Subscribe to our RSS Feed
ဘယ်သူ ဘာလဲ ? ဘယ်လဲ ?
ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုများ သာဓကတွေကြောင့် လူအနည်းစုက အမှတ်ပေးလိုက်လဲဆိုတာကို ခေါင်းရှုပ်ခံပြီး စဉ်းစားစရာ မလိုပါဘူး။ အဓိကကတော့ ပုဂ္ဂိုလ်ရေး ကြောင့်ပါ။ လုပ်ရည်ကိုင်ရည်နဲ့ သမိုင်းတစ်ခုမှ မပါပါဘူး။ ပုဂ္ဂိုလ်ရေးဆိုတာကလည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကို အလွန့်အလွန်မှာ လေးစား ချစ်ခင်ခြင်းတွေကြောင့်ပါ။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးသက်သက်နဲ့ တော့ နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်ဖို့ မဖြစ်နိုင်ပါဘူး။ နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေးရောရင် အကုန်ဒုက္ခလှလှရောက်သွားပါလိမ့်မယ်။ ဒေါ်စုအနေနဲ့ကလည်း နိုင်ငံရေးလောကထဲ စ ဝင်ချိန်ကနေ ခုချိန်ထိ ဘာတစ်ခုမှ လုပ်မပြရသေးပါဘူး။ ထောက်ခံတဲ့လူတွေရဲ့ ကြေငြာချက်တွေနဲ့ အင်တာဗျူးတွေမှာလဲ ဒေါ်စု လုပ်နိုင်မယ်လို့ထင်ပါတယ်၊ လုပ်နိုင်မယ်လို့ ယုံပါတယ် လို့ပဲ ပါတာပါ။ သေချာပေါက်လုပ်ခဲ့ဖူးတယ်။ ဘယ်တုန်းက ဘယ်လိုလုပ်လိုက်လို့ မြန်မာနိုင်ငံကြီး အေးချမ်းတည်ငြိမ်ပြီး သာယာဝပြောသွားတယ်ဆိုတယ်လို့ ထည့်မပြောပါဘူး။ ထည့်ပြောရအောင်လည်း တစ်ချက်မှ မရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည်
ဒေါ်စုက ပြည်သူတွေကို စကားပြောချိန်မှာ ""ဖေဖေ ပြောဖူးတယ်...."" ဆိုပြီး စကားခံခံပြီး ပြောတတ်ပါတယ်။ ဒေါ်စုအနေနဲ့ ခုမှ ဗိုလ်ချုပ်ရဲ့က စကားတွေနဲ့ လုပ်စားနေတာလဲ။ အဖေ့အရှိန်အဝါနဲ့ ဗန်းပြနေလဲဆိုတာ စဉ်းစားရခတ်ပါတယ်။ ဒီနာမည်နဲ့လုပ်စားမှ လူထုထောက်ခံမှု ရမယ်လို့ စိတ်ကူးမိလို့လည်း ဖြစ်ပါလိမ့်မယ်။ ဒေါ်စုအနေနဲ့ ခုမှ ထပြီး နိုင်ငံရေး ဝင်လုပ်တာက နိုင်ငံကို ဖျက်ဆီးချင်လို့လား၊ သူနဲ့ သူ့အမေတို့ကို နေရာမပေးတဲ့ အစိုးရကို လက်တုန့်ပြန်ချင်လို့လား၊ အာဏာမက်လို့လား။ တစ်ခုခုတော့ ဖြစ်ပါလိမ့်မယ်၊ သုံးခုလုံးလည်း ဖြစ်နိုင်ပါတယ်။ ဗိုလ်ချုပ် က ဒေါ်စု (၂) နှစ်သမီးမှာ ကျဆုံးခဲ့ပါတယ်။ အဲ့ဒီချိန်တုန်းက ဒေါ်စုအနေနဲ့ အဖေ တောင် ကောင်းကောင်း မခေါ်တတ်သေးပါဘူး။ ခုချိန်မှာတော့ ”ဖေဖေကပြောတယ်... နိုင်ငံရေးက လူတိုင်းနဲ့ ဆိုင်တယ်တဲ့....” ဆိုတဲ့ စကားကို တွင်တွင်ကျယ်ကျယ်ကို သုံးပြီး ထောက်ခံမှုယူနေပါတယ်။
ဒေါ်စု ၁၄ နှစ်အရွယ်ကစပြီး နယူးဒေလီမှာ ကျောင်းတက်ခဲ့ပါတယ်။ ၁၉ နှစ် အရွယ်မှာတော့ မြန်မာနိုင်ငံကို နှစ် ၁၀၀ ကျော် ကျွန်ပြုခဲ့ပြီး ဖခင်ဗိုလ်ချုပ်တို့ အသက်၊ သွေး၊ ချွေး ပေးဆပ်တိုက်ခိုက်ခဲ့ရတဲ့ ဗြိတိသျှတို့နေထိုင်ရာ အင်္ဂလန်မှာ ကျောင်းဆက်တက်ခဲ့ပါတယ်။ တည်ငြိမ် ရင့်ကျက်နေချိန်ဖြစ်သော အသက် ၂၇ နှစ် အရွယ်ရောက်သိတိုင် ဆင်ခြင်မဲ့စွာနဲ့ မနေနိုင်မထိုင်နိုင် မျက်နှာဖြူ မိုက်ကယ်အဲရစ် ကို လက်ထပ်ခဲ့ပါတယ်။ အသက် ၂၇ နှစ်ဆိုတာ လူကြီးတစ်ယောက်လို့ ပြောလို့မရပေမယ့် ဝေဖန်ပိုင်းခြားမှုအဆင့်တော့ မြင့်မားသင့်ပါပြီ။ အဲ့ဒီချိန်ထိ ဒေါ်စု ဘာနိုင်ငံရေးမှ မလုပ်ခဲ့ပါဘူး။ ကိုယ့် အတ္တ၊ ကိုယ့်ဆန္ဒနဲ့ တဏှာ က လွဲပြီး ဘာကိုမှ ဦးစားမပေးခဲ့ပါဘူး။ အဲ့လိုနဲ့ပဲ ယောင်္ကျားယူပြီး ၂ နှစ်မှာ ခလေး တစ်ယောက် စပြီး ရတော့တာပါပဲ။ အဲ့ဒီနောက် ၂ နှစ်မှာ နောက်တစ်ယောက်။ နိုင်ငံရေး လုပ်ဖို့ အစီစဉ်ရှိတယ်၊ နိုင်ငံရေးကို နားလည်တယ်ဆိုရင် အဲ့ဒီချိန်ကတည်းက အပျိုကြီး လုပ်လို့ရပါသေးတယ်။ နိုင်ငံခြားသားကို မယူချင်လို့ အပျိုကြီးလုပ်နေတဲ့ မြန်မာအမျိုးသမီးတွေ တစ်ပုံကြီးရှိပါတယ်။ လုံးဝ ယောင်္ကျားမယူပဲ မနေနိုင်လို့ ယူမယ်ပဲထားအုံး အစ်ကို ဦးအောင်ဆန်းဦး လို မြန်မာ ကိုပဲ ပြန်ယူသင့်ပါတယ်။
အသက် ၄၃ နှစ် ကျော်မှသာ ရင်ဖုံးနဲ့ ထမိန်မချွတ်တာ အရင်ကတော့ မြန်မာနိုင်ငံမှာမနေ၊ မြန်မာနိုင်ငံသားမခံ၊ မြန်မာလိုဝတ်၊ မြန်မာ့မြေမလာ၊ မြန်မာလိုမနေ၊ မြန်မာလိုမစား၊ မြန်မာယောင်္ကျားမဟုတ်သူနဲ့ နှပါးသွား
ဒေါ်စု အသက် ၄၃ နှစ်မှာ မှ မြန်မာနိုင်ငံကို စ ပြီး ပြန်လာတာပါ။ ဒါတောင် အမေ နေမကောင်းလို့ပါ။ ဒေါ်ခင်ကြည်သာ ခုချိန်ထိ ကျန်းမာနေပါက ဒေါ်စု တစ်သက်လုံး ပြန်လာမှာမဟုတ်ပါဘူး။ အဲ့ဒီချိန်မှ မြန်မာ့နိုင်ငံရေးကို စပြီး လုပ်ခဲ့ပါတယ်။ နိုင်ငံရေးဆိုတာ လူသားတိုင်းနဲ့ ဆိုင်တယ် ဆိုတဲ့ လူက နိုင်ငံရေးကို ၄၃ နှစ်မှ စလုပ်တာ အံ့သြစရာဖြစ်နေပါတယ်။ အဲ့ဒီထက် အံ့သြောဖို့ကောင်းတာက ၁၉၈၈ ခုနှစ် စက်တင်ဘာကနေ ၁၉၈၉ ဇူလိုင်ထိ ၁၀ လ ပဲ နိုင်ငံရေး လုပ်ရသေးတယ် ငြိမ်းချမ်းရေးနိုဗယ်ဆု ရတာပါပဲ။
ယှဉ်ကြည့်ရင်တော့
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၁၄ နှစ်သမီးအရွယ် နိုင်ငံခြားမှာ ကျောင်းတက်နေချိန်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ စစ်သက် (၇) နှစ်ရှိပြီဖြစ်ပြီး အဲ့ဒီချိန်က တစ်နိုင်ငံလုံးမှာ ဗကပ အပါအဝင် ရောင်စုံသူပုန်များ သောင်းကျန်းနေချိန်ဖြစ်လို့ နေ့သေမလား၊ ညသေမလား မသိပဲ တိုက်ပွဲပေါင်းများစွာ ဆင်နွဲနေချိန်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းတပါးသားကို လက်ထပ်ပြီး ပျော်ပါးနေသည့်နှစ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ ဒုဗိုလ်မှူးကြီး ဘဝနဲ့ တာဝန်ထမ်းဆောင်နေခဲ့ရပြီး နိုင်ငံအတွင်း အဆိုးရွားဆုံးနေရာများစွာကို သွားရောက် ကွပ်ကဲပြီ တိုက်ပွဲဆင်နွဲနေချိန် ဖြစ်သလို သေတွင်းမှလည်း သီသီလေးနဲ့ အကြိမ်ကြိမ်လွတ်ခဲ့ရတဲ့ အချိန်တွေဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အသက် ၄၃ နှစ်အရွယ် မြန်မာနိုင်ငံထဲ ဝင်လာပြီး နိုင်ငံရေးက လူတိုင်းနဲ့ဆိုင်တယ် ပြောကာ နိုင်ငံရေးစလုပ်ဖို့ ပြင်ဆင်တုန်းပဲ ရှိပါသေးတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ ဗိုလ်ချုပ် အဆင့်နဲ့ တစ်နိုင်ငံလုံး နေရာအနှုံ့အပြားမှာ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ နေ့ရောညပါ တိုက်ပွဲပေါင်းများစွာ၊ သူပုန်ပေါင်းများစွာကို တိုက်ခိုက်ချေမှုန်းပြီးချိန် ဖြစ်နေပါပြီ။
အခြေအနေချင်း၊ နိုင်ငံနဲ့ လူမျိုးအပေါ် အလုပ်လုပ်ဆောင်ခဲ့ဖူးခြင်းက မိုးနဲ့မြေလိုကွာခြားပေမယ့်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ လိုက်လျှောညီထွေ အဆင်ပြေအောင် ဆက်ဆံခဲ့ပြီး ရင်ဘောင်တန်းထိုင်ခါ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါသေးတယ်။
ရောလို့ ပေါသွားတာလား
သို့ပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်မှာ မူလသန္ဓေအတိုင်း အလျှင်းသင့်လျှင် သင့်သလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အစိုးရအဖွဲ့ကို စောင်း၍တစ်မျိုး၊ ရွဲ၍တစ်မျိုး၊ တည့်တည့်တမျိုး နဲ့ အစိုးရမကောင်းပြောရင်း ပြည်သူတွေရဲ့ ထောက်ခံမှုကို ယူခဲ့ပါတယ်။ ပြစ်မှုတွေကြောင့် အကြိမ်ကြိမ်အပြစ်ခံရသော်လည်း အမှတ်သည်းချေမရှိ ခုထိမိုက်လို့ကောင်းတုန်း ကြီးမိုက်ကြီးဖြစ်နေပါပြီ။ ဘာပဲဖြစ်ဖြစ် ဒေါ်စုအနေနဲ့ ကိုယ့်ထက် အသက်ရော၊ ဝါရော၊ အတွေ့အကြုံရော မြင့်မားနေတဲ့၊ မွေးကတည်းက ပြည်သူကြားမှာနေပြီး အသက်ငယ်ငယ်နဲ့ ပြည်သူကို အလုပ်ကျွေးပြုခဲ့ဖူးတဲ့ အစိုးရအဖွဲ့ဝင်လူကြီးတွေကို ကျော်ဖို့မပြောနဲ့ ယှဉ်ဖို့တောင် မဖြစ်နိုင်ပါဘူး။ အခုနောက်ပိုင်း အရှေ့တောင်အာရှမှာ တစ်ကျောင်းတည်း ရှိပြီး ငယ်ရွယ်ပြီး ထက်မြတ်တဲ့ ကျောင်းဆင်းတွေ မွေးထုတ်ပေးတဲ့ DSA မှာ ဆင်း အရာရှိကြီးတွေဆိုရင် နှိုင်းယှဉ်ဖို့ ပိုခက်ပါလိမ့်မယ်။ ဒီတော့ ဒေါ်စုက ဘာလဲ??? လက်ရှိအစိုးရက ဘာလဲ??? ဆိုတာ ဒီလောက်ဆို ဝေဖန်ပိုင်းခြားနိုင်လောက်ပါပြီ။ အခြေခံပညာတန်း တက်ချိန် ခလေး ဘဝ မှာ မြန်မာနိုင်ငံထဲမှာ ၁၄ နှစ်နေခဲ့တယ်။ နိုင်ငံခြားမှာ နှစ် ၃၀ နေခဲ့တယ်။ အကျယ်ချုပ်ထဲမှာ ၁၅ နှစ်၊ မြန်လူထုခြားမှာ ၆ နှစ် ပဲ နေခဲ့ဖူးတဲ့ လူတစ်ယောက်က လူထုနဲ့ နိုင်ငံတော်ကို ဘယ်လို နားလည်ပေးနိုင်မလဲ??? ဘယ်လိုအကျိုးပြုအောင်လုပ်နိုင်မလဲ??? ဘာအတွေ့အကြုံတွေနဲ့ သင်ခန်းစာပေးမှာလဲ????? မှန်ကန်စွာ စဉ်းစားဆုံးဖြတ်နိုင်ကြပါစေ....။
Myanmar Express
23 comments:
ှဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ. တပ်မတော်သား ဖြစ်ခဲ့စဉ်ကာလတုံးက လုပ်ဆောင်ချက်တွေနှင့် အသာစီးရအောင်ရေးထားပေမယ်.၊ သူနှင့် သူနောက်လိုက်နောက်ပါ တစ်သိုက်ရဲ. အတွေးအခေါ် အမျှော်အမြင် မရှိတဲ့ ပေါ်လစီရေးရာ အုပ်ချုပ်မှုတွေနှင့်၊ ကိုယ့်ဘက်ကိုယ်ယက် လုပ်ရပ်တွေကြောင့် ဗမာပြည်ကြီးရဲ့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး နှင့် ကုန်ထုတ်လုပ်မှု စတဲ့ အဓိကအကျဆုံး ကန္ဏတွေ အားလုံး နှိမ့်ကျ နေရတာကိုတော့ လစ်လျူရှုထားလို.မရပါဘူး။
မှန်လိုက်တာနော်။။။ အလွန်ကိုထောက်ခံသင့်ပါတယ်။
ဒါပေမယ့် မရှင်းတာ မသိတာလေးမေးပါရစေ။ ၁၉၈၈ ခုနှစ်တုန်းက ပြည်သူပိုင်စက်ရုံတွေအလုပ်ရုံတွေကို မီးရှို့ ဖျက်ဆီး ၊ နိုင်ငံတော်တိုးတက်ရေး ဆုတ်ယုတ်အောင်လုပ်ခဲ့ တာတွေ၊ နိုင်ငံတော်ရဲနယ်စပ်ဒေသ ဖွံ့ ဖြိုးရေး လုပ်ဆောင်မှုတွေမှာ နှောင့်ယှက်ဖျက်ဆီးတာတွေ ၊ အေးချမ်းတဲ့ ဒေသတွေမှာ လူထုအဓိကရုဏ်း လုပ်တာတွေ ၊ မြန်မာပြည် က စာသင်ပြီး မြန်မာပြည်မှာအလုပ်အကျွေးမပြုဘဲ နိုင်ငံခြားမှာ ကိုယ်ကျိုးအတွက်အသုံးချပြီးနေတာတွေ၊ အမိမြေအတွက် အုတ်တချပ် သဲတပွင့် မလုပ်ဘဲနဲ့  ငြောင့်တချောင်း ခလုတ်တခု ဖြစ်နေတာတွေ ။။ ဒါတွေကရော...... စစ်အစိုးရနဲ့  တပ်မတော်က လူတွေလုပ်တာဘဲလားးးးး ၊၊၊၊၊၊၊၊
၁၉၄၈ လွတ်လပ်ရေးရပြီးစ အချိန်က စပြီး လက်ရှိအချိန်အထိ ရောင်စုံသောင်းကျန်းသူပေါင်းစုံကို တိုက်ခိုက်ပြီး အေးချမ်းလာတဲ့ နိုင်ငံတခုဖြစ်အောင်ကြိုးစားလာခဲ့ ကြတာကရော လက်ရှိနိုင်ငံရေးလုပ်နေကြတဲ့  အတိုက်အခံအဖွဲ့ ပေါင်းစုံက ကြိုးစားတိုက်ပွဲ ၀င်ခဲ့ ကြတာလား။။။ သူတို့ ရဲ့ အသက်ပေါင်းများစွာ ခြေလက်အင်္ဂါပေါင်းများစွာ ကို စွန့် လွှတ်ပြီး ရယူခဲ့ ကြတာလားးးး။။။။ လက်ရှိအချိန်မှာရော နိုင်ငံတော်အတွက် အသက်ပေးပါဆိုရင် ခေါင်းမော့ရင်ကော့ပြီး မားမားမတ်မတ် ထွက်ရဲတာ အတိုက်အခံနိုင်ငံရေးအဖွဲ့ ပေါင်းစုံပါလားးး။ ဒါမှမဟုတ်အခြားအဖွဲ့ အစည်းဖြစ်တဲ့  တပ်မတော်ပါလားးး။။။။
မသိလို့ ဖြေပေးပါဦး။။ ။။။။။ ။။။။
Before replying to your questions, I just like to point out that there's no need to be sarcastic. You can just say whether you agree with my comments or not.
When you say, "ဒါပေမယ့် မရှင်းတာ မသိတာလေးမေးပါရစေ။ .....", I don't believe you are really that ignorant or misinformed. I just think you are trying to play a "blame game" by pointing fingers to the people across the country who were involved in uprising against the military rule, and misdirect the focus of the main issues that I was trying to point out.
When you say "နိုင်ငံတော်ရဲနယ်စပ်ဒေသ ဖွံ့ ဖြိုးရေး လုပ်ဆောင်မှုတွေမှာ နှောင့်ယှက်ဖျက်ဆီးတာတွေ", you don't seem to aware of the fact that there has been so many massacres carried out by the Burmese Military on the indigenous people of Burma. There has been many documented incidents where the innocent women were being raped and killed by Burmese soldiers. I would like to answer your question by asking you that "Is it not the Burmese Military who is responsible for all this atrocities?
Now, excuse me for my ignorance in regards to your statement " ၁၉၈၈ ခုနှစ်တုန်းက ပြည်သူပိုင်စက်ရုံတွေအလုပ်ရုံတွေကို မီးရှို့ ဖျက်ဆီး". I was 11 years old at the time and I cannot recall any sort of such reports. Please feel free to point out who carried out those destructions.
And, the statement "အေးချမ်းတဲ့ ဒေသတွေမှာ လူထုအဓိကရုဏ်း လုပ်တာတွေ", I personally believe that those protests were non-violent protests, and they have every right to do so. It was not "anarchy" in anyway. Again, please feel free to enlighten me on this.
For the statement "မြန်မာပြည် က စာသင်ပြီး မြန်မာပြည်မှာအလုပ်အကျွေးမပြုဘဲ နိုင်ငံခြားမှာ ကိုယ်ကျိုးအတွက်အသုံးချပြီးနေတာတွေ၊ အမိမြေအတွက် အုတ်တချပ် သဲတပွင့် မလုပ်ဘဲနဲ့  ငြောင့်တချောင်း ခလုတ်တခု ဖြစ်နေတာတွေ ။", I just like to say that every individual is free to pursue his/hers desired profession and can choose to live in any part of the world.
And the idea that one who grew up in Burma needs to "serve" Burma (တိုင်းပြည်ကိုအလုပ်အကျွေးပြု), is lacking in the aspect that "the one who serves his/hers country needs to be rewarded". Can you point me out how developed our country's economy is to remunerate all public servants with minimum monthly salary of $2000, or say 2000000 Kyats? Our country's monetary value is so inflated that the monthly expenditures are not covered by their monthly salary, the public servant of Burma these days have to rely on second source of income called "Bribe". Every governmental institution in Burma is infected with this moral-cancer (probably with the exception of Ministry of Finance and Revenue, OO Pyne Ltd and the Ministry of Defence, who obviously don't need any bribe since they are the one in control of the money received from foreign investors).
I do agree with your statement that the Burmese Military fought against the so-called "ရောင်စုံသောင်းကျန်းသူပေါင်းစုံ". I am also not ignorent of the fact that our country gained independence from the British in 1948 due to many years of fighting and lives sacrificed by the soldiers of the Burmese Army, and I fully respect their involvement and their courage.
The role of the Military should never be given more than what it is formed for, which is only to defend against invasion etc. The top Military officers are only trained for combat and planning military strategy, and if they are not qualified enough, they should never get involved in forming the constitution or any of the administrative role of the country.
My last question to you, "ကိုမျိုးချစ်", is that if you are a government servant? And if so, can you let me know what you think of our country's state of the economy, education and health sectors?
And if you are not a government servant, could you please let me know if you believe that the current Military Regime of Burma is CAPABLE and COMPETENT enough to create policies that could improve our country's social and economic situation.
I apologize for not being abel to reply in Burmese. I cannot type Burmese font without the aid of the keyboard layout. I will try to do that next time.
Michael
michaelkyawlynn@gmail.com
blog ရေးသူရယ်..
လူမျိုးတမျိုးဟာ တခြားလူမျိုးတမျိုးနဲ့ ယူတာ ခများက ဒါကိုအထူးအဆန်းလုပ်ပြီး ဖွဲ့ ရေးလိုက်သေးတယ်နော်။ နောင် နှစ်ပေါင်း၂၀ မှာ မင်းစာတွေပြန်ဖတ်ကြည့်မယ်ဆို ရင် မင်းရဲ့အတွေးအခေါ်က လူရယ်စရာဖြစ်မယ်ဆိုတာ မင်းသိလာလိမ့်မယ်။ ခုတော်မှ တွေးတတ်ရင် မြင်တတ်ရင် ဒါ ...ဘာမှမဟုတ်တော့ဘူး။ အေးလေ..မင်းမြေးမြစ်တွေလည်း...ကြည့်အုံးပေါ့နော်.
"လူကြားကောင်းအောင် အော်နေပုံကတော့ (ဟေ့... မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ သေရမယ်။ ) အဲဒီလိုအော်ခဲ့ အော်နေကြတဲ့ စစ်တပ်ထဲက ဗိုလ်ချုပ်နေ၀င်းသား (ဂျာမန်အမျိုးသမီးလင်) - ဒေါ်ခင်မေသန်းသမီး သော်တာဝင်း- ဗိုလ်ချုပ်စေါမောင်သမီး - ဗိုလ်ချုပ်မောင်အေး တူ/တူမများ - ဗိုလ်ချုပ်ခင်ညွန်.တူမ - ဗိုလ်ချုပ်အေးကို သား- ဗိုလ်ချုပ်ဘသော် သား/သမီးများ- ပြည်ထဲရေးဝန်ကြီးဟောင်း (ဗိုလ်ချုပ်)ကိုကိုရဲ. သားသမီးများ ........စတဲ့-စတဲ့ ဗိုလ်ချုပ်အမျိုးအနွယ်များစွာ (အောင်ဆန်းးဦး+ ဇနီး အပါအ၀င်) .. အမျိုးဖျက်တွေ ပြည်ပနိုင်ငံတွေမှာ နှစ်ပေါင်းများစွာ အခြေချပြီး နိုင်ငံခြားသားအဖြစ် ခံယူထားကြပြီး ပါပြီ ဒေါ်စုတယောက်သာ မိုက်လို. ယူကေနိုင်ငံသူ အဖြစ် မခံယူပဲ မြန်မာပြည်ကို အပြီးအပိုင်ပြန်လာတာ။
မယုံရင် မြန်မာသံရုံး လန်ဒန် ကို မေးကြည့်။
မျိုးချစ် ဆိုသူသို.
(မြန်မာပြည် က စာသင်ပြီး မြန်မာပြည်မှာအလုပ်အကျွေးမပြုဘဲ နိုင်ငံခြားမှာ ကိုယ်ကျိုးအတွက်အသုံးချပြီးနေတာတွေ၊ ဒါတွေကရော...... စစ်အစိုးရနဲ့  တပ်မတော်က လူတွေလုပ်တာဘဲလား).. အထက်က comment ကိုသာ ဖတ်ကြည့်ပေတော့ ဟုတ်ပလား။
(ထမင်းစါးဖိတ် ဓါတ်ပုံ ရိုက်ပြတာကလွဲ လို. နိင်ငံ့အရေး ဘာကမှ မဆွေးနွေးဘူးဆိုတာ ၄င်းထမင်းစါးပွဲ တက်ခဲ့ သူ ဗိုလ်ချုပ်ဟောင်းဦးလွင် ကိုယ်တိုင် ပြောပြထားတယ်) Dialogue Culture စကားပြောဆွေးနွေး စေ့စပ်ညှိနှိုင်းပွဲ ဆိုတာကို မသုံးတတ် သုံးဖို.နားမလည်တဲ့ အရိုင်းအစိုင်း မြန်မာ့တပ်မတော် နဲ့ ယနေ. သတင်းတွေထဲက အီဂျစ်(မူဆလင်)တပ်မတော် နှိုင်းယှဉ်ချက်
http://www.voanews.com/mp3/voa/eap/burm/burm2300aWED.mp3
စစ်ရူးရူးနေကြတဲ့ ခါကျဉ်ကောင် ဗိုလ်ချုပ်များနဲ့ မလောက်လေးမလောက်စါး နောက်လိုက်များသို. ...
Blogger Myanmar athnic said...
ခေတ်ဟောင်းဂျပန်ကို အတုမယူကြပါနဲ့။
စစ်တပ်ကြီးစိုးတဲ့ ဂျပန်စစ်ဝါဒဟာ တိုင်းပြည်ကျွန်ဖြစ်ရခြင်းအကြောင်းရင်းပါ။
ဂျပန်ဟာ ဒုတိယကမ္ဘာစစ်မတိုင်ခင်က စစ်ရူး ရူးခဲ့ပါတယ်။ စစ်သားကမှ တိုင်းပြည်တကယ်ချစ်တာ၊ နေမျိုးနွယ်ဘုရင်ကို သစ္စာရှိတာလို့ လူတွေစိတ်ထဲ အတင်းရိုက်သွင်းခဲ့ပါတယ်။ ကလေးတွေကို ကျောင်းစာတွေမှာ သင်ပါတယ်။ ဥပဒေအရ အရပ်သားတွေက လမ်းမှာ ယူနီဖေင်းဝတ် စစ်သားတွေ့ရင် ဦးညွှတ်အရိုအသေပေးရပါတယ်။ မပေးရင် စစ်သားက ခေါ်ပြီး ပါးရိုက် အပြစ်ပေးတယ်။ ဂျပန်ပြည်မှာ စစ်ဝါဒီတွေ ခေါင်းထောင်လာပြီး ဂျပန်စစ်တပ်ကို အဆမတန် အင်အားကြီး လာအောင် တိုးချဲ့ခဲ့ပါတယ်။ အင်အားကြီးလာတော့ ရုရှားနဲ့စစ်ဖြစ်တယ်၊ နိုင်တယ်။ တရုပ် မန်ချူးရီယားကို ကျူးကျော်တယ်။ နိုင်တယ်။
ရုရှားနဲ့တရုပ်ကိုနိုင်တဲ့ ဂျပန်ပေါက်စလေးဟာ သွေးနားထင်ရောက်ပြီး အမေရိကန်ကို တိုက်ဘို့ ပြင်ပါတယ်။ အမျှော်အမြင်ရှိတဲ့ အရပ်သားနိုင်ငံရေးသမားတွေက တားဘို့ကျိုးစားပါတယ်။ စစ်မလိုလားသူနဲ့ စစ်လိုလားသူမှာ စစ်လိုလားသူ နန်းရင်းဝန်ကျိုတိုအုပ်စု စစ်ဗိုလ်တွေက အားသာခဲ့ပါတယ်။ စစ်သွေးစစ်မန်တအားတက်နေတဲ့ စစ်ဗိုလ်ငယ်တွေက သူတို့အထက်အရာရှိတွေအကြိုက် အဲဒီနိုင်ငံရေးသမားတွေ အိမ်ကိုညဘက်ဝင်ပြီး တအိမ်လုံး ဓါးနဲ့ခုတ်သတ်တာတွေလုပ်ခဲ့ပါတယ်။
အားလုံးသိတဲ့အတိုင်း ဂျပန်တွေ ဒုတိယကမ္ဘာစစ်ထဲဝင်ပါလိုက်တာ နောက်ဆုံး စစ်ရှုံးလို့တိုင်းပြည် စိစိကြေ၊ အနုမြူဗုံးကျဲခံရ၊ ကျွန်ဖြစ်တာ အဖတ်တင်ပါတယ်။ သူတို့လဲကြိုးစင်ပေါ်တက်။ မြန်မာပါအ၀င် အာရှပိစိဖိတ်ဒေသက အပြစ်မဲ့ တိုင်းသူပြည်သားတွေလဲ သောက်သောက်လဲ သေကျေပျက်စီး ခဲ့ရပါတယ်။
မကြာသေးပါဘူး။ မမေ့ကြပါနဲ့။
ခေတ်သစ်ဂျပန် အမေရိကန်နဲ့အနောက်နိုင်ငံတွေနဲ့ တည့်အောင်ပေါင်းပြီး သူတို.ပြည်သူတွေ အာရှမှာ ဘယ်လိုချမ်းသာနေလဲ အတုယူစမ်းပါ။
ပိတောက်မြေ comments ; January 31, 2011 9:24 PM
ကိုင်း နအဖ ခေါတ် ကျုပ်တို.တိုင်းပြည် စီးပွားရေး ကဏ္ဒကို လက်တွေ.ကျကျ ကြည့်ကြစို.
ကျုပ် အဖိုးတွေခေါတ် မြန်မာပြည်ကို နိုင်ငံရေးသမားတွေ အုပ်ချုပ်စဉ်က
မြန်မာငွေ တစ်ကျပ် = ယိုးဒယား ၄ ဘတ်။
အဖေတို.ခေါတ် ၁၉၆၂နောက်ပိုင်း မဆလ စစ်အုပ်ချုပ်ရေး ရောက်တော့
မြန်မာငွေ တစ်ကျပ်= ယိုးဒယား တစ်ဘတ်
၁၉၈၈ နောက် ဒုတိယအကြိမ် နအဖ စစ်အာဏာသိမ်း အပြီး ဌာနဆိုင်ရာ ရာထူးကြီး တွေမှန်သမျှ ဗိုလ်ချုပ်တွေ ချည်း ကိုင်လိုက်တော့မှ
မြန်မာငွေ ကျပ် ၁၀၀ = ယိုးဒယား ၃ ဘတ်။
ကြောက်ပါပီ မအေ xx ဗိုလ်ချုပ်ကြီးတို.ရယ် ခင်ဗျားတို. တတ်လဲမတတ်ပဲ ”လိုအပ်သည်များ ကို မှာစါးကြတဲ့” ခေါတ်ရောက်မှကျုပ်တို.မြန်မာပြည်လဲ သယံဇာတတွေ နေရာတိုင်း ထွက်နေတဲ့ကြားက မြန်မာတွေ ဖွတ်ကြောပြာစု ဖြစ်ပြီး အာဆီယံနိုင်ငံတွေထဲ (၁၉၇၆ခု) ကမှ အမေရိကန်ဗုံး ကြားက ထွက်လာတဲ့ (နအဖသခင်ကြီးတရုတ်ကို အာခံတော်လှန်ရဲတဲ့) ဗီယက်နမ်ရဲ့ ဟိုး- နောက်မြီးနားမှာ နအဖ နိုင်ငံကြီး မြက်ကလေးစါးပြီး လိုက်နေရပါ ပကော... ကောင်းလိုက်တဲ့ နှစ်၂၀ ကျော် နအဖစီးပွားရေးစံနစ်ကြီး ကွာ။
မျိုးချစ် ဆိုသူသို. ----
မြန်မာဗိုလ်ချုပ်များနဲ. သူတို.အောက်ဆွဲတွေမှာလဲ တဆိတ်ရှိ ဒေါ်စု သောက်တင်းနဲ. အပုတ်ချ ရေး NLD အပြုတ်တိုက်ရေးကလွဲ လို. ဒီ.ထက်အနှစ်သာရရှိတဲ့ အလုပ်မျိုး အပြောမျိုး မြန်မာပြည်သူလူထု ကျန်းမာရေးပညာရေး လူမှုရေး မြင့်မားပြီး အာရှမှာတောင် လူတန်းစေ့အောင် လုပ်နိုင်တဲ့ အရည်အချင်း အစွမ်းအစမျိုး မရှိရှာကြပါဘူး။..... နိုင်ငံ့အာဏာကို အကြမ်းဖက်လုထားတာလဲ ၄၉ နှစ်ထဲရောက်လာပြီ စစ်တပ်ကအာဏာသိမ်းခဲ့ တာလဲ ၂ ကြိမ်ရှိပြီ တစ်ကြိမ်သိမ်းရင် အနှစ်၂၀ ကျော်အောက်ထစ် လုပ်စါးလာကြတာလဲ မသေခင်ကထဲက ဗိုက်ကြီးတွေပူ ဖေါင်းကားနေကြပြီ။ ထားပါတော့။
သို.သော် မြန်မာပြည်ရဲ့ တိုးတက်မှု နှုံးကတော့ အာရှမှာတောင် ဘိတ်ချီး- ကဲ အစိုးရတစ်ရပ်ရဲ. အရည်အချင်းကို ဘာနဲ.တိုင်းတာမလဲ ? လမ်းတံတား စစ်သား လက်နက်နဲ့လား အဲဒီတိုင်းပြည်က ပြည်သူအများရဲ. စါးဝတ်နေရေးဖူလုံမှု ကျန်းမာရေး ပညာရေးအထက်တန်းကျမှု အသိပညာ ပြည့်စုံမှု ဒါတွေပြည့်စုံမှ နိုင်ငံ့လယ်ယာနဲ့ ကုန်ထုတ်လုပ်မှု မြင့်မားမှာပေါ့။ ခုလို ရှိရှိသမျှသယံဇာတအပြင် အိမ်တိုင်ပါ ချွတ်ရောင်း လက်နက် ဖိဝယ်နေတဲ့ အစိုးရမျိုးကတော့ ဘာအရည်အချင်းမှ မလိုပါဘူး။ ရာစုနှစ် တစ်ဝက်ကျိုးအောင် အာဏာကိုင်ထား ပြီး ထောင်ထဲက ထွက်တာ ၃ လ လောက်ရှိသေးတဲ့ (သူတို.အဆို မပြောပလောက်တဲ့) မိန်းမ တယောက်ကိုပဲ သဲကြီးမဲကြီး အပစ်တင်နေတာ... (အိုးမလုံတဲ့)ဗိုလ်ချုပ်ကြီးတို. ရဲ. နေ.တဓူဝ အလုပ်ကြီးတစ်ခု။
ဗိုလ်ချုပ်ကြီးတို. နှစ်၅၀ အတွင်း တိုင်းပြည်လူထုကို လူတန်းစေ့အောင် တရားမျှမျှတတ သာ အုပ်ချုပ်တတ် အုပ်ချုပ်နိုင်တဲ့ အရည်အချင်းရှိခဲ့ ရင် ဒေါ်စု ဆိုတာလဲ ပေါ်လာစရာ အကြောင်းမရှိ အနောက်နိုင်ငံတွေကလဲ စည်းပွားရေး ပိတ်ဆို.စရာ ကိစ္စမပေါ် အဟောသိကံ အားလုံးကောင်းနေမှာပါ။
တိုတိုပြောရရင် တော့ အဓိက ရေသောက်မြစ်က ဗိုလ်ချုပ်ကြီးအဆက်ဆက် တို. အမျှော်အမြင် ပညာဥာဏ် ခေါင်းပါးသလောက် အတ္ဘလောဘ ထိမ်းမနိုင်သိမ်းမရ ဖြစ်၊ မြန်မာပြည်သူတွေကို သူတို.လိုရာ သုံးနိုင်တဲ့ ”ကျွန်”တွေလိုသဘောထား လာခဲ့ကြလို. ခုလို မြန်မာပြည်ကြီး ပြသနာပေါင်းစုံ ကြုံတွေ. နေရတယ်ဆိုတာ တစ်ခါတလေ လောက်များ တွေးကြည့်မိရဲ. မောင်အဓမ္တ တို.ရေ။
အပေါ်ကငတိပြောတာတွေကတော့ကောင်းလှပါပေတယ်.
ဒါပေမယ့်သေချာပြန်စဉ်စားပေါ့..ဒေါ်စုလက်ထဲအာဏာရသွားရင် ဘယ်လိုဖြစ်မလည်းဆိုတာတွေးကောတွေးဖူးလား
သူ့ နောက်မှာဘာတွေဘယ်လိုရှိတယ်ဆိုတာကော
တွေးကြည့်ဖူးလား သူ့ နေရာမှာတခြားအရည်အချင်းရှိတဲ
မြန်မာလူမျိုးစစ်စစ်တယောက်ဆိုရင်တော့ ကျေနပ်တယ်
ဗျာ ထောက်ခံလိုက်မယ် တကယ်တိုးတက်အောင်လုပ်
နိုင်မယ်ဆိုရင်ပေါ့ ကျနော်တို့ မှာလည်းခေါင်းဆောင်းအစွဲ
မရှိပါဝူးးမြန်မာနိုင်ငံကိုတိုးတက်အောင် နည်းမှန်လမ်း
မှန်နဲ့ လုပ်နိုင်တဲ့ သူကိုထောက်ခံမှာပဲလေ အားလုံးကတော့ကိုနိုင်ငံကိုတိုးတက်စေချင်တာပဲ
ဒါပေမယ့် သေချာစဉ်းစားပီးမှထောက်ခံကြပေါ့
လက်ရှိအစိုးရကိုမကြိုက်လို့  ရှိတဲ့သူကိုဝိုင်းထောက်ခံတာတော့မဖြစ်သင့်ဝူးထင်
တာပဲလေ သေချာစဉ်းစားကြည့်ပေါ့ သူသာနေရာရသွာရင် ဘယ်လိုကောင်းကျိုးဆိုးကျိုးတွေ ဖြစ်လာနိုင်မလည်းးး
ဘယ်လိုပြောင်းလည်းသွားနိုင်လည်းး
သူဘယ်လိုလုပ်မှာလည်းး
သူ့ မှာဘယ်လိုအစွမ်းအစတွေနဲ့ အကောင်အထည်ဖော်မလည်းးဘယ်လိုအထောက်အပံ့ တွေနဲ့ လုပ်မှာလည်း ဘယ်သူတွေဝင်လာနိုင်လည်း
တွေးးးးးကြည့်ပါအုံးးးးးးးးသူ့ ထက်တော်တဲ့ တတ်တဲ့ 
လူတွေမရှိတော့ဝူးလား
သူတယောက်တည်းရှိတာလားးးးးးးး
ထောက်ခံရတဲ့ အရင်းအမြစ်ကဘာလည်း
မြန်မာနိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆို ဗိုလ်
ချုပ်ကိုမချစ်တဲ့ သူကမရှိသလောက်ပဲ
မြန်မာနိုင်ငံသားတိုင်းချစ်တယ်
ဒါပေမယ့် ဗိုလ်ချုပ်ကိုချစ်သလို သူ့ သမီးကို
လိုက်ချစ်ဖို့ တော့လိုမယ်မထင်ဝူးးးးးးးး
ဗိုလိချုပ်ကိုဘာလို့ ချစ်တာလည်းသူကမြန်မာနိုင်ငံတွက်
ကြိုးပမ်းခဲ့ တဲ့ ခေါင်းဆောင်တယောက်
သူ့ သမီးကဘာလည်းးးးးး
ဘာတွေကြိုးစားခဲ့ လည်းးးးး
ဘာတွေကောလုပ်ခဲ့ ပီလည်းးးးး
တွေးကြည့်လိုက်ပါအုံး
သေချာ ထောက်ခံတယ်ဆိုတာလွယ်ပါတယ် ဒါပေမယ် လွယ်လွယ်နဲ့ တော့မထောက်ခံပါနဲ့ ဖြစ်လာနိုင်တာတွေကိုလည်းထည့်တွက်ပါ
အားလုံးပဲပျော်ရွှင်လို့ ရည်မှန်းချက်ကိုလျှောက်လှမ်းနိုင်ကြပါစေ
ပထမဆုံးပြောခြင်တာက (ဒေါ်စု သာအာဏာရ သွားရင်ဘယ်လိုဖြစ်မလဲ ) ဆိုတဲ့ အကြောင်း လုံဒ၀ မပေါ်ပေါက်ဘူးဗျ ဒေါ်စု သာ အာဏာ လိုခြင်ရင် နှစ်၂၀ လုံးသူ.ပါတီမှာ သူ အမတ်ဖြစ်ရေး သဲသဲမဲမဲ တောက်ရှောက် ကျိုးစါးမှာပေါ့။ တခါမှ ရွေးကောက်ပွဲ ၀င်ဖို.မကျိုးစါးခဲ့ဘူး စစ်အစိုးရက ၀င်အရွေးမခံရ ဆိုလဲ မ၀င်ဘူး။
ခုတော့ သူ.ပါတီကို နိုင်ငံရေးဇာတ်ခုံပေါ် ရောက်အောင် အဓိကလုပ်ဖို.လိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲတောင် မ၀င်ဖို. ဆုံးဖြတ်တယ်။ ဒိတော့ ဘယ်လိုလုပ်ဒေါ်စု သမတ ဖြစ်လာမှာလဲ ။ သူကျိုးစါးတာ ပြည်သူတွေအခြေခံ လူ.အခွင့်အရေး ရဖို.- မိမိရပိုင်ခွင့် ကိုမသိလို. ဒုက္ခပင်လယ်ဝေ အနိုင်ကျင့်ခံ နေရတဲ့ လူထုအတွက် နိုင်ငံရေး အသိတရား ရကြဖို. ဒါပဲသူကျိုးစါးနေတာ။ လူတယောက် တန်ဖိုးရှိရှိ လူပီပီသသ အသက်ရှင်ဖို. သူလုပ်ပေးလို.မရဘူး လူထုက ကိုယ့် Right ကိုယ် နားလည် သိပြီးကျိုးစါး ကိုယ်တိုင် တောင်းယူ လိုအပ်ရင် တိုက်ယူရမှာ။
ဒီတော့ ဒေါ်စု ဘာလိုခြင်တာလဲ??? ဗိုလ်ချုပ်ကြီးတွေ ရဲ. အကြိုက်လိုက် ဟုတ်ပါ့ မှန်ပါ့ဘုရား တည့်အောင်ပေါင်းရင် ဒေါ်စုလို ကမ္ဘာက အသိအမှတ်ပြုရတဲ့ ပညာတတ် အမျိုးသမီးကြီးကို နအဖ က မကြိုက်သော်လည်း (စည်းပွားရေးအခွင့် အလမ်းအတွက်) ဟန်ပြသုံးမှာပဲ။ ထောင် ၁၅ နှစ်ကျစရာမလို အရေးမပါတဲ့ ရာထူး တနေရာမှာတော့ ကားလေး စီး တိုက်လေး ၁လုံး ၂ လုံးတော့ ဒေါ်စု ရနိုင်တယ် (အောင်ဆန်းဦး နဲ့ ဇနီးတောင် အမေရိကန်နိုင်ငံသား ခံယူထားပြီး ပုဂံမှာ တိုက်ကြီးဆောက်နေတာ သိန်း ၇၀၀ လောက်ကုန်ထား ပီ။ ) ဒါလဲ ဒေါ်စုရဲ. ရည်ရွယ်ချက် ထဲမပါဘူး။
ဒါမှမဟုတ် ဒေါ်စု ဇိမ်နဲ. နိုင်ငံခြားမှာ vacation ထွက်လည် နေခြင်ရင် အင်ဂလန် ပြန်ရုံပဲ။ သူရ ထားတဲ့ ဆုငွေ မီလျှံကျော်နေပီ ဒါတွေအားလုံးကို သူ.အတွက်တပြားမှ မသုံး မြန်မာပြည်ကဆင်းရဲတဲ့ ကျောင်းသားတွေ ပြည်ပ ပညာတော်သင်ဆု ပေးဖို. Prospect Burma ( Just Giving )့ ဆိုတဲ့ Charity Trust ကိုပေးလိုက်တယ်...
ကိုင်း ဒေါ်စု အာဏာလိုခြင်တာ ဆိုရင် NLD ပါတီကို ရွေးကောက်ပွဲ ၀င်ခိုင်းပြီး ထောင်ကထွက်လာတဲ့ တနေ. အာဏာရအောင် ရည်ရွယ် ကျိုးစါးမှာပေါ့ ။ မင်းတို. စစ်ခေါင်းဆောင်တွေ စဉ်းစါးပုံ လုပ်ပုံ နဲ. မကွာဘူးလား- မိုးနဲ.မြေ။ ”တပ်မတော်က နိုင်ငံ့အရေးမှာ အစဉ် ဦးဆောင်ရမည်” ဆိုပဲ။ ရှင်းရှင်းပြောရရင် တပ်ခေါင်းဆောင်တွေ အာဏာငမ်းဖမ်း နေလို. ကိုယ့်အလုပ်ကိုယ် မလုပ် အစိုးရတက်လုပ်နေတာပေါ့ကွာ ။
"ဒေါ်စုက မြန်မာပြည်အတွက် ဘာလုပ်ပေးခဲ့လဲ။ ဒီမိုကရေစီလုပ်သူတွေထဲမှာ ဒေါ်စုကဘာ သာသလဲ ဒေါ်စု ငြိမ်းချမ်းရေး နိုဘယ်ဆုရတာ ဘာ့ကြောင့်လဲ ဆိုတဲ့ရုရှားကချာတိတ်တွေ အတွက် အဖြေ ...
http://nge-naing.blogspot.com/2010/12/blog-post_3879.html
ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့်ထောက်ခံတယ် ဆိုတာနဲ့ ပတ်သက်ပြီး သူများသဘောထားကို အတိကျမသိပေမဲ့ အစ်မသဘောထားကိုတော့ အတိအကျ ပြောနိုင်ပါတယ်။ အစ်မရဲ့ သဘောထားက တခြားသူတွေနဲ့ ထပ်တူကျချင်မှလည်း ကျမယ်။ ဒါပေမဲ့ ဒီမိုကရေစီကို မြတ်နိုးတန်ဖိုးထားသူတိုင်းက ဒီမိုကရေစီအတွက် မှန်မှန်ကန်ကန် ဦးဆောင်မှုပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်လက်ခံတာချင်း ယေဘုယျတော့ အတူတူပဲ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
(((ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို ပြည်ပြည့်စုံစုံ သိချင်တယ်))) ဆိုတာနဲ့ ပတ်သက်ပြီးတော့ အဲဒါက သူများပြောတာနဲ့ မလုံလောက်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ စာတွေကို မိမိဖါသာဖတ်ပြီး လေ့လာသင့်ကြောင်း ပထမဦးစွာ ချာတိတ်ကို အကြံပြုချင်ပါတယ်။
(((ဒီနေ့ ဒီမိုကရေစီ လိုလားသူတော်တော်များများဟာ ဒေါ်စုကို အားလုံး လိုလားထောက်ခံ
ကြပါတယ်..အဲဒါ ဘာကြောင့်လဲ))) ဆိုတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီဆိုတာကို တကယ်နားလည်ပြီး မှန်ကန်စွာ ဦးဆောင်မှု ပေးနေတယ်၊ မိသားစုနဲ့ ပုဂ္ကိုလ်ရေး ဘ၀တခုလုံးကို စွန့်ပြီး ဒီမိုကရေစီအတွက် လုပ်နေတဲ့ သူမရဲ့ လုပ်ရပ်ကြောင့် ဆိုတာ ရှင်းရှင်းလေး နားလည်လို့ ရနိုင်ပါတယ်။
(((.ဗိုလ်ချုပ်သမီး ဆိုတာကြောင့် သံယောဇဉ်နဲ့
ဒေါ်စုအပေါ် ထောက်ခံအားပေးကြတာလား))) လုံးဝမဟုတ်ပါ။ ဗိုလ်ချုပ်သမီးကြောင့် ဆိုတာ တခုတည်းနဲ့ လူတွေက ထောက်ခံအားပေး လက်ခံယုံကြည်ရင် ဗိုလ်ချုပ်ရဲ့ ရင်သွေးဆိုလို့ သားတယောက် သမီးတယောက် အသက်ရှိထင်ရှား ရှိနေသေးတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းကို ပြည်သူလူထုက လေးစားချစ်ခင် နေစရာအကြောင်းမရှိပါ။ ဒီမိုကရေစီအရေးအတွက် အမှန်တကယ် ဦးဆောင်မှု ပေးနေကြောင်း တကယ်လက်ခံလို့ သူမကို ထောက်ခံနေခြင်းသာ ဖြစ်ပါတယ်။
(((ဒေါ်စု ဘာတွေသာသလဲ
ဘယ်လိုမျိုး သူများနဲ့ မတူတာတွေ ပြုလုပ်ပေးနိုင်ခဲ့သလဲ..ဘာတွေအကျိုးပြုခဲ့သလဲ..ဒါမျိုးကိုဆိုလိုတာပါ..ဒေါ်စုဟာ မြန်မာပြည်အတွက်
ဘာတွေလုပ်ပေးခဲ့လို့လဲ.)))
အဲဒါကတော့ ချာတိတ် မိမိဖါသာ လေ့လာသင့်တဲ့ အချက် ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်နေတယ်ဆိုတာ မိမိဖါသာ နားလည်အောင် မိမိဖါသာ သူနဲ့ပတ်သက်တဲ့ စာတွေကို များများဖတ်သင့်ကြောင်း အပေါ်မှာ ပြောထားတဲ့အတိုင်းပဲ ပြန်ညွှန်းချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ထဲမှာ ဘာမှမလုပ်နိုင်ဘဲ အထိန်းသိမ်းခံနေလျက်နဲ့ကို စစ်အုပ်စုကို သူတို့လုပ်ချင်တာ ဖြောင့်ဖြောင့်တန်းတန်း လုပ်ခွင့်မရအောင် အဟန့်အတား ဖြစ်စေပါတယ်။ စစ်အုပ်စုက သူမကို တိုင်းပြည်ထဲက ထွက်ခွာသွားစေချင်တယ် သူမထွက်ခွာသွားရင် နိုင်ငံခြားမှာ သူမနဲ့သူမမိသားစုအတွက် ဘာမှပူပင်စရာမလိုဘဲ မိသားစုနဲ့ ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်လို့ ရပါလျက် ထွက်ခွာမသွားဘဲ သူမရဲ့ ပုဂ္ကိုလ်ရေး ဘ၀တခုလုံးကို စွန့်ထားပြီး သူမဘ၀ကို ဒီမိုကရေစီအတွက် မြန်မာပြည်သူတွေနဲ့အတူ ရှိနေစေပါတယ်။ ဒါဟာ ဘာမှ မလုပ်နိုင်ဘူးလို့ ထင်သူက ထင်ကြပေမဲ့ တကယ်တမ်းကျတော့ ထိရောက်စွာ တိုက်ပွဲဝင်တာ ဖြစ်တယ်။ ဒီလို ဒီမိုကရေစီကို တကယ်သိတဲ့သူက ဦးဆောင်မှု ပေးနေလို့ စစ်အုပ်စု ဘာလိမ်လိမ် မဟုတ်ဘူးဆိုတာ (Brain wash အလုပ်ခံထားရသူတွေနဲ့ လေ့လာဖို့အချိန်မရသူများမှ အပ) အကုန်လုံး ချက်ချင်းသိပြီး အကုန်အလိမ်ပေါ်နေတာ ဖြစ်ပါတယ်။ အာဏာရှင် ဦးနေ၀င်းတုန်းက ဆိုရှယ်လစ်မဟုတ်ဘဲ ဆိုရှယ်လစ်စနစ် ထူထောင်ပေးမယ်လို့ လိမ်ခဲ့တာကို ၀ါရင့်နိုင်ငံရေးသမားတွေပါ အကုန်လုံး ယုံခဲ့ကြသလို မဟုတ်တော့ဘဲ အခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီရဲ့ ပြရုပ်အဖြစ် မှတ်ကျောက်အတင်ခံနိုင်လို့သာ အာဏာရှင် ဦးသန်းရွှေက ဒီမိုကရေစီမဟုတ်ဘဲ ဒီမိုကရေစီ ဖေါ်ဆောင်ပေးမယ်လို့ လိမ်ချင်တိုင်း လိမ်လို့မရဘဲ ပေါ်နေတာ ဖြစ်တယ်။ လိမ်လို့ မရမှန်းသိလျက်နဲ့ အရှက်မရှိ ဗြောင်လိမ်နေတာပဲ ရှိပါတယ်။ သူတို့လိမ်တာကို ဒီမိုကရေစီဆိုတာ လေ့လာဖို့ အချိန်မရသူတွေနဲ့ Brain Wash အလုပ်ခံထားရသူတွေကပဲ အလိမ်ခံရပေမဲ့ လေ့လာထားတဲ့သူတွေက မဟုတ်ဘူးဆိုတာ သိကြလို့ အလိမ်ခံရတဲ့အထဲမှာ မပါခဲ့ပါဘူး။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ ဒီမိုကရေစီကို ကိုယ်စားပြုနေတဲ့ ခေါင်းဆောင် ကောင်းတယောက်ရဲ့ မားမားမတ်မတ် ရပ်တည်တိုက်ပွဲဝင်နေမှုနဲ့ အများဆုံးသက်ဆိုင်ပါတယ်။
to be continued.....
continuation.......
(((.မြန်မာပြည်မှာ ဦးဆောင်ဦးရွက်ပြုမယ့်လူ ဒေါ်စုတစ်ယောက်ပဲ
ရှိလို့ ဒီလိုဖြစ်ရသလား..တခြားလူမရှိတော့ဘူးလား))) ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်လို့ အရည်အချင်းရှိတဲ့သူ တခြားခေါင်းဆောင်တွေ ရှိရင်လည်း ရှိနိုင်ပါတေယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ တကယ် အရည်အချင်းရှိပြီး ပြည်ယူလူထု ရဲ့ ယုံကြည်ကိုးစားမှုကို ဒေါ်အောင်ဆန်းစုကြည်ထက်ပိုပြီးရတာ မြန်မာပြည်မှာ ဘယ်သူမှ မတွေ့သေးပါဘူး။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်ကို လူတွေက တွေ့ရင် ဘာကြောင့်မှန်းမသိ အလိုလို ယုံကြည်စိတ်၊ ထောက်ခံစိတ်ဝင်တာ လက်နဲ့ ဆုပ်ကိုင်ပြသလို့ မရနိုင်တဲ့ သူမရဲ့ရင်ထဲက မေတ္တာဓါတ်ကြောင့်ဆိုတာ အစ်မယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူမကို အကျယ်ချုပ်နဲ့ ဘာမှလုပ်လို့မရအောင် ထိန်းသိမ်းထားတဲ့ စစ်အုပ်စုကိုတောင် မေတ္တာမပျက်ဘဲ သူတို့ထိန်းသိမ်းထားလို့ ဘုရားတရားအလုပ်တွေ လုပ်ဖို့ အချိန်ရခဲ့လို့ ကျေးဇူးတင်ကြောင်းတောင် ပြောသေးတယ်ဆိုတော့ တခြားသူတွေကို ဘယ်လောက် မေတ္တာထားမယ်ဆိုတာ တွေးကြည့်လို့ရနိုင်ပါတယ်။ ချာတိတ်က ဗုဒဘာသာ ဖြစ်ရင် မေတ္တာရဲ့ တန်ခိုးကို ငြင်းမယ်မထင်ဘူး။ ချာတိတ်ကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ အရည်အချင်းကို သဲသဲကွဲကွဲ မသိသေးဘဲနဲ့တောင် (((ကျွန်တော်ဟာ ဒေါ်စုအတိုက်အခံသမားမဟုတ်ပါ..ဒေါ်စုကို လေးစားပြီးသားပါ.))) လို့ ဆိုထားတယ်ဆိုတော့ အဲဒါဟာ သူမရဲ့ မေတ္တာကြောင့်ပဲ ဖြစ်မှာပေါ့။
((နောက်ပြီး ဒေါ်စု နိုဘယ်လ်ဆုရတာ..အခုနောက်ပိုင်း ကမ္ဘာ့ထိပ်တမ်းတွေးခေါ်ပညာရှင်စာရင်းမှာပါတာ..
ဘာတွေကြောင့် ဒေါ်စု ဒါတွေရခဲ့သလဲ..ဘာအတွက် ပေးတာလဲ..ဒါမျိုးလေးတွေ သိချင်ပါတယ်...))) ဒါကတော့ ပေးတဲ့ဆုနဲ့ ပတ်သက်ပြီး ပေးတဲ့အဖွဲ့က သတ်မှတ်ထားတဲ့ စံမှာ ၀င်လို့ဆိုတာ ရိုးရိုးရှင်းရှင်း သဘောပေါက်လို့ ရနိုင်ပါတယ်။
(((တစ်ခုပြောချင်တာက ကျွန်တော်ဟာ ဒေါ်စုအတိုက်အခံသမားမဟုတ်ပါ..ဒေါ်စုကို လေးစားပြီးသားပါ..
နောက်ပြီး ဒီမိုကရေစီကိုလဲ အမှန်တကယ် လိုလားသူပါခင်ဗျာ)))
ချာတိတ်က ဒေါ်အောင်ဆန်းစုကြည်ကို လေးစားပြီးသားဆိုရင် ဘာကြောင့် လေးစားတယ်ဆိုတာ ပိုပြီးသေချာသွားအောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ရေးထားတဲ့စာတွေကို ပိုပြီးလေ့လာသင့်ပါတယ်။ အစ်မဘလော့ဂ်က Side bar မှာ Link ထားတဲ့ နိုင်ငံရေး ဘလော့ဂ်အတော်များများထဲမှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း အမြဲလိုလို ရေးပါတယ်။ Freedom from Fear ကို မြန်မာလို ပြန်ထားတာ အဲဒီဘလော့ဂ်တခုခုက Search box မှာ ရှာကြည့်ပြီး အရင်ဖတ်ကြည့်ဖို့ အကြံပြုပါတယ်။ RFA ကနေပြီး ပတ်စဉ် ဒေါ်အောင်ဆန်းစုကြည်ကို မေးလိုတဲ့မေးခွန်းမေးသူတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေတဲ့ ကဏ္ဍတခု ဗုဒ္ဒဟူးနေ့ညတိုင်း တင်ဆက်နေတာရှိပြီး ချာတိတ်သိချင်တာကို အဲဒီကတဆင့် ဒေါ်အောင်ဆန်းစုကြည်ကို စာနဲ့ဖြစ်စေ၊ တယ်လီဖုန်းနဲ့ဖြစ်စေ တိုက်ရိုက် မေးလို့ ရနိုင်ကြောင်းလည်း အကြံပြုလိုက်ပါတယ်။
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ...
Nge Naing
သမိုင်းတဖြတ်အမြင်နဲ့ လူတတ်မလုပ်ချင်ပါနဲ့ တိုင်းပြည်အနာဂါတ် အရေးမို့ပါ ...
http://www.naytthit.net/?p=8342
ကျုပ်တို့အဖြစ်က မောင်းကြီးကျကွဲကာမှ ဥက္ကဋ္ဌကြီး လုပ်ပါဦးဆိုသလိုဖြစ်နေပြီ။ တခါတုန်းက ရွာတရွာမှာ ဘုရားပွဲလုပ်ဖို့ အလှူခံထွက်ကြတယ်။ ဘုန်းကြီးကျောင်းက မောင်းကြီးကိုငှားပြီး လူငယ်လူရွယ်တွေထွက်ကြတယ်။ အထိန်းအကျောင်း အဖြစ် လူကြီးတဦးလည်းပါတယ်။ ဒီလူကြီးကြောင့် ခရီးမတွင်ဘူးလို့ လူငယ်တွေက ထင်ကြတယ်။ လူကြီးကလည်း တုံ့ နှေးနှေးနဲ့ စည်းကမ်းတကျရှိဖို့ ဟိုဟာမလုပ်နဲ့ ဒီဟာလုပ်နဲ့လို့ ထိန်းကျောင်းတယ်။ ဒါကို လူငယ်တွေက သူတို့ဘာသာ လုပ်နိုင်တဲ့ အလုပ်ကို ဒီလူကြီး ပါလာတာအပိုပဲ။ ဗျစ်တောက် ဗျစ်တောက်နဲ့ နားငြီးတယ်လို့ ထင်တယ်၊ အလုပ်ရှုပ်တယ် လို့ ထင်တယ်။ ဒီလိုနဲ့သွားကြရင်း တယောက်ကိုတယောက် တွက်ကပ်တွန်းတိုက်ကြရင်း ငှားလာတဲ့ မောင်းကြီး ကျကွဲ သွားလေရော။ အဲဒီတော့မှ ဥက္ကဋ္ဌကြီးလုပ်ပါဦး၊ ဥက္ကဋ္ဌကြီး လုပ်ပါဦးနဲ့ ဝိုင်းအော်ကြသတဲ့။ အော်ရမှာပေါ့ မောင်းကြီးက ငှားလာတာဆိုတော့ လျှော်ရမှာကိုး။
တန်ဘိုး မညှိအပ်တဲ့အရာ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး ဝေဘန်ဆွေးနွေးကြရာမှာ မှတ်ချက်ပေးကြတဲ့ တချို့သော စာ ဖတ်သူတွေကတော့ အမည်မဖော်သော်လည်း ရိုးသားစွာနဲ့ သူတို့အမြင်တွေကို တင်ပြထားတယ်လို့ မြင်ပါတယ်။ ဒီအ မြင်တွေထဲမှာ တချို့သောလူတတ်ကြီးများရဲ့ သမိုင်းတဖြတ်အမြင်နဲ့ မနူးမနပ် စကားတွေကို နားယောင်ပြီး ဒေါ်အောင် ဆန်းစုကြည် ကို သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နှိုင်းယှဉ်ကာ ပြစ်တင်ဝေဘန်ထားတာ ဂုဏ်အရည်အသွေးကို ထိပါးတဲ့ ကောက်ချက်တွေ ပြုထားတာကို တွေ့ရပါတယ်။
ဒီကောက်ချက်တွေကို “ဆလံတင်တယ် မျိုးဆက်သစ်ရယ်ဆိုတဲ့ ငိုခြင်းတပုဒ် ရေးခဲ့ခြင်တယ်” လို့ လူငယ်တွေကို အားမ လို အားမရ မှတ်ချက်ချခဲ့တဲ့ တမလွန်က ဆရာကြီး ဒေါက်တာသန်းထွန်းသာကြားရင် ဆယ်ခါပြန် ဆလံတင်ပြီး ငိုခြင်း ဆယ်ပုဒ်လောက်များ ရေးလေမလား မသိပါဘူး။
ဒါဟာ မနှိုင်းယှဉ်သင့်တာကို နှိုင်းယှဉ်တာဖြစ်တယ်။ နိုင်ငံရေးမှာ အကြောင်းအရာတခု (လူ၊ အဖြစ်အပျက်၊ လုပ်ငန်းစဉ်၊ အယူအဆစသည်) ကို တခြားအကြောင်းအရာတခုနဲ့ ပုံတူပြုနိုင်တာ ရှိသလို မပြုနိုင်တာလဲ ရှိတယ်။ နှိုင်းယှဉ်ချိန်ထိုးလို့ ရတာလည်း ရှိသလို မရတာလည်း ရှိတယ်။ တန်ဘိုးညှိလို့ ရတာရှိသလို တန်ဘိုးညှိမရတာတွေလည်း ရှိတယ်။ အရှိတ ရားအရ ဖြစ်တည်မှု (အချိန်၊ နေရာ၊ ဝန်းကျင်၊ အဖြစ်အပျက်) သီးခြားဖြစ်မှုကြောင့် ဖြစ်တယ်။ မတူညီမှုကြောင့် ဖြစ် တယ်။
အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ရဲ့သမီး လက်ရှိလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ဟာ နေရာ (တိုင်းပြည်) တခုသာ တူညီပြီး ကျန်တဲ့အချက်တွေ ကွဲပြားခြားနားတဲ့ လူမှုလှုပ်ရှားမှုတခုကို ဦးစီးဦးဆောင် ပြုကြ တယ်။ ဒီနှစ်ခုကို နှိုင်းယှဉ် ချိန်ထိုးလို့ မရပါဘူး၊ တန်ဘိုးညှိလို့ မရပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်ခေါင်းဆောင်အဖြစ် တို့ဗမာအစည်းအရုံးမှာ အတွင်းရေးမှူးလုပ်ခဲ့တဲ့ (၁၉၃၉) ကနေ လုပ်ကြံခံရတဲ့ (၁၉၄၇) အထိ (၈) နှစ်တာ ကာလအတွင်းမှာ ပြည်သူတွေလိုလားတဲ့ လွတ်လပ်ရေး အရယူပေးသွားနိုင် ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ လူထုခေါင်းဆောင်အဖြစ် အနှစ် (၂၀) ကျော်လာတာတောင် လူထုလိုလား တောင့်တမှုကို ပြည့်ဝအောင် မဆောင်ရွက်နိုင်သေးပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်း လောက် မတော်ဘူး၊ တာဝန်မကျေဘူးလို့ပြောရင် ဒါဟာ မတရားဘူး။ သမိုင်းအမြင် နိုင်ငံရေးအမြင် ခေါင်းပါးတဲ့ကောက် ချက်တခု ဖြစ်ပါတယ်။
လူပုဂ္ဂိုလ်က နှစ်ဦး... ခေတ်က နှစ်ခေတ်။
ဗိုလ်ချုပ်တို့ခေတ် ဗိုလ်ချုပ်တို့ကမ္ဘာ။
ဒီနေ့ခေတ်ကမ္ဘာထဲက ဗမာ ။
ဗမာ့အိမ်နီးချင်းများ။
မတူတဲ့ ခေတ်နှစ်ခုက လူထုနှစ်ရပ်။
စတာတွေကို အသေးစိတ်ဆက် ဖတ်ပြီး ဆွေးနွေးနိုင်ပါတယ်။
( သမိုင်းတဖြတ်အမြင်နဲ့ လူတတ်မလုပ်ချင်ပါနဲ့ တိုင်းပြည်အနာဂါတ် အရေးမို့ပါ ...
http://www.naytthit.net/?p=8342 )
ရဲဘော်ကျော်သန်း
kyaw_than2004@yahoo.com
နိုင်ငံခြားမှာ မိမိပညာအရည်အခြင်းနဲ့ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာပြည်ကိုမချစ်လို. သူများထံမှာ ကျွန်ခံနေတဲ့ ဒေါ်လာစါး ပြည်ပကျွန်လို. ပြော နေတဲ့ ဒီ Web Site ပေါ်က မျိုးချစ်စစ်သားများရေ....
ဆက်ဖတ်လိုက်ရင် ဘယ်က အမျိုးဖျက်တွေလဲဆိုတာ သိပါလိမ့်မယ်...
(၁) ဗိုလ်ချုပ်မောင်အေး ရဲ့ အစ်ကိုကြီး ကွယ်လွန်သူ ဗိုလ်ချုပ်ကျော်ဇော၏ သား+သမီးများ+သားမက်များ +ချွေးမများ+ မြေးများ ယူကေမှာ လွန်ခဲ့တဲ့ နှစ်၃၀ ခန်. ကတည်းက အလုပ်လုပ် ဒေါ်လာစါး ကျွန်ခံ နေကြပါသည်- (အမည် နေရပ် လိပ်စါများ သိလိုလျင် ထပ်မံဖေါ်ပြပါမည်)- သူတို.အားလုံး မြန်မာပြည်ကိုပြန်လာပြီး မြန်မာလူမျိုး တွေကို ဆေးကုသ ကူညီပေးရန် အစီအစဉ်မရှိပါ။
(၂) ဗိုလ်ချုပ်စေါမောင်၏ သမီး နှင့် သားမက် (ဗိုလ်မှူးဟောင်း) တို. လဲ ယူကေ ဆရာဝန်အလုပ် လုပ်လျက် ဒေါ်လာစါးနေလျက်ပါ။
(၃) ဗိုလ်သန်းရွှေ၏ ဆရာရင်း မဆလခေါတ် ဗိုလ်ချုပ်ဟောင်း အေးကို ၏ သား+ ချွေးမ + မြေးများ ပြည်ပမှာ ဆရာဝန်တွေပါ ၁၉၈၈ ခန်. ကထည်းက ဒေါ်လာစါးရန် ရောက်နေကြတာပါ။
(၄) မဆလ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကို ရဲ့သားများ + သမီးများ + ချွေးမနဲ့ သားမက်များ ပြည်ပမှာအလုပ်လုပ်နေကြတာ ၁၉၈၀ ခန်.ကတည်း က ဒေါ်လာစါးနေကြတာ ဖြစ်ပါတယ်။
(၅) အာဏာရှင်ကြီး ဗိုလ်ချုပ်နေ၀င်းရဲ. သား+ သမီး ( ဖြိုးေ၀၀င်းနှင့် ဂျာမန်သူ ဇနီး + သမီး သော်တာဝင်းနှင့် ခင်ပွန်း) တို.တတွေ ဥရောပမှာ ၁၉၇၉ ခန်.ကထည်းက ဒေါ်လာစါး အလုပ်လုပ်နေကြပါတယ်။
(၆) နအဖ တပ်ချုပ်ကြီးသန်းရွှေ ၏ တစ်ဦးတည်းသော အစ်မကြီးရဲ.သမီးက Swizerland လူမျိုးနဲ.လက်ထပ် (မျိုးဖျက်) ပြီး ဥရောပမှာနေထိုင်နေပါတယ်။
(ရ) နအဖဗိုလ်ချုပ်ဟောင်း ခင်ညွန်.ရဲ. တူမအရင်း ခေါက်ခေါက်က ယူကေမှာ ဆရာဝန်မ အပျိုကြီး။
(၈) မဆလ ဗိုလ်ချုပ်ဘသော်၏ သား+ သမီး + သားမက်ချွေးမတွေလဲ အတူတူပါ ...
(၈)ဦးနေ၀င်းရဲ.သမားတော်ကြီး သံအမတ်ဟောင်း ဗိုလ်ချုပ်ကျော်ဝင်း၏ သားသမီးချွေးမ တွေ UK+ USA + Singapore မှာ ဒေါ်လာစါးကျွန်ခံနေကြတယ်။
(၉) ကွယ်လွန်သူ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝင်းအောင် ၏သားသမီးများ ၂၀၀၀ နှစ်လောက်ကထည်း က ပြည်ပမှာ ဒေါ်လာစါးကျွန်ခံနေပါတယ်။
ကျုပ်ယခုပြောနေတာ ဥရောပ ထဲကကျုပ်သိသမျှ လက်တစ်ဆုတ်စါ လေးသာ ဖြစ်ပါတယ် အမေရိကန် ကနေဒါ သြစတြေးလျ နှင့် အခြားသော ချမ်းသာတဲ့ အနောက်နိုင်ငံကြီးတွေ မှာ မဆလ/ နအဖ ဗိုလ်ချုပ်ကြီးများရဲ့ သားသမီး ဆွေတော်မျိုးတွေ ပြည်ပကျွန်ခံဒေါ်လာစါး နေကြတဲ့စါရင်း မပါသေးပါ။
နောက်ထပ်လဲ အများကြီးထွက်လာဖို. ကျိုးစါးနေကြဆဲ ပညာသင်ပြီးမပြန်ကြသူ သံအမတ် သစ်/ ဟောင်းများ၏ သားသမီးတွေ တွယ်ကပ်နေသူတွေ ရာချီရှိပါတယ်။ တစ်ယောက်ခြင်းတော့ မဖေါ်ပြတော့ပါဘူး။
မင်းလိုကောင်မျိုးတွေကိုခေါ်တာဟ..့ ..ဒီမိုကေ၇စီလုပ်သလိုဘာလိုနဲ့ သူတောင်းစားတွေကိုခေါ်တာဒေါ်လာစားဆိုတာ..သူ့ ဖာသာအလုပ်လုပ်နေတဲ့ သူတွေကိုေ၇ာမချနဲ..ကလေးအထာနဲ့ သူများတွေမှီပြီးအကာအကွယ်ယူချင်လို့ ၇မလား..အလကားလူလိမ်တွေ
>> d4
(..သူ့ ဖာသာအလုပ်လုပ်နေတဲ့ သူတွေကိုေ၇ာမချနဲ..)ဆိုပဲ ။ မင်းတို.ပဲ -ါသယ်မ ပါးစပ်တွေနဲ. ပြောတာလေ...ခုတော့ လေသံပြောင်းသွားပြီပေါ့ ဟုတ်လား..
(((ဟေ့... မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကို ရောက်နေရပေမယ့် တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။ အခွင့်အရေး တစ်စုံတစ်ရာကြောင့် နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးလေနဲ့။ ))) ဆိုတာလေ.. ထိပ်ဆုံးမှာ ပြန်ဖတ်ကြည့်။
တယ်ရီရပါလားကွာ ဗိုလ်ချုပ်သားသမီးတွေ ပြည်ပ Passport ကိုင် နိုင်ငံခြားသား ခံယူထားလို. နိုင်ငံတကာကို အလွယ်တကူ ၀င်လိုက် ထွက်လိုက် လုပ်နေတာများ လူမသိတာ ကျလို.။ မြန်မာ passport နဲ. လွယ်လွယ်ကူကူ ဂဘာ ပါတ်လို.ရသတဲ့လား?? တောမှသွားပြော။
မင်းတို. ရှိခိုးနေတဲ့ ဗိုလ်ချုပ်နေ၀င်း နဲ. ဗိုလ်သန်းရွှေ မိသားစုဝင်တွေ အပြိုင်အဆိုင် တိုင်းပြည်ပိုင် ဒေါ်လာတွေကို မြန်မာ့ဘဏ္ဍာထဲက ခိုးပြီးပြည်ပပို. ကိုယ်ကျိုးရှာ နေတာမှ မျိုးဖျက် ဒေါ်လာစါး အစစ်။
ဒါကြောင့် မင်းတို.စစ်တပ် လူကြီးဆိုတဲ့ ကောင်ကြီးတွေ သောက်ပြော ခွေးတောင်မယုံတာ သိထားကြ။
သူများတွေနဲ့ လိုက်မေ၇ာပါနဲ့ ဆို.ဟဟ..(((ဟေ့... မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကို ရောက်နေရပေမယ့် တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။ အခွင့်အရေး တစ်စုံတစ်ရာကြောင့် နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးလေနဲ့။ )))
မှန်၏...မင်းသဘောမတူဘူးဆိုတာမင်း၇ဲ့ စိတ်ဓတ်ကိုဖော်ပြတာပဲလေ..မင်းပြောတဲ့လူတွေကခေတ်မတူတော့ဘူးအခုလက်၇ှိမြန်မာအခြေအနေနဲ့ ..ပြီးတော့လေဖမ်းဒန်းစီးတဲ့စွပ်စွဲချက်တွေဖတ်၇တာပျင်းတယ်ကွာ..ဒါကြောင့်မင်း၇ဲ့ အတွေးအခေါ်တွေကဘောင်မ၀င်တော့တဲ့အဖန်တ၇ာထပ်နေတဲ့ဓတ်ပြားတွေသာသာပါ...
''''ဒါကြောင့် မင်းတို.စစ်တပ် လူကြီးဆိုတဲ့ ကောင်ကြီးတွေ သောက်ပြော ခွေးတောင်မယုံတာ သိထားကြ။'''
ဆိုတော့..မင်းမယုံဘူးမဟုတ်လား...မင်းကွာကိုယ်ပြောတဲ့အဓိပါယ်ကိုယ်ကိုယ်တိုင်ေ၇ာနားလည်၇ဲ့ လား..၇ယ်သွားပါတယ်သူငယ်ချင်း..နောက်ဆိုပြောချင်၇င်မင်းနာမည်တပ်ပြောကွာ....
You guys are the same, those who pro-fucking generals always against to ASSK and those who fucking so-called democracy activities are also against to generals.
Question? Who is right?
Answer... every one right for them. Don't against each other. Stupid Burmese are the same, there will no democracy for your guys.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်