Subscribe to our RSS Feed

ဘူပိတ်နေသူများ

ပြည်ပရောက် အတိုက်အခံများ

အရင်တုန်းကတော့ အစိုးရလုပ်သမျှ၊ နိုင်ငံတွင်းမှာ ဖြစ်သမျှ ကန့်ကွက်ပွဲလုပ်နေကြသော ပြည်ပရောက် ဒေါ်လာစား အတိုက်အခံများရဲ့ စီးပွားရေးကို ဒုတ်နဲ့ ထိုးချလိုက်သူကတော့ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။ ခုဆိုရင် ပြည်ပရောက် ဒေါ်လာစား အတိုက်အခံအားလုံး ဘာလုပ်ပြလို့ လုပ်ပြရမှန်းမသိတော့ပါဘူး။

အရင်တုန်းက ဆန္ဒပြပွဲဓာတ်ပုံတွေတင်ပြီး အလုပ်ဖြစ်နေတဲ့ ဒေါ်လာစားအတိုက်အခံများနဲ့ ကိုယ့်ထမင်းကိုယ်စား အတိုက်အခံတွေကတော့ ခုဆိုရင် နေ့စဉ်နှင့်အမျှ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို ထွက်လာသမျှ အကုန်တင်နေကြပါပြီ။ မြန်မာ့အရေးထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးကို ပိုစိတ်ဝင်စားသော အတိုက်အခံအားပေး စာဖတ်သူများကလည်း သောင်းသောင်းဖျဖျ ကွန်းမန့်တွေ ပေးနေကြပါတယ်။

ဂျပန်ရောက် အတိုက်အခံများကတော့ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး စားနေတဲ့ ထမင်းလုပ်များအတွက် သူများငြိုငြင်မခံရဖို့ ဆန္ဒပြပွဲ တစ်ခု ဟန်ပြ လုပ်ခဲ့ကြပါတယ်။ ခုချိန်မှာ မြန်မာ့အရေးကို ကန့်ကွက်ပါက ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်သလို ဖြစ်မည်ကိုလည်း သတိထားရပြန်ပါတယ်။ ဒီတော့ အရင်တုန်းက ကန့်ကွက်ပွဲတွေရဲ့ ဆန့်ကျင်ဖက် ဖြစ်တဲ့ ထောက်ခံပွဲ ကို လုပ်ရတော့တာပါပဲ။

ဆန္ဒပြသူက တစ်ယောက် ဓာတ်ပုံရိုက်သူက (၅) ယောက်

တော်ပြီကွာ ဖွန်ကြောင်တာပဲ ကောင်းတယ်

ပါတီဝင်များ

နောက်ထပ် ဘူပိတ်နေသူတွေကတော့ ပြည်တွင်းက ရွေးကောက်ပွဲဝင် ပါတီတွေပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရွေးကောက်ပွဲ ဝင်တာက အဆိုးလို့ လက်ခံသတိပေးထားလျှက်နဲ့ ဆန့်ကျင်ဖက် အမြင်များနဲ့ ဝင်ခဲ့တာကြောင့် ခုချိန်မှာ လုပ်ရကိုင်ရ တော်တော်ခက်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို ဆန့်ကျင်ပြီး လုပ်ရင်လည်း အနောက် အုပ်စုနိုင်ငံများနဲ့ အဆင်မပြေ ဖြစ်ရပါအုံးမယ်။ ရွေးကောက်ပွဲက ပြီးသွားပြီမို့ ပြန်ထွက်လို့ကလည်း မရနိုင်နဲ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပွဲ တစ်ခုလုပ်ခဲ့ပေမယ့် သဘောထားချင်း မတိုက်ဆိုင်တာတွေ သိပ်များနေတော့ ထင်တိုင်း မပေါက်ခဲ့ပြန်ပါဘူး။ အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး ထောက်ပြခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က လက်မခံခဲ့ပဲ ဒုတိယ ပင်လုံညီလာခံခေါ် လွတ်လပ်ရေးမရခင် တုန်းက အခြေအနေကိုပဲ ပြန်သွားချင်နေတော့ ရှေ့ကို မရောက်နိုင်ပဲ ဖြစ်နေပါတယ်။ NDF ပါတီက ဒီကြားထဲ ပါတီထဲမှာလူ ၁၀၀ တောင် မပြည့်သေးတာတောင် သဘောထားတွေက ကွဲပြီး ဖြုတ်ထုတ်သတ်တွေ လုပ်နေရပါသေးတယ်။ လူ ၁၀၀ မပြည့်တဲ့ ပါတီတစ်ခုကိုတောင် တည်ငြိမ်အောင် မထိန်းနိုင်တဲ့ ပါတီခေါင်းဆောင်များက နိုင်ငံတော် သမ္မတ မလုပ်ရတော့လို့ ရွေးကောက်ပွဲမှာ မဲခိုးတယ်လို့ စွပ်စွဲပြန်ပါတယ်။

NDFမှ ထုတ်ပယ်ခြင်း ဦးသိန်းညွန့် ရှင်းလင်းစဉ်

ကျားဖြူပါတီကတော့ အအာင်မြင်ဆုံးပါတီလည်းဖြစ်နေတော့ ရွေးကောက်ပွဲနိုင် ရှမ်းအမတ်တွေနဲ့ ရှမ်းပြည်နယ်ကို ကိုယ့်ပြည်နယ် ကိုယ့်အုပ်ချုပ်ရေး လုပ်ဖို့ စီစဉ်နေပါပြီ။ တစ်ဖက်မှာလည်း မြန်မာပြည်သူအားလုံး လေးစားတဲ့ ဗိုလ်ချုပ် ရဲ့ သမီးဖြစ်နေတာရယ်၊ အနောက်အုပ်စုက ထောက်ခံတာတွေရယ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကြိုဆိုနေရပြန်ပါတယ်။


ပင်လုံညီလာခံကို ကန့်ကွက်သူ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေ

ဒေါ်အောင်ဆန်းစုကြည်


နောက်ထပ် ဘူပိတ်နေသူ တစ်ယောက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပါပဲ။ ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အဖြစ်စေချင်ဆုံးက ဒုတိယ ပင်လုံညီလာခံဆိုတာထက် ဒုတိယ ရှစ်လေးလုံး အရေးအခင်းပါ။ ဘာကြောင့်လဲ ဆိုတော့ တိုင်းပြည်ပျက်နေချိန်ဟာ ကောဇောအိတ်သမားတို့အတွက် စီးပွားရှာဖို့ အကောင်းဆုံးအချိန် ဖြစ်သလို အစိုးရဆန့်ကျင်သူတို့အတွက် လူထုထောက်ခံမှု အလွယ်ကူဆုံး ရနိုင်တဲ့ အခြေအနေဖြစ်နေလို့ပါ။ ၈၈ တုန်းကလို နိုင်ငံရေး ဆူပူမှုဖြစ်မှာ သူမ ကိုယ်တိုင်လည်း နိုင်ငံရေး နားလည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေ အစိုးရမကောင်းတဲ့ အတင်းလေးတွေကို မိန့်ခွန်းတွေမှာညှပ်ပြီး စကားပြောကောင်းရုံနဲ့ လွယ်လွယ်နဲ့ အာဏာရနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ခုအနေအထားက ဘာမှမသိပဲ ဝင်လုပ်လို့ စကားပြောကောင်းရုံနဲ့ ဝင်ဆံ့နိုင်တဲ့ နိုင်ငံရေးအခြေအနေ မဟုတ်တော့ပါဘူး။ လူထုထောက်ခံမှု ရှိတယ်ဆိုပေမယ့်လည်း ကိုရီးယား မင်းသား ဂျူမုံလောက်တောင် လာရောက်တွေ့ဆုံအားပေးသူမရှိလို့ အိပ်မပျော်ဖြစ်နေရပါတယ်။ ဒီကြားထဲ ငါးမင်းဆွေ က ထောက်ပြသွားတာတွေကြောင့် စိတ်ညစ်ရပါသေးတယ်။

ငါးမင်းဆွေ

နောက်တစ်ခုက ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ထက်ထက် နိုင်ငံရေး ပိုနားလည်တဲ့ ပါတီခေါင်းဆောင်တွေလည်း ရှိနေတော့ ဘယ်ကစပြီး ဘယ်လိုလုပ်ရမယ်ဆိုတာ တော်တော် အကြပ်ရိုက်စေပါတယ်။ ဒါကြောင့် သူများယောင်လို့ လိုက်ယောင်ပြီး သူများ ပင်လုံလို့ လိုက်ပင်လုံလိုက်ရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ဒါပေမယ့် ပင်လုံညီလာခံလုပ်ဖို့ကို ဦးသုဝေ က ကန့်ကွက်နေတော့ မပင်လုံနိုင်တော့ပြန်ပါဘူး။ ဒါပေမယ့် သူမ မှာ စကားပြော ကောင်းတာအပြင် အားသာချက် နောက်တစ်ချက် ရှိပါသေးတယ်။ အဲ့ဒါက အနောက်အုပ်စုက ဘုမသိ ဘမသိ အထင်ကြီးခြင်းပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူမအနေနဲ့ ခုချိန်မှာ ဒီတစ်ချက်ကိုပဲ ကောင်းကောင်း အသုံးချဖို့သာ ကျန်ပါတော့တယ်။ ဒါကြောင့် ကိုယ်စားလှယ်တို့လာချိန်မှာ မျက်နှာကို အတက်နိုင်ဆုံးပြုံးပြီး ပြေးဖက်ရတော့တာပါပဲ (ဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်) ။ ဘာပဲဖြစ်ဖြစ် နောက်ထပ် ထောက်ခံမှုတွေရမှာတော့ သေချာပါတယ်။

အားကိုးစရာ သူတို့ပဲ ကျန်တော့တယ်



Myanmar Express

1 comments:

ခင်ဗျားကို တော့ သဘောကျ သွားပြီး။
ချချ ကောင်းတယ်။
လူတွေ က နိုင်ငံရေး ပြောပြီး အမြင်မရှိကျဘူး။
ဒီကုလား မကိုဘဲ မှန်တယ်ထင်နေကျတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်