Subscribe to our RSS Feed

ပြည်သူ့လွှတ်တော်ဥပဒေသည် သမ္မတလက်မှတ် မထိုးဘဲ အတည်ပြု ပြဋ္ဌာန်းသည့် ပထမဆုံး ဥပဒေဖြစ်

From : ခေတ်လူငယ်

ယခုလ ၂၆ ရက်နေ့စွဲဖြင့် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသော ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေသည် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းအတွင်း ပထမဆုံးအကြိမ် သမ္မတ လက်မှတ် ရေးထိုးခြင်း မပြုဘဲ အတည်ပြု ပြဋ္ဌာန်းသော ဥပဒေတစ်ခု ဖြစ်လာကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ၎င်း၏အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ “ဥပဒေဖော်ပြရာမှာ နိုင်ငံတော်သမ္မတ လက်မှတ် မပါတာဟာ မှားယွင်းမှု မဟုတ်ကြောင်းနဲ့ အဲဒီဥပဒေဟာ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းမှာ ပထမဆုံး သမ္မတလက်မှတ်မထိုးဘဲ အတည်ပြု ပြဋ္ဌာန်းတဲ့ ဥပဒေလည်း ဖြစ်ကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်” ဟု ဦးရဲထွဋ်က ရေးသားထားသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၀၆(ဂ) အရ ပြည်ထောင်စုလွှတ်တော်မှ ပြန်လည်ပေးပို့သော ဥပဒေကြမ်းသည် သမ္မတ လက်မှတ် ရေးထိုးခြင်း မပြုလျှင်ပင် ခုနစ်ရက်အတွင်း ဥပဒေအတည်ဖြစ်ကြောင်း ပြဋ္ဌာန်းချက်အရ အဆိုပါ ဥပဒေ အတည်ဖြစ်လာခြင်း ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သော ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းနှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းများကို ယခုလ ၁၈ ရက်တွင် သမ္မတ လက်မှတ် ရေးထိုးနိုင်ရန် တင်ပြခဲ့ပြီး သမ္မတ၏ သဘောထား မှတ်ချက်များ ပါဝင်သော သဝဏ်လွှာများကို ယခုလ ၂၃ ရက်တွင် ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့ခဲ့ပြီးနောက် သမ္မတ၏ လက်မှတ် မပါဝင်ဘဲ ယခုလ ၂၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ဥပဒေဖြစ်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။  

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်