Subscribe to our RSS Feed

တလွဲကို ဆံပင်မကောင်းကြဖို့

အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို သိပ်ချစ်ကြသော မြန်မာပြည်သူများအနေဖြင့် ဗိုလ်ချုပ်ပြောခဲ့တဲ့ စကားတွေကို မေ့ကုန်ကြပြီလား စဉ်းစားစရာပင်ဖြစ်သည်။ "တလွဲကို ဆံပင်မကောင်းကြဖို့" ဗိုလ်ချုပ်ပြောခဲ့တဲ့ မိန့်ခွန်းတွေ ခုချိန်ထိ အင်တာနက်ပေါ်မှာ ရှိနေလျှက်နဲ့ပဲ မြန်မာတွေ တလွဲကို ဆံပင်ကောင်းနေကြတုန်းပါ။ ဒီနေ့ ဒီချိန်ထိ အဓိကနဲ့ သာမညကို ခွဲခြားမသိ၊ အမေကျော် ဒွေးဒေါ်လွမ်းလို့ ကောင်းနေတုန်းပါပဲ။

နိုင်ငံသား အားလုံး လိုလားတာက ဒီမိုကရေစီ လို့ အော်နေပေမယ့် အမှန်တကယ်လုပ်ဆောင်နေတာတွေက ဒီမိုကရေစီ ရဖို့လုပ်နေကြတာမဟုတ်ပါဘူး။ အားလုံးက ဒေါ်အောင်ဆန်းစုကြည် ဘယ်သွားလဲ၊ ဘာလုပ်လဲ ဆိုတာပဲ စိတ်ဝင်စားနေကြပါတယ်။ မီဒီယာတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တစ်နေ့တစ်နေ့ ဘယ်သွားတယ်၊ ဘာလုပ်တယ် ဆိုတာကိုပဲ ဖော်ပြနေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း လွန်ခဲ့တဲ့ အနှစ် ၂၀ က အတိုင်း အမျိုးသားရင်ကြားစေ့ မယ် ဆိုတာချည်းပဲ ပြောနေတုန်းပါ။ ခုတော့ အရင်လို ကြေညာချက်တွေ သက်စေ့ထုတ်နိုင်ဖို့ တကွဲတပြားဖြစ်နေတဲ့ NLD ပါတီကို အသက်သွင်းဖို့ ကြိုးစားနေပါပြီ။ အမှန်တော့ NLD ဆိုတာကလည်း ဒေါ်စု လက်ခုတ်ထဲကရေပါပဲ။ NLD ကို ယုံကြည်အားကိုးသူအားလုံးကလည်း ဒေါ်စုလက်ခုတ်ထဲကရေနဲ့ အတူတူပါပဲ။ မိန်းမပြီပြီ စောင်းမြောင်း ချိတ်ငေါ့ ပြောဆိုတတ်တဲ့ ဒေါ်စုအတွက် ဘာပြောပြောနားထောင်ချင်တဲ့လူတွေ သိပ်များနေတာက အားသာချက်တစ်ခုပါ။ ဒါပေမယ့် အလုပ်လုပ်နိုင်ကိုင်နိုင်တဲ့ အရွယ်တွေ၊ လူသားအရင်းအမြစ်တွေက ဒေါ်စုရဲ့ စကား ၁ နာရီလောက်နားထောင်ဖို့အတွက် မနက် ၆ နာရီကသွားပြီး နေရာဦးရ၊ ထိုင်စောင့်ရ၊ အအိပ်ပျက်ခံရ၊ အစားပျက်ခံရတာ ဝမ်းနည်းစရာကောင်းလွန်းပါတယ်။ အဲ့လိုလုပ်နေတဲ့လူတွေက ဘယ်လိုအသိညာဏ် နဲ့ လုပ်နေလဲဆိုတာ သိသာသလို၊ အဲ့လောက်ပဲ အသိဥာဏ်ရှိတဲ့လူတွေကပဲ အဲ့ဒီ မိုက်ရူးရဲ အလုပ်တွေနဲ့ ဒေါ်စုနောက်ကို ရူးရူးမိုက်မိုက် ထောက်ခံနေကြတာပါ။ ဆရာချစ်ဦးညိုပြောသလိုပါပဲ အရူးတွေရဲ့ ခေါင်းဆောင်က ပိုရူးလို့ လို့ပဲပြောရမလား။ ဘာပဲဖြစ်ဖြစ် နိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ကိုတော့ နှမျှောမိပါတယ်။ ခုလိုခေတ်ကြီးမှာ ဘယ်နိုင်ငံက ဘယ်နိုင်ငံသားမျိုးမှ အဲ့လို ဥာဏ်နည်းတဲ့အလုပ်တွေ မလုပ်ပါဘူး။

အိမ်ပြန်ချန်ကိုတောင် မသိတော့သူ.. ပြန်လာမယ်ဆိုတာ မသိတော့သူ.. ဒီကစောင့်နေသူ..

အခုအနေအထားက အစိုးရဖက်က တော်လျှော့ပေးပြီး လိုက်လျှောမှုတွေ လုပ်ဆောင်နေတယ် ဆိုတာ သိသာပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ က စစ်တပ်အုပ်ချုပ်မှုစနစ်နဲ့ ခုချိန်နဲ့ လုံးဝ ကွာခြားနေပါပြီး။ ဒါပေမယ့် မနေ့တနေ့ရမှ အကျယ်ချုပ်ထဲက ထွက်လာသူအတွက် ပြင်ပမှာ ဘာတွေဖြစ်နေတယ် ဆိုတာ ဘာမှမသိပါဘူး။ ဒီတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ က ပုံစံအတိုင်းပဲ ပြန်ုလုပ်ဖို့ ကြိုးစားနေတာပါ။ တစ်နေ့ကို ၆ နာရီလောက် ဘီဘီစီ၊ ဘီအိုအေ၊ အာဖက်အေ၊ ဒီဗွီဘီ တို့ တစ်လှည့်စီ နားထောင်နေတဲ့ လူတစ်ယောက်အတွက် နိုင်ငံတော်နဲ့ အစိုးရအပေါ်ကို ဘယ်လိုမြင်မလဲ ဆိုတာအားလုံး သိနိုင်ပါတယ်။ အဲ့ဒီအလုပ်ကိုပဲ ၇ နှစ်လောက် လုပ်လာတဲ့လူက ခုချိန်မှာ နိုင်ငံခေါင်းဆောင် ဝင်လုပ်မယ်ဆိုတော့ ဘယ်လိုလက်ခံစရာ အကြောင်းရှိမလဲ။

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူကိုတော့ ချစ်ပါတယ်။ ဒါပေမယ့် ပြည်သူထက် ပါတီကိုတော့ ပိုချစ်တယ် ဆိုတာ ခု သူ ဘာအတွက် လုံးပမ်းနေလဲ ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ပါတီကို ပိုချစ်ပေမယ့် သူ့ကိုယ်သူထက်တော့ ဦးစားမပေးပါဘူး။ သူ့ကိုယ်သူတော့ အချစ်ဆုံးပါ။ ဒါကြောင့် သူမရှိချိန်မှာ ပါတီအာဏာရသွားမှာစိုးလို့ ဝင်မပြိုင်ခိုင်းခဲ့ပါဘူး။ ဒီလိုနဲ့ အရည်အချင်းမရှိတဲ့လူတွေ စုနေတဲ့ NLD ကလည်း အလိုလိုပျက်သွားခဲ့ရပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ရက် ၆၀ ကြိုတင်ကြေညာပြီး မှတ်ပုံတင်ခိုင်းထားပြီး မတင်ပါက အလိုလိုပျက်မည်ကို ကြေညာထားပါလျှက် NLD သက်ကျားအို များက ဒေါ်စု အမိန့်မရလို့ မတင်ခဲ့ရပါဘူး။ ပျက်သွားချိန်မှာ တောင်အော်မြောက်အော် အော်ကြပါသေးတယ်။ ရှင်းနေတာကို ရှုပ်အောင်လုပ်အောင် လုပ်နိုင်တာ NLD ရဲ့ မကောင်းတဲ့ သန္ဓေတစ်ခုပါပဲ။ မှတ်ပုံမတင်ပဲနေလို့ ရက် ၆၀ ကျော်ရင် ပျက်မယ် ဆိုတာ သိသိကြီးနဲ့ မှတ်ပုံမတင်ပဲ ရက် ၆၀ ပြည့်အောင် ထိုင်စောင့်ပါတယ်။ အဲ့ဒီနောက် ရက် ၆၀ ပြည့်လို့ ပျက်ချိန်မှာ အတင်းအဓမ္မ ဖျက်ပါတယ်ဆိုပြီး ချက်ချင်း အော်ပါလေရော။ ခုကျတော့လည်း တခါ ပြန်ပြီး ရပ်တည်ဖို့လုပ်ရပြန်ပါပြီ။ အမှန်တော့ ဥပဒေကို ကိုယ်ဖြစ်ချင်တဲ့အတိုင်း လုပ်နေတာ အစိုးရမဟုတ်ပါဘူး။ NLD နဲ့ ဒေါ်စုပါပဲ။

ဗြိတိသျှတို့ ရဲ့ မူကို အခြေခံရေးတဲ့ အခြေခံဥပဒေကိုမှ လက်ခံပြီး မြန်မာတိုင်းရင်းသားတွေနဲ့ ညှိနိုင်းရေးဆွဲထောက်ခံထားတဲ့ အခြေခံဥပဒေကိုတော့ ဒေါ်စုနဲ့ အပေါင်းအပါများက ပြင်းပြင်းထန်ထန် ကန့်ကွက်လို့ကောင်းနေတုန်းပါ။ ဒေါ်စုရဲ့ ဗြိတိသျှနဲ့ အနောက်နိုင်ငံကို ချစ်တဲ့စိတ်ကတော့ ယောင်္ကျားနဲ့ ခလေးတွေက သက်သေပါပဲ။

ယောင်္ကျားရလို့ ပျော်နေသော ဒေါ်စု



Myanmar Express

1 comments:

DASSK has more supporter than you military guys. To be frank, you guys are really jealous about DASSK. Ask yourself that what your military junta has done past 22 years? Abusing power and corruption are very obvious. Ordinary people's life weren't improved.Other countries have advanced last 22 years but you military guys kept our country poor. Be honest. Do not lie yourself and others as well. Think of others. Don't be selfish.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်