Subscribe to our RSS Feed

မန္တလေးတက္ကသိုလ် ဂုဏ်ထူးတန်း ပြန်ဖွင့်မည်

From : ခေတ်လူငယ်

မန္တလေးတက္ကသိုလ်မှာ ၁၅ နှစ်ကျော်ကြာ ဖွင့်လှစ်ခြင်းမပြုခဲ့တဲ့ ပထမနှစ် ဂုဏ်ထူးတန်းကို ယခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ကစပြီး ပြန်လည်ဖွင့်လှစ်တော့မယ်လို့ အဆင့်မြင့်ပညာ ဦးစီးဌာန (အထက်မြန်မာပြည်)မှ သိရပါတယ်။ ၁၉၈၅-၁၉၈၆ တက္ကသိုလ် ပညာသင်နှစ်မှ ၁၉၉၆-၁၉၉၇ ခုနှစ် ပညာသင်နှစ်အထိ မန္တလေးတက္ကသိုလ်မှာ ဂုဏ်ထူးတန်းတွေကို ဖွင့်လှစ်ပေးခဲ့ဖူးပါတယ်။ အဆင့်မြင့်ပညာ ဦးစီးဌာန (အထက်မြန်မာပြည်)ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေမှ အထူးပြုဘာသာရပ် ၂၀ မှာ သက်ဆိုင်ရာ ဘာသာရပ်အလိုက် အမှတ်အများဆုံးရသူ ၂၀ စီကို ရွေးချယ်ပြီး တက်ရောက်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ စစ်ကိုင်းတက္ကသိုလ်တွင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ပထမနှစ် သင်တန်းများကို ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဖွင့်လှစ်သည့်အခါ အထူးပြုဘာသာရပ်များ ဖြစ်သည့် မြန်မာစာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ ဓါတုဗေဒ၊ ရူပဗေဒ၊ သချာင်္၊ သတ္တဗေဒ၊ ရုက္ခဗေဒတို့ ပို့ချမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့ထုတ် ကုမုဒြာ  ဂျာနယ်တွင် ဖော်ပြထားပါသည်။  

 Myanmar Express 

1 comments:

ယင်လတ်နဲ့ကြတော့အိုဘားမားကဖန်ခွက်ချင်းပဲထိလို့ရ
တယ်
ဒေါ်စုနဲ့တွေ့မှပဲမျက်နှာချင်းကပ်ရင်ချင်းအပ်ဖင်ချင်းထပ်ပြီးသံဝါသပြုလို့ရတော့တယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်