Subscribe to our RSS Feed

သတင်းထူး ကဏ္ဍ - ၁

ဒီတပတ်အတွက် အထူးခြားအရေးပါဆုံး သတင်းထူးတစ်ခုကို ၂၃.၁၁.၂၀၁၀ ရက်နေ့က မလေးရှားရောက် အလုပ်ကြမ်းသမား ပညာမဲ့သူ များ အလုပ်ပြုတ်ရင်း ကြံရမရ လို့ စီးပွားဖြစ်ဘလော့ရေးကြရင်း ပူးပေါင်း ထူထောင်ထားတဲ့ မျိုးသာကီအတွက် ရဲဝံ့ဇာနည် ဆိုတဲ့ ဘလော့ မှာဖြစ်ပါတယ်။ သတင်းခေါင်းစဉ်က သိပ်ကို အံ့သြောတုန်လှုပ်စရာ ကောင်းပါတယ်။ ခေါင်းစဉ်က ကိုထိန်လင်း၏ ရင်ဘတ်ပေါ်မှ သရဲလေးကို မြင်ရ၍ ရန်ကုန်လေဆိပ် အာဏာပိုင်များ ကြောက်ရွံ့တုန်လှုပ် ပါတဲ့။

သတင်းစုဆောင်းမှု အလွန်ကောင်းကြောင်း သိသာစေပါတယ်။ ဒါ့အပြင် မန်ဘာဝင်အားလုံးဖြစ်သော 1. Arzarnimg@gmail.com 2. Ahbayah@gmail.com 3. Downtamun@gmail.com 4. Freeburma.freeburma@gmail.com 5. Minmawsoe1975@gmail.com 6. Nayminthuria@gmail.com 7. Nyiarzarni@gmail.com 8. Nyonya.nay@gmail.com 9. Ronal50@gmail.com 10. Thadarmay@gmail.com 11. Truemmnews@gmail.com 12. Tw23tinwin@gmail.com 13. Wunnahtun1944@gmail.com 14. phyowai1984@gmail.com တို့ရဲ့ ဦးနောက်နဲ့ အသိဥာဏ် ကို သိနိုင်ပါတယ်။ အာဇာနည် ဘလော့အနေနဲ့ အခုလို တန်ဖိုးရှိတဲ့ သတင်းထူးတွေ များများဆက်တင်ရင်း မြန်မာနိုင်ငံ ဒီမိုကရေစီအမြန်ရအောင် ဦးဆောင်လမ်းပြနိုင်ပါစေလို့ လို့ ပြောရင်း မှတ်သားဖွယ်ရာ ပို့ အတွက် ဂုဏ်ပြုမှတ်တမ်းတင်လိုက်ပါတယ်။ နောက် ၁၀ နှစ်လောက်ကြာရင် အထက်ပါ မန်ဘာဝင် ၁၄ ဦးတို့ရဲ့ သား၊ သမီးလေးတွေကို ဒီပိုစ့်လေး ပြန်ဖတ်ခိုင်းပြီး ဒါက အဖေတို့ ဘလော့ကွ ဆိုပြီး ဂုဏ်ယူနိုင်ကြပါစေဗျာ......။



နောက်ထပ် အံ့သြောဖွယ်ရာ မြန်မာ့ ဒီမိုကရေစီရေးအတွက် အရေးပါတဲ့ သတင်းတစ်ခုကတော့ ဒီမိုဝေယံ ဘလော့မှာ ၂၃.၁၁.၂၀၁၀ ရက်နေ့က တင်ခဲ့တဲ့ အဖွဲ့ချုပ်အလံ TATOO ကို ဒီဆိုင်မှာ ထိုးခဲ့တာပါတဲ့.. ဆိုတဲ့ သတင်းထူးပဲဖြစ်ပါတယ်။ ကမ်န်အဲရစ် နဲ့ ကိုယ်တိုင် ပြောပြီး သတင်းယူခဲ့တာလား၊ ဒါမှမဟုတ် လက်မောင်းက တက်တူးနဲ့ တက်တူးဆိုင်ရှေ့မှာ ရိုက်ထားတဲ့ ပုံနှစ်ပုံတွေ့လို့ တင်လိုက်တာလားတော့ ဘလော့ပိုင်ရှင် ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ ဘလော့တစ်ခုလုံးမှာ ကိုယ်တိုင်ရေးထားတာ မရှိသလောက်နည်းပေမယ့် ဒီတစ်ကြိမ်မှာ တစ်ပက်အတွင်း သတင်းထူး ကဏ္ဍ မှာ ဖော်ပြခံရလို့ ဂုဏ်ယူပါတယ်။ ဒီမိုဝေယံ ဘလော့အနေနဲ့ အခုလို တန်ဖိုးရှိတဲ့ သတင်းထူးတွေ များများဆက်တင်ရင်း မြန်မာနိုင်ငံ ဒီမိုကရေစီအမြန်ရအောင် ဦးဆောင်လမ်းပြနိုင်ပါစေလို့ ပြောရင်း မှတ်သားဖွယ်ရာ ပို့ အတွက် ဂုဏ်ပြုမှတ်တမ်းတင်လိုက်ပါတယ်။ နောက် ၁၀ နှစ်လောက်ကြာရင် demowaiyen@gmail.com ရဲ့ သား၊ သမီးလေးတွေကို ဒီပိုစ့်လေး ပြန်ဖတ်ခိုင်းပြီး ဒါက အဖေဘလော့ကွ၊ ဒီသတင်း အဖေတင်ထားတာကွ ဆိုပြီး ဂုဏ်ယူနိုင်ပါစေဗျာ......။



Myanmar Express

7 comments:

ဟား ဟား လို့ပဲရီတော့ ရေးထားတာတွေကဆောက်တလွဲပဲ သူတို့ကအားလုံး ဂျပန်က ဆောက်ရူးရဲ့ နောက်တခါရေးရင်ရန်းမတုတ်နဲ့ ကြားလား

း)
သူတို့တွေ မလေးရှားမှာ ဘယ်လိုနေတယ် ဆိုတာကိုပါ ပြောပြရအုံးမှာလား

ကောင်း ကောင်းပြောပါ ဟ။

ကောင်း ကောင်း ပြော ပါ ဟ ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်