည်။
 
KIA ၏ အဖျက်လုပ်ဆောင်မှု ဓာတ်ပုံများ https://www.facebook.com/media/set/?set=a.265343646901413.39837.262770877158690&type=3


 www.MyanmarExpress.net
 

12 comments:

ပြည် ထောင် စု အ တွက် နှစ် သစ် လက် ဆောင် အ ဖြစ် မြန် မြန် ချေ မှုန်း လိုက် ပါ တရား သော စစ် အောင် နိုင် ပါ စေ

မသိနားမလည်တဲ့  ဒေသခံတွေကိုဘမ်းပြပြီး သပုန်ခေါင်းဆောင်တွေက သူ့ တို့ ပထွေးတရုတ်ဘက်ကနေ ဟိုတယ်မှာ ဇိမ်ခံ, ဘိန်းချက်, ဘိန်းဖြူရောင်း နဲ့ ပါ။

မသိနားမလည်တဲ့  ဒေသခံတွေကိုဘမ်းပြပြီး သပုန်ခေါင်းဆောင်တွေက သူ့ တို့ ပထွေးတရုတ်ဘက်ကနေ ဟိုတယ်မှာ ဇိမ်ခံ, ဘိန်းချက်, ဘိန်းဖြူရောင်း နဲ့ ပါ။

Cspture the Laiza Head Quarter of KIA terrorist
group.They are enemy of the State.Myanmar
Patriotic Army need to combat and crush KIA
terrorist group with more effective weapon

ဘင် လာ ဒင် မျိုး ဆက် တွေနေမှာပေါ့

မြန်မာ့တပ်မတော်၏တရားသောစစ်အောင်မြင်ပါစေ။အကြမ်းဖက်သမားအဖွဲ့အစည်း(KIA)အမြန်ဆုံးကျဆုံးပါ စေ။ရှေ့တန်းရောက်တပ်မတော်သားများအန္တရာယ်ကင်းကင်း ဖြင့်တိုက်ပွဲတိုင်းအောင်မြင့်စေရန်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ကေအိုင်အေခေါင်းေ၇ှာင်တွေ ၇ှိနေတဲ့ဟိုတယ်တွေ၇ဲ့  မြေပုံညွှန်း အီ၇န်နဲ့ မြောက်ကို၇ီးယားကိုပေးလိုက်၇င်ကောင်းမယ်။ သူတို့ ဒုံးပျံတွေစမ်းသပ်လို့ ၇အောင်စေတနာနဲ့ ပါ။

တပ်မတော် အောင်ပွဲရရမည်။

kia kio ခေါင်ဆောင်အချင်းချင်းလည်းမကြာခင်လုပ်ကြံမှုတွေဖြစ်ပါတော့မယ် စောင့်ကြည့်လိုက်ပါအုံး။ kia တပ်၇င်း ၈လည်း လက်နက်တွေနဲ့ အလင်းဝင်တော့မယ်။ လိုင်ဇာကို january 9 မှာအပြုတ်တိုက်မှာပါ တရုတ်နယ်ထဲမှာ အချင်းချင်းလုပ်ကြံမှုတွေ ဖြစ်တော့မယ်

ဂမ်ရှောင်၊ဂွမ်မော် တို့ကို ရှင်းပစ်ဖို့ပြောတာကို ထောက်ခံပါတယ်။

ကေအိုင်အေ ထဲမှာ ချောင်ပိတ်မိနေတဲ့ ကချင်နဲ့ ရှမ်းညီအစ်ကိုများ ခင်ဗျား...
ဂမ်ရှောင်၊ဂွမ်မော်တို့လို တဇောက်ကန်းတွေကြောင့် ဒီစစ်ကြီး ကြာနေတာပါ။ သူတို့တွေ အသက်ရှင်နေသရွေ့ ကချင်နဲ့ ရှမ်းတွေ၊ ဗမာနဲ့တခြားတိုင်းရင်းသားတွေ သေပေးကြရပါဦးမယ်။ ဒုက္ခခံကြရပါဦးမယ်။

အစိုးရအနေနဲ့ကတော့ ဒီလိုတဇောက်ကန်းတွေကို ရှင်းဖို့မဖြစ်နိုင်ပါဘူး။ နိုင်ငံတကာနဲ့ ဆက်ဆံနေရတာဆိုတော့ လုပ်လို့မရပါဘူး။ကေအိုင်အေထဲက ညီအစ်ကိုတွေ လုပ်မှပဲ ရမှာပါ။

သေသေချာချာ စဉ်းစားကြပါခင်ဗျား။ အများကြီးသေ၊ အများကြီးဒုက္ခရောက်နေတာကို အဖြစ်ခံမလား။ တဇောက်ကန်းတွေကို ရှင်းပြီး ဇာတ်လမ်းဖြတ်လိုက်မလား။

. . .

ဒီသတင်းမမှန်ဘူးဆိုရင်KIAမီဒီယာတွေကိုစိန်ခေါ်ပါတယ်။ အခုချက်ခြင်း(ဂွမ်မော်/လာနန်နဲ့KIAခေါင်းဆောင်တွေကို) လိုင်ဇာမြို့ထဲမှာရှိနေတဲ့အကြောင်းVIDEOမှတ်တမ်းနဲ့လွှင့် ကြည့်စမ်းပါ။UP TO DATE နော်။အရူးကွက်နင်းပြီးတော့ ဖြတ်ညှပ်ကပ်တွေလာမလုပ်နဲ့။မြန်မာလူငယ်တွေကမျက်စိ ရှင်ပြီးသား။ဘယ်လိုလဲ...?

ထောက်ခံပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်