Subscribe to our RSS Feed

ကေအိုင်အေက မြန်မာ့စီးပွားရေးဘဏ် ငွေပို့ယာဉ်နှင့် အကျဉ်းသားပို့ ယာဉ်တန်းကို အဝေးထိန်းစနစ်ဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့

From : ခေတ်လူငယ်

မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်နေသော ကေအိုင်အေက မြန်မာ့စီးပွားရေး ဘဏ်မှ ငွေပို့ယာဉ်တန်းနှင့် အကျဉ်းထောင်သို့ ပို့မည့်ထောင်သားများ ပါဝင်သော ယာဉ်တန်းကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှ ၂၁.၁၁.၂၀၁၂ ရက်က သိရသည်။ နိုဝင်ဘာ ဒုတိယပတ်အတွင်းက အတည်ပြု၍ မရသေးသော သတင်းများအဖြစ် ယင်းကဲ့သို့ ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည်ကို ကြားသိခဲ့ရပြီး ပြည်နယ်အစိုးရက ယင်းအဖြစ်အပျက်မျိုး ရှိကြောင်း ထုတ်ဖော်ပြောကြား လာခြင်း ဖြစ်သည်။ “လုံးခင်းဘက်မှာ ဖြစ်သွားတာ။ ဗုံးခွဲတိုက်ခိုက်ခံရတာနဲ့ နောက်ရက်မှာပဲ ဒေသခံ အုပ်ချုပ်ရေးမှူးရုံးက သတင်းပို့လာပါတယ်” ဟု ပြည်နယ်အစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိတစ်ဦးက အတည်ပြု ပြောကြားသည်။ အခင်းဖြစ်ပွားမှုအရ ဖားကန့်မြို့မှ မြန်မာ့စီးပွားရေးဘဏ် ငွေပို့ယာဉ်နှင့် ဖားကန့်မြို့မှ မြစ်ကြီးနားကို ပို့ဆောင်မည့် အကျဉ်းသားယာဉ်ကို အဝေးထိန်းစနစ်ဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကျဉ်းသား သုံးဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကချင်နေ့စဉ်သတင်းက ရေးသားဖော်ပြထားသည်။ “ကေအိုင်အေနဲ့တော့ ကျွန်တော်တို့ အစိုးရအဖွဲ့က တိုက်ရိုက်မဆက်ဆံပါဘူး။ ပြည်ထောင်စုအဆင့်က ကိုင်တွယ်တာပါ။ ပြီးတော့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တွေ ရှိတာပဲ၊ သူတို့ဆီကိုပဲ အကြောင်းကြားစာ ပေးပို့လိုက်ပါတယ်” ဟု အဆိုပါအရာရှိက ဆက်လက်ပြောကြားသည်။ ကေအိုင်အေနှင့် မြန်မာအစိုးရသည် ငြိမ်းချမ်းရေး ဆွေးနွေးထားသည်မှာ ၁၁ ကြိမ်ထက်မနည်း ရှိပြီဖြစ်ပြီး ခိုင်မာသော သဘောတူညီချက်များ ရရှိထားခြင်း မရှိသေးကြောင်းလည်း သိရသည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။  

 Myanmar Express 

6 comments:

ယင်လတ်နဲ့ကြတော့အိုဘားမားကဖန်ခွက်ချင်းပဲထိလို့ရ
တယ်
ဒေါ်စုနဲ့တွေ့မှပဲမျက်နှာချင်းကပ်ရင်ချင်းအပ်ဖင်ချင်းထပ်ပြီးသံဝါသပြုလို့ရတော့တယ်

မြန်မာတပ်က လက်နှေးလိုက်တာ။ရခိုင်အရေးလဲ နှေးတာပဲ။ အစ္စရေးနဲ့ တော့ကွာပါ့ကွာ။

သွေးမင်နဲ့ရေးတဲ့သမိုင်း
ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ရာသီဘွဲ့တမ်းချင်းကို ကြားရသလိုပဲ … (၅၂) နှစ်မြောက် KIA တော်လှန်ရေးနေ့ ဆိုပြီး လိုင်ဇာ FM ကနေ ထုတ်လွှင့်ခဲ့တဲ့ KIO ဒုဥက္ကဌ လညော် ဇောင်းဟရားရဲ့ မိန့်ခွန်းက သွေးစွန်းနေတဲ့ လက်နဲ့ရေးထားတဲ့ ကေအိုင်အေ၊ကေအိုင်အို အတိတ်သမိုင်းကို ပြန်အမှတ်ရမိစေခဲ့ရတယ် … ၁၉၆၀ ခုနှစ်မှာ ဘာသာရေးကို ခုတုံးလုပ်၊ လားရှိုးငွေတိုက်ကို ဖောက်ထွင်း ၀ိဇ္ဖာ ကျူးလွန်ပြီး KIA လက်နက်က ကချင်လူမျိုးကို စီရင်တဲ့နေ့လို့ သမိုင်းဝင်ဟစ်ကြွေးသံနဲ့ အတူ လွန်ခဲ့တဲ့ (၅၂)နှစ် နိုဝင်ဘာလ(၂၅) ရက်မှာ လက်နက်ကိုင်သောင်းကျန်းမှုကို စတင်ခဲ့တာဘဲ ဖြစ်ပါတယ်…
ကချင်နိုင်ငံလွတ်မြောက်ရေးဆိုတဲ့ စိတ္တဇအိမ်မက်ကို ဖမ်းဆုပ်ကိုင်ထားဆဲ ဖြစ်တဲ့ ခေါင်းဆောင်ကြီးတွေက ရိုးသားကြိုးစားစွာနဲ့ ကြီးပွားတိုးတက်လိုတဲ့ ဒေသခံတိုင်းရင်းသားတွေကို အဓ္ဓမ စစ်ထဲသွင်း လက်နက်ကိုင်ခိုင်းပြီး အသေခံတိုက်ခိုင်းခဲ့ကြပြန်တယ်…။ လူထုကိုလည်း အကြောက်တရား နည်းနဲ့ သိမ်းသွင်းချင်တဲ့ လောဘနဲ့ ဖားကန့်စပေါ့မှော်မှာ လူ(၂၀၀) ကျော်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့မှု၊ ခေါင်လန်ဖူး မြို့နယ်ထဲက ခရန်ချီဒမ်းရွာကို ရွာလုံးကျွတ် မီးရှို့သတ်ဖြတ်မှု၊ အချင်းချင်း အာဏာလု လုပ်ကြံသတ်ဖြတ်မှုတွေ၊ ဘိန်းရောင်း၊ ဆက်ကြေးကောက်၊ ဓားပြတိုက်၊ မိုင်းခွဲဖျက်ဆီးမှုဆိုတဲ့ အကြမ်းဖက်လုပ်ရပ်မျိုးစုံကို ယနေ့အထိ အတောမသတ်နိုင်လောက်အောင် ကျူးလွန်ရင်း ကိုယ့်သမိုင်းကို သွေးမင်နဲ့ရေးနေတာတွေက ကိုယ့်လှံနဲ့ ကိုယ့်ဒိုင်းကို ထိုးနေသလိုပဲ ဖြစ်ပါတယ်…။
ကချင်ပြည်နယ်အနှံ့က ပေါများလှတဲ့ သယံဇာတတွေကို တရားမဲ့စွာ ချယ်လှယ်သိမ်းပိုက်လိုတာနဲ့ အဆုံးမရှိတဲ့ သမိုင်းရဲ့ ငြင်းခုံမှုထဲမှာ ပြည်သူတွေကို အဓ္ဓမ သိမ်းသွင်းပြီး အတိတ်ရဲ့ အကျဉ်းသားဘ၀ကို သက်ဆင်းစေခဲ့ပြန်တယ်…။ တကယ်တော့ ကေအိုင်အေ၊ကေအိုင်အို ခေါင်းဆောင်တွေက အရာမထင် မဖြစ်ညစ်ကျယ် ကိုင်ဆွဲထားတဲ့ အာဏာကို ပြောင်လက်အောင် တိုက်ချွတ်ချင်တာကြောင့် ဟစ်တလာ၊ ပိုပေါ့၊ ဘင်လာဒင် တို့ကို အားကျအတုယူပြီး သူတို့ရဲ့ကိုယ်စား ၊ ကိုယ်ပွားအဖြစ် ကေအိုင်အေ၊ကေအိုင်အို ခေါင်းဆောင်တွေက အမွေဆက်ခံပြီး ရက်စက်မှုသရဖူကို လုဆောင်းနိုင်ခဲ့သူတွေ ဖြစ်နေခဲ့ပါပြီ…။
တကယ်တော့ ကချင်ပြည်နယ်က ဒေသခံတိုင်းရင်းသား ကချင်၊ရှမ်းနဲ့ဗမာတွေဟာ အတိတ်က ဘာဖြစ်ခဲ့ ဖြစ်ခဲ့ ပစ္စပ္ပုန်ကို တည့်တည့်ရှုလိုကြသူတွေပါ…။ ကေအိုင်အေ၊ကေအိုင်အို ရဲ့ မူရင်းအရောင်ကို မသိလို့ မဟုတ်ပါဘူး…။ ညီနောင်သားချင်းဆိုတဲ့ ရေထက်စေးတဲ့ သွေးရဲ့ သံယောဇဉ်တရားနဲ့ ခွင့်လွှတ် ပေးခဲ့ ကြတာချည်းပါပဲ…။ ဒါကို အခွင့်ကောင်းယူပြီးတော့ ဖယ်ဒရယ်ယူနီယံ ထူထောင်ဖို့ နိုင်ငံရေးနဲ့ လက်နက်ကိုင် စစ်ပွဲဆက်ပြီး ဆင်နွှဲမဲ့အကြောင်း မိန့်ခွန်းထဲမှာ ထပ်ပြီးကြိမ်းဝါးနေပြန်ပါသေးတယ်…။ ဒါတင်မကသေးဘူး… တစ်ချိန်က လက်ဦးဆရာတစ်ဦးဖြစ်ခဲ့တဲ့ ဗကပ တွေဟာ ပဲခူးရိုးမကနေ ပြေးစရာ မြေမရှိတော့ ရှမ်းအရှေ့မြောက်ဒေသ (ပန်ဆမ်း) ကို လွတ်မြောက်နယ်မြေ အဖြစ်ကြေငြာခဲ့သလို တပည့်ဖြစ်တဲ့ ကေအိုင်အေ၊ကေအိုင်အို ကလည်း ရှေ့ဆရာလမ်းစဉ်အတိုင်း ဖားကန့်နဲ့ လိုင်ဇာကို လွတ်မြောက်နယ်မြေ အဖြစ် ကြေငြာခဲ့ကြပြန်ပါတယ်…။ တကယ်တော့ ပန်ဆမ်းဟာ ဗကပ အတွက် မလွတ်မြောက်ခဲ့ဘဲ ပြည်သူဘဲ လွတ်မြောက်ခဲ့ရတာမို့ သင်ခန်းစာယူပြီး ကြက်က ကြက်အဆင့်လောက်ပဲ ပျံသင့်တယ်လို့ အကြံပေးပါရစေ…
ဒီနေ့ ပြည်သူအားလုံးဟာ စည်းလုံးညီညွတ်မှု၊ တည်ငြိမ်အေးချမ်းစွာနဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုပဲ အာသီသ ရှိကြတာပါ…။ ဒါကိုမှ ကေအိုင်အေ၊ကေအိုင်အို ခေါင်းဆောင်ကြီးတွေက မနှစ်သက်ဘူး လက်မခံဘူး ဆိုရင်တော့ ကျောင်းမကြိုက်ရင် ကိုယ်တော်ပဲပြောင်း လို့ပြောရတော့မှာပဲ…။ မပြောင်းပဲ တွယ်ကပ်ပြီး နေဦးမယ်ဆိုရင် ကေအိုင်အေ၊ကေအိုင်အို ဆိုတဲ့ သစ်ပင်ခုတ်လှဲခံရရင် မျောက်အုပ်ကွဲတဲ့ အဖြစ်မျိုး မရောက်စေချင်လို့ သတိပေးတာပါ…။
ပြည်သူရဲ့ မေးစေ့အောက်မှာ ဆူးထာက်ပြီး ယုံကြည်မှုထပ်တည်ဆောက်လို့လဲ မရနိုင်တော့ ပါဘူး…။ အပြစ်မဲ့ပြည်သူများစွာ သေကြေပျက်ဆီးရခြင်းဟာ လူသားမျိုးနွယ်စု ပျက်သုဉ်းရေးကို ဦးတည် တယ်လို့ မှတ်ယူရမှာဖြစ်တာကြောင့် ကေအိုင်အေ လက်နက်က ပြည်သူကို စီရင်တဲ့နေ့ ဆိုတာရှိလာမှာ မဟုတ်တော့ သလို ၀မ်ပေါင် အိမ်မက်နိုင်ငံလဲ ပေါ်ထွက်လာစရာ မရှိတော့ပါဘူးလို့…။



တို့kiaစစ်သားတွေရဲ့ညီမတွေဖာဖြစ်တာပဲရှိတယ် ဝမ်ပေါင်လဲမဖြစ်သေး

တို့kiaစစ်သားတွေရဲ့ညီမတွေဖာဖြစ်တာပဲရှိတယ် ဝမ်ပေါင်လဲမဖြစ်သေး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်