Subscribe to our RSS Feed

ငါးမင်းဆွေကြောင့် ငါးပါးမှောက် ရတဲ့ ဒေါ်စု နှင့် NLD ဒရဝမ်များ


လူထုအားလုံးက ထောက်ခံတယ်၊ ပြည်သူအားလုံးက ကြိုဆိုကြတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် ငါးမင်းဆွေနဲ့တွေ့မှ ငါးပါးမှောက်တော့တာပါပဲ။ ငါးမင်းဆွေ ဆိုတာ ၁၉၇၅ ဦးသန့် အရေးအခင်း ကျောင်းသား လှုပ်ရှားမှုမှာ ခေါင်းဆောင်ငယ် တစ်ယောက်ဖြစ်ပြီး အစိုးရ ရဲ့ ဖမ်းဆီး အပြစ် ပေးခြင်းကို ခံခဲ့ရတဲ့သူပါ။ ငါးမင်းဆွေဟာ ဒီနေ့ (နို ၂၅) မနက် ၁၁ နာရီမှာ ဒီချုပ်ရုံးချုပ် ရှေ့ကို သွားပြီး ဒေါ်အောင်ဆန်းစုကြည်ကို နားမျက်စိ မပိတ်ပါနဲ့၊ မော်နီတာ ဂျာနယ်က ငါးမင်းဆွေ၏ မေတ္တာလမ်းစဉ်မှ တပါး အခြားမရှိပါ ဆောင်းပါးအား ဒေါ်အောင်ဆန်းစုကြည်သို့ ပို့ပေးပါ ဆိုတဲ့ စာသား ရိုက်ထားတဲ့ တီရှပ်ဝတ်၊ သူ့ဆောင်းပါး မိတ္တူတွေကို လက်ကကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် တောင်းခဲ့ပါတယ်။

ရိုးတယ်၊ အတယ်၊ သဘောကောင်းတယ် ဒါပေမယ့် အမှန်တရားအတွက် အရာရာရင်ဆိုင်ရဲတယ်

ပြန်လွတ်လာ ပြီးထဲက တွေ့ဆုံ ဆွေးနွေးမယ်။ ဒီမိုကရေစီ လိုလားသူ အားလုံးက လုပ်ဖော် ကိုင်ဘက်ပါ။ ပြည်သူတွေရဲ့ အသံကို ကြားချင်ပါတယ် ဆိုပြီး လေလုံးမိုးလုံး ထွားခဲ့တဲ့ ဒေါ်စုနဲ့ သူ့တပည့်တွေက ရုံးရှေ့ ရောက်လာတဲ့ ငါးမင်းဆွေကို ဘယ်လိုလုပ်တယ် ထင်ပါသလဲ။ ဒေါ်စုအနားမှာ သူတို့ကိုယ် သူတို့ အမေရိကန် သမ္မတနားက လုံခြုံရေးတွေလို ထင်တစ်လုံးနဲ့ လက်ကားယား၊ ခြေကားယား၊ ဟိုတွန်း၊ ဒီတွန်း လုပ်နေတဲ့ မောင်တွေက ငါးမင်းဆွေကို ရုံးရှေ့ကနေ ဆွဲထုတ်ဖို့ လုပ်သတဲ့။ ရုန်းရင်းဆန်ခတ် ဖြစ်ပြီး ဘေးကလူတွေ ဝိုင်းလာမှ ဗိုလ်ကြီးဟောင်း ဝင်းထိန် ထွက်လာပြီး အထဲဝင်ခိုင်းပါတယ်။ အထဲရောက်တော့ ဝိုင်းပြီး သက်ကြ ဖြတ်ကြတော့မယ့် ပုံစံတွေနဲ့ ကြည့်ကြပါတယ်။ တစ်ရုံးလုံးက လူတွေအားလုံးခေါ်ခိုင်းပြီး ဝိုင်းထားပါတယ်။

ငါးမင်းဆွေက ဒေါ်အောင်ဆန်းစုကြည် ဖတ်ဖို့ ဆောင်းပါးပေးချင်တဲ့ အကြောင်းနဲ့ အဲ့ဒီဆောင်းပါးမှာ ဒေါ်စုအကြောင်းပါပြီး အဲ့ဒီထဲမှာ မှားနေတာတွေ ရှိရင်လည်း ပြန်ပြီး ပြောနိုင်တဲ့ အကြေင်း ပြေပြေလည်လည် ပြောပြီး ဆောင်းပါးပေးလိုက်ပါတယ်။ အဲ့ဒါကို ဗိုလ်ကြီးဟောင်း ဝင်းထိန်က ဆောင်းပါးမှာ ဒေါ်စုကြည် လို့ ရေးထားလို့ အထက်ကို တင်ပြမှာမဟုတ်ဘူးလို့ ပြောပါတယ်။ တကယ်တော့ အမှန်တရားတွေကြောင့်ပါ။ ဒေါ်စုကြည်မကလို့ ဒေါ်စုလို့ ရေးရင်လည်း အကြောင်းမဟုတ်ပါဘူး။ ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အပြစ်ရှိလို့ အပစ်ပေးခံရပြီး အကျယ်ချုပ်က ထွက်ခါစ သာမန် လူတစ်ယောက်ပါ။ ဒါကို နာမည် တပ်တာ အကြောင်းပြပြီး ငြင်းပါတယ်။ ဆောင်းပါးကိုတော့ ယူထားပါမယ်တဲ့ ဒါပေမယ့် ဆောင်းပါးမှာ ဒေါ်စုကြည်လို့ ရေးထားလို့ ဒေါ်စုကို မပြနိုင်ပါဘူးတဲ့။ ဘာမှတောင် အာဏာမရသေးပဲနဲ့ NLD မှာ ပြည်သူထဲက ပြည်သူတစ်ယောက်ပေးတဲ့စာက အထက်ကို မရောက်ချင်တော့ပါဘူး။ အာဏာများရသွားရင်တော့ ပြည်သူတွေ က ပေးသမျှ စာမှန်သမျှ NLD ရုံး အစောင့်တွေကပဲ အိမ်မှာ စု ထားပြီး ပိဿာချိန် နဲ့ ပြန်ရောင်းစားမယ့်အနေအထား ရှိပါတယ်။ နိုဝင်ဘာ (၁၅) ရက်နေ့တုန်းကလည်း NLD ဒရဝမ် လိုလို ဗီလိန်လိုလိုနဲ့ နိုင်ငံကောင်းအောင် လုပ်ပါမယ် ဆိုတဲ့ လူတွေက သတင်းထောက်တွေကို ဆဲဆိုကြိမ်းမောင်း လိုက်ပါသေးတယ်။ လုပ်ပြန်ပါပြီ။



ဒေါ်အောင်ဆန်းစုကြည် အကြောင်းရေးထားတာကို ဒေါ်အောင်ဆန်းစုကြည် သိမှ ဖြစ်မည့်အကြောင်းနဲ့ မဟုတ်ဘူးဆိုရင် လူသိရှင်ကြား ကန့်ကွက်လျှင်သော်လည်းကောင်း၊ ငါးမင်းဆွေကို ရှုံ့ချလိုလျှင်သော်လည်း ကောင်း လုပ်နိုင်ကြောင်း ပြောပြပါတယ်။ အဲ့ဒီနောက်မှာမှ ဗိုလ်ကြီးဟောင်း ဝင်းထိန်က ယူတော့ ယူထားလိုက်မယ်၊ ဒေါ်စု ဖတ်မဖတ်တော့ မတတ်နိုင်ဘူး ဆိုပြီး ရတိပြတ် ပြောကာ ပြန်လွှတ်လိုက်ပါတယ်။ တခြား ရုံးထဲက အဖွဲ့ဝင်တွေကလည်း မြည်တွန်တောက်တီးလိုက်ကြပါသေးတယ်။ အဲ့ဒီလူတွေ အာဏာရသွားရင်တော့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကတော့ ရင်လေးစရာပါပဲ။

မြန်မာတစ်နိုင်ငံလုံးကောင်းစားဖို့ လုပ်မယ့် ရုံးကြီးက မြန်မာပြည်မြေပုံတောင်မရှိဘူး။ ဆန်တောင်းလို့ ကောင်းတဲ့ပုံတွေနဲ့ ဒန်အိုးတွေပဲ တွေ့တယ်။ ရုံးလာကြ၊ ဘာအလုပ်မှမရှိကြ၊ အချိန်တန်တော့ အထောက်အပံ့တွေနဲ့ စားကြသောက်ကြ။ ပျင်းရင် ကြေငြာချက်ထုတ်ကြ။


၇ နှစ်လုံးလုံး ပြည်သူ့စကားတွေ နားထောင်နေပါတယ်၊ ပထမဆုံး မိန့်ခွန်းမှာတောင် ပြည်သူ့အသံတွေ ကြားချင်ပါတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နာမည်မကြိုက်လို့ အထက်ကို မတင်နိုင်ပါဘူးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပါတီ တို့ကိုတော့ ဘယ်လိုနားလည်ရမှန်း မသိတော့ပါဘူး။ ဒေါ်စု ပြောတဲ့ တွေ့ဆုံ ဆွေးနွေးရေး၊ ဒေါ်စု ကြားချင်တဲ့ ပြည်သူ့အသံ ဆိုတာတွေက တကယ်တော့ သူအကြိုက် လိုက်ပြောမယ့် အနားပြာတွေရဲ့ အသံ။ ဒေါ်စု မူဝါဒတွေ၊ ဒေါ်စု အကျင့်စရိုက် တွေကို မသိဘဲ ဗိုလ်ချုပ် သမီးလေးဟဲ့ ဆိုတဲ့ ထင်တလုံးနဲ့ လာကြည့်ပြီး လက်ခုတ်တီးသူ တွေရဲ့ အသံပဲ ဖြစ်နေတယ်ဆိုတာ မထင်ရှား ဘူးလား။ သူနဲ့ ကွဲလွဲတဲ့ သဘောထားကို တင်ပြမယ့်သူ၊ တင်ပြထားတဲ့စာ ဆိုရင် မကြည့်ချင်၊ မမြင်ချင်တဲ့ သဘော၊ မတွေ့ရဲ၊ မကြားရဲတဲ့ သဘော ဖြစ်မနေဘူးလား။ တနည်းအားဖြင့် တကယ့် ပြည်သူ့အသံကို ကြားရမှာ၊ တကယ် ပြည်သူတွေနဲ့ တွေ့ရမှာကို ဒေါ်စု ကြောက်နေတယ် ဆိုတာ ထင်ရှားတယ်။ ဒါဟာ ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦးရဲ့ စရိုက် မဟုတ်ဘူး။ ဒီမိုကရေစီ ခေါင်းဆောင်ဆိုတာ ကွဲလွဲတဲ့ အမြင်တွေ ကိုလည်း နားထောင်နိုင်ရမယ်။ ဆွေးနွေး နိုင်ရမယ်။ ဒါတွေ မလုပ်နိုင်ဘဲနဲ့ လျှာဖျားလေးနဲ့ ဒီမိုကရေစီ ပြောနေတာကတော့ ငါ ပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ ဆိုတာထက် မပိုဘူး။

NLD ရုံးမှ ပြန်ထွက်လာပြီးနောက် ငါးမင်းဆွေ က မြန်မာနိုင်ငံ ကို စီးပွားရေး ပိတ်ဆို့မှုဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည် လုပ်နေကြောင်းနဲ့ အဲ့ဒီစီးပွားရေး ပိတ်ဆို့တယ်ဆိုတာ ပြည်သူတွေကို သက်သက် ဒုက္ခပေးနေခြင်းဖြစ်သလို အကြမ်းဖက် ခြင်းဖြစ်ကြောင်း၊ အဲ့ဒီအကြောင်းတွေကို ဂျာနယ်ထဲမှာ အပြည့်အစုံရေးထားကြောင်း ပြောပြရာ ပြည်သူများက ဂျာနယ်များကို အတင်း တောင်းရမ်း ဖတ်ကြလို့ ပါလာတဲ့ ဂျာနယ် တစ်ထပ်ကြီးက ခဏ နဲ့ ကုန်သွားခဲ့ရပါတယ်။



နိုဝင်ဘာ ၁၅ ရက်နေ့က သတင်းထောက် တစ်ဦး ပို့လိုက်တဲ့ စာအပြည့်အစုံကတော့

ဒီနေ့လေ အန်အယ်ဒီရုံးက လူငယ်တွေက သတင်းထောက်တွေကို ဆဲတယ် သိလား။ ရုံးခန်းထဲကို လုံးဝပေးမ၀င်ဘူး။ အဲဒါ သတင်းထောက်တွေ ပွစိပွစိ ဖြစ်ကုန်ရော။ သူတို့ လက်ထဲတောင် အာဏာ မရောက်သေးဘူး ဒီလို ဖြစ်ကုန်ပြီ ဆိုပြီးတော့။ ကျနော်လည်း တော်တော် ဒေါပွသွားတယ်။

သတင်းထောက်ကို ပါးစပ်နဲ့ ကောင်းကောင်းပြောလို့ ရပါတယ်။ ဆဲစရာ မလိုဘူး။ ပြီးတော့ မောင်းထုတ်တာ တော်တော် ကြမ်းတယ်။ အေပီတို့၊ အေအက်ဖ်ပီတို့ကလည်း တော်တော် မကျေမနပ် ဖြစ်သွားကြတယ်။ အားလုံးက စိတ်ပျက်သွားကြတယ်။ ဘီဘီစီနဲ့ အယ်လဂျာဇီးယားလည်း ပါတယ်။ ပြည်တွင်း သတင်းထောက် တယောက်က ဆိုရင် ကျနော်တို့က အန်တီ့ဆီကို လာပြီး သတင်းယူတာ စာပေစိစစ်ရေးက မလွတ်ဘူးဆိုတာ သိတယ်၊ ဒါပေမယ့် သတင်းသမားတာဝန် ကျေချင်တဲ့အတွက် လာယူတယ်လို့ ပြောတယ်။ ဒါကို မရိုက်ရဘူး ဆိုတော့ ပြည်တွင်း သတင်းထောက်တချို့ စိတ်တိုပြီး ပြန်ကုန်ကြတယ်။

သတင်းထောက်ဆိုတာ အန်တီ့ကို တွေ့ရင် ဓာတ်ပုံရိုက်မှာပဲလို့ပြောတော့ ခင်ဗျားတို့က လွန်လွန်းတယ်။ အန်တီ့ လုံခြုံရေးကို ကျနော်တို့က တာဝန် ယူထားရတာ ခင်ဗျားတို့ သတင်းထောက်တွေက သတင်းရဖို့ပဲ သိတယ်။ အဲဒီလိုတွေ ပြောတယ်။

အန်အယ်လ်ဒီ ရုံးမှာ သတင်းထောက်တွေ သတင်းဓာတ်ပုံတွေ ရိုက်ကြ သတင်းတွေရေးကြလို့ပဲ အားလုံးမြင်ကြရတာ။ မီဒီယာက လူပေါင်း သန်း ၆၀ ကျော် အတွက် ဆိုတာကို နားမလည်ဘူး။ အန်တီ့နားမှာ နေရတယ်ဆိုပြီး မာန်တွေတက်ကုန်တာ။ အံ့သြစရာပဲ။

ကျနော်တော့ ဒီနေ့ တရား တော်တော်ရသွားတယ်။ လုံခြုံရေးသဘောကို ကျနော်တို့ သိပါတယ်။ ဒါပေမယ့် သတင်းထောက်တွေက သူတို့နဲ့ မျက်နှာ ကျက်မိနေတဲ့ သူတွေပါပဲ။ အဲဒါကို ခွေးမောင်းသလို မောင်းထုတ်တာတော့ ကျနော်တို့လည်း မခံနိုင်ဘူး။ ကျနော်တို့ ဆိုတာ သူတို့က သတင်းပြောချင်လို့ပါ ဆိုရင် အချိန်မရွေး၊ နေရာမရွေး ထလုပ်ပေးခဲ့တဲ့ အမာခံလူတွေပါ။ အဲလို သတင်းသမားတွေပါ။

ဒါကို ဇွတ်ပြော၊ ဇွတ်ဟောက်လုပ်တာ။ သတင်းသမားတွေရဲ့ မျက်နှာတွေကို သူတို့ အားလုံးကျက်မိတယ်။ ထောက်လှမ်းရေးတွေရဲ့ မျက်နှာတွေကိုလည်း သူတို့ ကျက်မိတာပဲ။ ကျနော်က မနက် ၉ နာရီကနေ ညနေ ၄ နာရီထိ အဲဒီရုံးမှာရှိပြီး အားလုံးကို အစအဆုံး မြင်တွေ့ခဲ့ရတဲ့ သူပါ။ ဒီနေ့ ရုံးကိုလာတာ မီဒီယာသမားတွေချည်း ပါပဲ။

အန်တီ့လူတွေ လုပ်ပုံနဲ့ အန်တီ့ကိုတော့ ထိခိုက်တော့မှာပဲ။

အန်တီ့ လုံခြုံရေးကို သူတို့ စိုးရိမ်သလို ကျနော် တို့လည်း စိုးရိမ်ကြတာပဲ။ သူတို့ ချစ်ခင်သလို ကျနော်တို့လည်း ချစ်ခင်ကြတာပါပဲ။ ဒီမိုကရေစီလို့ ပြောနေတဲ့ နိုင်ငံရေးသမားတွေ ပါးစပ်က တကယ့် ဒီမိုကရေစီကို မတွေ့ရသလိုပဲ ခံစားလိုက်ရတယ်။ သူတို့ တကယ်ကော ဒီမိုကရေစီကို နားလည်ရဲ့လားလို့လည်း သံသယ၀င်မိပါတယ်။

ဒီစာတွေကိုတော့ အန်တီဖတ်မိ စေချင်ပါသေးတယ်။ ကျနော်လည်း စိတ်ထဲရှိတာတွေ အကုန်ပြောလိုက်ရလို့လား မသိဘူး နည်းနည်းတော့ ပေါ့သွားတယ်။

အခြား ဆက်စပ် သတင်းများ

(၁) ဆွေးနွေးပွဲ ရလဒ်
(၂) ပြောစရာတွေတော့ ဖြစ်ကုန်ပြီ



Myanmar Express

22 comments:

ဟားဟား.. ကြိုက်တယ်ဗျိုး။ (ဦး) ငါးမင်းဆွေ ကိုတော့ တကယ် လေးစားသွားပြီ။ အဲလိုလူမျိုးတွေ များများလိုတယ်ဗျ။ ခုက အမုန်းခံရမှာ ကြောက်ပြီး မကောင်းမှန်းသိပေမယ့် မပြောရဲကြဘူး ဖြစ်နေတယ်။ ဟိုဘက်လဲ မပါ၊ ဒီဘက်လဲ မပါတဲ့ တကယ့် သမာသမတ်ရှိတဲ့ ဝေဖန်မယ့်သူတွေ တိုင်းပြည်မှာ တကယ်ကို လိုအပ်ပါတယ်။ ငါးမင်းဆွေကို အခု ကိစ္စမှာ အကြွင်းမဲ့ ထောက်ခံပါတယ်။ သူ့ဆောင်းပါး အဟောင်းတွေကိုလဲ ဖြစ်နိုင်ရင် ပြန်လည် မျှဝေပေးစေ ချင်ပါတယ်။

ဟဟဟ ငါးမင်းဆွေတို့ကတော့ အော်လံဖား၊လူ့တိရိစ္ဆာန်၊ လူ့ငနွား လူ့ငဖား အခွင့်ရေးသမား၊နအဖစေခိုင်းသူ၊ နအဖ ဘက်တော်သားလို့ လို့အတင်းတုပ် အစွပ်စွဲခံရဦးတော့မှာပဲ အစိုးရကိုချည်းပဲဝေဖန်တာများလွန်းတော့ ဒီလိုမျိုးဒေါ်စုကိုဝေဖန်သူလေး ပေါ်လာတာကိုဂုဏ်ပြုပါတယ်ဗျို့... အစိုးရကိုချည်းပဲဝေဖန်ပုပ်ချဖို့ချည်း စဉ်းစားနေကြတဲ့သူတွေ ဒေါ်စုကိုဝေဖန်တာကိုလဲ ဒီမိုကရေစီလှုပ်ရှားသူများပီပီ အဝေဖန်ခံနိုင်အောင် ငါဟာဒီမိုကရေစီလုပ်နေတာပါလားလို့ စိတ်နှလုံးလေးသွင်းထားကြစေလိုပါတယ်.. မဟုတ်ရင် ခင်ဗျားတို့က စစ်တပ်ထက်ကိုပိုဆိုးနေပြီ...

ဗိုလ်ချုပ်ပုံကို ဆန်တောင်းလို.ကောင်းတဲ.ပုံလို. ပြောနေတာလား..အဲဒါဆို ဘာနဲ.နှိုင်းနေတာလဲ

This comment has been removed by the author.

ဟဟဟ http://www.demowaiyan.co.cc/2010/11/blog-post_25.html#comment-form မှာရေးထားတာလဲ သွားဖတ်ကြည့်ပါဦးဗျာ.. အခုဒီကရေးတဲ့သတင်းနဲ့ အဲဒီကသတင်းဘယ်ကပိုမှန်လဲဗျာ..
(မြန်မာပြည်သားတစ်ဦး)တစ်ဦးတဲ့ ဟုတ်ကောဟုတ်ရဲ့လားဗျာ.. အတိအကျကိုလိုက်ကြည့်ထားတဲ့ပုံပဲဗျို့.. ဇာတ်လမ်းလေးကတော့အမိုက်သားပဲ.. (အပုပ်ချလိုက်တာ)
(သတင်းကို လာရောက်မှတ်တမ်းယူသော ပြည်တွင်းဂျာနယ်လစ်များ မတွေ့ရတော့ပေ) တဲ့ ဒါဆို ဂျာနယ်လစ်သမားတွေကို NLD ကဆဲလိုက်တာမသိလိုက်ဘူးပေါ့.. ဘယ်ဂျာနယ်တွေပါလဲဆိုတာ (သို့သော် လျှပ်တပြက်ဂျာနယ်မှ ဇေယျာမြတ်ခိုင်နှင့် ၄င်း၏အဖွဲ့သားများကတော့ ဆက်လက်လာရောက် သတင်းယူနေ)တဲ့ (အေပီတို့၊ အေအက်ဖ်ပီ၊ဘီဘီစီနဲ့ အယ်လဂျာဇီးယားလည်း ပါတယ်။ ) အဲဒီမှာကို မှားလားမမှားလား စာဖတ်သူများ သတိထားနိုင်ကြပါစေ..

မင်းဘာကောင်လဲတော့မသိဘူး
သေချာတာကတော့ ဒိလို ဆူပူအောင်လုပ်တာ
ဝါသနာပါတယ် မနာလိုတာကတော့ တိုက်ရိုက်
ပေါ်လွင်တယ် ဘာလို့ဆိုတော့ အမေစုကို
လူတိုင်ချစ်တာသိရက်သားနဲ့ အမေစုကို
မကောင်းတဲ့ ဘလော့ဖွင့်ပြီးရေးတယ် ဆိုတော့
သေချာတာ မင်အမေကတော့ ကြံဖွတ်တွေ
ဆီမှာ ညအိပ် ညစား လုပ်တာသေချာတယ်
မကူညီလျှင် မနှောက်ရှက်ပါနဲ့တဲ့
အဲဒီတော့ မင်သေချာတာကတော့
စိန်နကပ်နဲ့ပါးပြောင်
နာမည်ကြီးချင်ရင် တစ်ခြားနည်းလမ်းရှာစမ်းပါ
ငါသားရေနော် ဒီလိုပြောလို့
မင်းငါ့ကို စိတ်နဲ့ကျိန်ဆဲရင်တောင်
ငါ့သားဘဲအပြစ်ကြီးမှာ ဘာလို့ဆိုတော့
ငါသား အဘပြန်ဆဲရင် ငါသားအမှားပေါ့
ငါသားရေနော်

ငါ့သား စူပါစတားဖြစ်ချင်ရင်
မင်အမေ ကို ရုံးသွင်း
ပိုက်ဆံရှာပြီး ရတဲ့ပိုက်ဆံနဲ့
မင်းသားတင်ပေးမယ် အိုကေ

လုပ်စားကြပါဗျို့။ ကိုယ့်ထမင်းကိုယ်ဝအောင်စားထားကြ။

ငါးမင်းဆွေ ရုပ်ကိုကြည့်ပြီးအားမနာတမ်းပြောရမယ်ဆိုရင် ၀ရမ်းပြေး ထမိန်သူခိုးနဲ့  အပေါစားဖာသယ်မ စပ်ကျထားတဲ့ရုပ်မျိုး ဟား ဟား ဟား ဟား ဟား ဟား ဟား ဟားးးးးးး

(ပညာတတ်၊ ပညာရှိဖြစ်အောင် ကြိုးစားစေချင်ပါသည်။)
ကိုဒေါ်လာစားရေ.. ခင်ဗျားဒေါ်စုကိုဝေဖန်လို့ ပညာတတ်မဟုတ်ဘူးလို့ပြောချင်နေတာဗျို့.. ဟားဟား.. ကျတော့်ကိုလဲအဲလိုပဲပြောတဲ့ ဒီမိုတွေ တစ်ပုံကြီးဗျ.. ဒေါ်စုကောင်းကြောင်းရေးရင်တော့ ခင်ဗျားဟာ လုံးဝဟီးရိုး၊ ပညာရှင်ပညာတတ်ကြီး နေ့ချင်းညချင်းဖြစ်မှာဗျ.. ဒီမိုတွေက ဒီလိုပဲ ပထွေးရဲ့မြောက်စား တာခံနေတာလေ သူတို့လဲ ဒီအကျင့်တွေအတိုင်းပဲ ဘလော့တွေမှာ အချင်းချင်းမြောက်ပင့်ပေးကြတယ်.. တချို့ဆို ဘယ်လိုအတွေးအခေါ်တွေနဲ့ ဘလော့ရေးစားနေလဲမသိဘူး ဦးဏှောက်ကတော့ ချိန်းဘရီးဦးဏှောက်နဲ့... ဟားဟား...
ကျွန်တော်တို့အတွက်တော့ ဒီဘလော့လေးကိုပဲဖတ်နေရတာ..
အရင်ကဆို အင်တာနက်ပေါ်တက်ပြီး နိုင်ငံရေးစာတွေဖတ်ရင် အစိုးရ မကောင်းကြောင်းတွေချည်းပဲ ဒီလိုဘလော့မျိုးလဲရှိသင့်တယ်ဗျို့.. ဗဟုသုတလဲအများကြီးရပါတယ်.. အားပေးလျှက်ပါခင်ဗျာ..။

ငါလုံးမသားတိရိစ္ဆာန်မင်းဆွေ......နိုင်ငံရေးလုပ်စားတယ်ဆိုတာမင်းလိုကောင်မျိုးဘဲ........တက်လာတဲ့အစိုးရ ကိုယ့်အစိုးရဘဲဟုတ်လား......ဘာပြည်သူထဲကပြည်သူလဲ...၈၈တုန်းကပါတိုင်းမင်းကိုလေးစားရမှာလား..ထွီး....ကိုယ့်အတွက်ဘဲကိုယ်ကြည့်တဲ့မင်းလိုနိုင်ငံရေး(လုင်စား)တွေအများကြီးဘဲကြီးပွားနေကြတာ.......မင်းလဲနှစ်၂၀လုံးလုံးဖားလာတာအခုဆိုတော်တော်ကြီးပွားနေလောက်ပြီ.......တော်ရောပေါ့ကွာ......တချို့တွေဆိုဘာမှအသံမထွက်တော့ဘူးငြိမ်သွားကြပြီ.........မင်းလဲသိဖို့ကောင်းပါ ပြီမင်းလဲသေဖို့နီးနေပြီ.........သချိုင်းကုန်းခြေတဖက်နင်းနေပြီ.....သေခါနီးအများအမြင်ကတ်အောင်မလုပ်နဲ့တော့..............အမျိုးမစစ်ကောင်ရဲ့..........

တစ်ချို့ဘုမသိ ဘမသိနဲ့ သူများယောင်တိုင်းလိုက်ယောင်ချင်တာများတယ်
နားမလည် ပါးမလည်နဲ့ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုပိုများနေတယ်
ဒီ website ကိုအားပေးပါတယ်

ဒီမိုကရေစီ ဒီမိုကရေစီ နဲ့ ဘာမှ နကန်းတစ်လုံးမှ မသိဘဲနဲ့ ယောင်ဝါးလိုက်နေတဲ့ သူတွေ အများကြီးပါ.....ကျုပ်တို့ မြန်မာလူမျိုးတွေရဲ့ အကျင့်က သူများယောင်ရင်လိုက်ယောင်တတ်တာပဲ .....တစ်ကယ်တမ်းကျ လေရူ လမ်းလျှောက်ပီး တောင်မြောက်တောင် ကွဲကြတာမဟုတ်ဘူး.....ဂယောင်တွေများတယ်ဗျာ.....ဒီမိုကရေစီဆိုတာလည်းဟုတ်တိပါတ်တိ မသိ သူများစ်ီဆို လိုက်စီတာ သူများဆန္ဒပြ လိုက်ယောင်လိုက်တာပဲ .....ကိုယ့်အလုပ်ကို ကိုယ်မလုပ်ပဲနဲ့ လိုက်ယောင်ကြတာလေ.....ပီးရင် ရမ်းလိုက်ချင်သေးတာ ဒင်းတို့ က ဟိုဟာ ရိုက်ခွဲရတာနဲ့ ဟိုအဆောက်အဦးဖျက် ရတာနဲ့ ...လူက အနူ စားချင်တာက တူနဲ့ .....ကိုယ့် အလုပ်ကျတော့ နေ့ တွက်ကလေးများကိုက်ပလားဆို ခေါ်တောင်မရဘူးဗျား ဖဲ၇ိုက်ရတာနဲ့ ဘောလုံးပွဲပြေးရတာနဲ့ ပီး၇င်တော့ ပြောကြပီ ဆင်းရဲသားနင်းပြားတွေပါ ဘာညာ ငတ်ကုန်ပါပီ အိုးးးး စုံလို့ ပဲ ...အလုပ်ကြတော့ လက်ကျောမတင်းကြဘူး....ကျုပ်လည်းမြန်မာပဲ ....ကိုယ့် လူမျိုးအကြောင်းကိုယ် အသိဆုံးပဲ....ဂယောင်တွေလျောက်လုပ်ကြမယ့် အစား ဘာမှနကန်းတစ်လုံးတောင်မသိတဲ့ နိုင်ငံရေးအော်နေမယ့် အစား ကိုယ့် အလုပ်ကို ပိုကြိုးစားတာက မင်္ဂလာတရားတော်နဲ့ လည်းညီတယ်....မိသားစုလည်း ထမင်းဝမယ်...ခုက...ဟုတ်ချေဘူး...သူများမေစုဆို မေစုလိုက်တာ....သူများက အကျဉ်းသားလွတ်ပေးဆို လိုက်ယောင်လိုက်တာပဲ ဘာသိလည်းမေးတော့....ဘာာာာာမှ မသိဘူး....ကိုယ့် နိုင်ငံဘယ်နားရှိမှန်းတောင်မသိ..တိုင်းရင်းသားမျိုးနွယ် ဘယ်လောက်ရှိမှန်းမသိ...ရုပ်စွအဆုံး ကိုယ့်အိမ်ထောင်လေးတောင်မှ တည့်တည့် မတ်မတ်မတည်နိုင်ပဲနဲ့ ထမင်းဝအောင်လက်ကြောတင်းတင်းနဲ့ ရှာကျွေးနိုင်ပါရဲ့ ဘာမှ မည်မည်ရရ ဦးတည်ချက်မရှိတဲ့ ကောင်တွေက လောာာာာာလို့ အော်လိုက်ကြတာ .....နိုင်ငံရေးဆိုတာချည်းပဲ ....အဲလို့ အော်နေကြမယ့် အစား...မင်းတို့ ဒေါ်စုကြီ်းအနားမှာ ကိုယ်ရံတော်ကြီး(ခပ်ကြောင်ကြောင်)လုပ်နေမယ့် အစား အိမ်ပြန်ပီးမိန်းမနဲ့ ကွေးနေလိုက်တာမှ မင်းတို့ အိမ်ထောင်ရေးလေး သာယာနိုင်ပါသေးတယ်........အဓိကက ကိုယ်ဘာမှမသိဘဲနဲ့ လိုက်မယောင်မိကြပါနဲ့ .....ကျန်သေးတယ်......ပြောချင်တာတွေ များနေလို့ ...ဟူးးးးးးးးးးးး

ဝေဖန်းထားတာမဆိုးပါဘူး။ အဲလိုဝေဖန်ပေးတော့ပြင်စရာရှိပြင်လို့ရတာပေါ့။ ဒါမှလဲရှေဆက်တို့နိုင်ငံကောင်းလာမှာပေါ့။ ဆဲဆိုနေစရာမိုက်ရိုင်းနေစရာမလိုပါဘူး။တယူသန်တဲ့စိတ်တွေဖျောက် ကြစေချင်တယ်။ရေသာခို အချောင်လိုက် သူများယောင်တိုင်းလိုက်ယောင်တဲ့သူတော်တော်များပါတယ် ကြိုးစာတဲ့သူလဲမရှိဘူးမဟုတ်ပါဘူး ရှိပါတယ် ဒါပေမယ့် ယှဉ်လိုက်ရင်တော့တော်တော်နည်းတယ် စိတ်ဓာတ်လေးတွေ တဖြည်းဖြည်း မြင့်နိုင်ကြပါစေ...အဓိက စိတ်ဓာတ်တွေကောင်းလာရင်နိုင်ငံကတဖြည်းဖြည်း ကောင်းလာမှာပဲ နိုင်ငံအတွက်ရင်လေးမိတာတော့အမှန်ပဲ အားလုံးလွတ်လွတ်လပ်လပ် အေးအေးဆေးဆေးဆွေးနွေးကြပါ လူတိုင်းနိုင်ငံအတွက် တိုးတတ်အောင်လုပ်နိုင်ကြပါစေဗျာ ...

အင်းးး ရိုင်းနဲ.လေအမေစု ထိတော...နာကြတယ်နအဖ ထိတော..ဆဲတဲ.ကောင်တွေနည်းတယ်နော်ဒါကိုကြည်.ခြင်းအားရင် အမေစုဘက်က လိုက်နေတဲ.. ငမိုက်သားတွေက အော်ပညာမဲ.တွေဘဲလားးဆိုတာ ကျွန်မသုံးသပ်မိတယ် စင်ကာမှာကျောင်းတက်နေတာပါ ကျွန်မ ကြာလေကြာလေ အမေစု လုပ်တာနဲ...၈၈ က ဟိုလေမင်းကိုနိုင်တို.ကို နားမလည်ဆုံးဘဲ သိလားးး သူတို.ရည်ရွယ်ချက်တွေကိုသေချာမသိဘူးနော် ခေါင်းဆောင်လုပ်နေပြီး ပြီးတော...လေ စကားလည်းသိပ်မပြောတတ်သလိုဘဲနော် ပြောလိုက်ရင် နိုင်ငံတော် မကောင်းချည်းဘဲ ဒါကြောင်.တခွန်းတော.ပြောလိုက်ချင်ပါတယ် သူကကော နိုင်ငံတော် ကြီးကောင်းဖို.... ဘာတွေလုပ်နေပြီလဲလို.. တခုထပ်ပြောချင်သေးတယ်ရှင် ပြည်သူ ပြည်သူ အတွက်ဆိုပြီးးး အဲစကားတွေ မသုံးပါနဲ..လို. ကျွန်မတို. ထမင်းဝနေပါ့ပြီလို. အခုလိုလေးဘဲ အေးအေး ချမ်းချမ်း နေရပါစေလို.... ပြောလိုက်ချင်ပါတယ် ဘယ်သူမှ ဘက်မလိုက်ပါဘူးးး မြန်မာနိုင်ငံသားး စစ်ပါ အမှားတွေများလို. ၀င်ပြောသင်.တယ် ထင်လို.ပါ အမှားပါရင် ခွင်.လွတ်ပါ

လီးလား သဘာဝလူသား..ကို့အမေကိုတော့ ကျေးဇူးဆပ်မယ်မရှိဘူး..သူများအမေစုတိုင်း လိုက်စု..မင်းအဖေနဲ့ ပေးစားထားလို့လား

ငါး မင်းဆွေရဲ့ ရုပ်က မင်းတို့ပြောသလိုဆိုရင် မင်းအဖေရဲ့ ရုပ်ကိုလဲအိမ်ရောက်ရင် ပြန်ကြည့်ကြပါဦး..

he would like now to change the side so he performs as a actor by throw away his dignity.
awwwww.... life life life.....

ကျွန် တော် ရပ် ကွက် မှာ လည်း NLD အ ဖွဲ့ ဝင်
တိုင်း ဟာ လူ ကြီး ပြုတ်နဲ့ လူ ကြီး လုပ် ချင် တဲ့ သူ
နေ ရာ တ ကာ စောင့် ကြွား စောင့် ကြွား လုပ် ချင် တဲ့သူတွေပါ။

ဒေါ်စု ကိုတိုက်ဖို့ မင်းလို ငအူ ငအ ကို စစ် အစိုးရက လစာပေးစရာ မလိုပဲ ရခဲ့တယ် ခု အချိန် မှာ င အူ မင်းဆွေ မင်းကို ခုအစိုးရက အသုံးချလို့ အဆင်မပြေ ဘူး မင်းလဲနေရာ ပျောက်နေ ပြီ ယခင် စစ် အစိုးရ မကောင်းတဲ့ အရာတွေ ခု အစိုးရ မကောင်းတဲ့ အရာတွေ မင်းမရေးရဲ ဘူး ..သိပုံလဲ မရဘူး ..ခုတော့ အားကိုးမဲ့ ပြီး အရူးချီးပန်းလျှောက် လုပ်နေရပြီ ...မင်းနောင်တရသင့်ပြီ...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်