Subscribe to our RSS Feed

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်

From : သမ္မတရုံး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် ( ၁၁ / ၂၀၁၂ )
၂၀၁၂ ခုနှစ်၊  နိုဝင်ဘာလ   ၂၉      ရက်
၁၃၇၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော်  ၁    ရက်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတော်သမ္မတ ဦးဆောင်၍ ပြည်သူလူထုနှင့် လက်တွဲအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မှန်ကန်သော ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားစေရေးအတွက် ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာကဏ္ဍများအလိုက် ဥပဒေနှင့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများရေးဆွဲ ပြဋ္ဌာန်းပေးလျက်ရှိသည်။

၂။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄၊ ပုဒ်မခွဲ(ခ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ “ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ” ကို ၂၀၁၁ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁၅ ဖြင့် (၂-၁၂-၂၀၁၁)ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ ဒီမိုကရေစီကျင့်စဉ်အား လေးစားလိုက်နာသော နိုင်ငံသားများ ဖြစ်စေရန်နှင့် ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်စေရန် ပြဋ္ဌာန်းပေးခြင်းဖြစ်သည်။ အဆိုပါဥပဒေနှင့် နည်းဥပဒေများအရ နိုင်ငံသားများ အနေဖြင့် မိမိတို့၏ လိုအင် ဆန္ဒနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခွင့်ရှိသည့် နည်းလမ်းများဖြင့် ဖော်ထုတ်ခွင့်၊ ဟောပြောခွင့်များကိုစနစ်တကျ ဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်သည်။

၃။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် ယခင်အစိုးရ လက်ထက်မှစ၍ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်စေရေးအတွက် သဘာဝသယံဇာတ ထုတ်ယူမှုနည်းလမ်းကို သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြင့် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ နည်းပညာများ အသုံးပြု၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှု အခြေခံ၍ နိုင်ငံတော်အတွက် စီးပွားရေးတွက်ခြေကိုက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိမှု၊ နည်းပညာများ ရရှိမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့ကို စနစ်တကျ တွက်ချက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ကောင်းမွန်သောရည်ရွယ်ချက်များ ရှိနေသည်ကိုမျက်ကွယ်ပြု၍ လူအများအားစည်းရုံးလှုံ့ဆော်ပြီး စီမံကိန်း ပျက်ပြားစေရန် ဆောင်ရွက်လာသည်ကို တွေ့ရှိရသည်။ ကြေးနီစီမံကိန်း အတွင်းပုဒ်မ ၁၄၄ ထုတ်ပြန်ကြေညာထားသည်ကို သိရှိလျက် သပိတ်စခန်းများ ဖွင့်ခြင်း၊ စီမံကိန်း ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ စီမံကိန်းထောက်ပံ့ရေးစနစ်များကိုဖျက်ဆီးခြင်း၊ ဝန်ထမ်းများကို အနှောက်အယှက်ပေးခြင်းတို့ဖြင့် ဥပဒေနှင့်မညီစွာလူစုလူဝေးနှင့် ဆူပူ ဆန္ဒပြ လာခဲ့သည်။

၎။ ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက စီမံကိန်းနယ်မြေတစ်ဝိုက် ဆန္ဒပြနေသော အဖွဲ့အစည်းအားလုံးသည် ၂၇-၁၁-၂၀၁၂ ရက် ည (၁၂)နာရီတွင် နောက်ဆုံးအချိန် ထားပြီးဖယ်ရှားရှင်းလင်းပေးရန်နှင့် အကယ်၍ ဖယ်ခြားရှင်းလင်းခြင်းမပြုပါကဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီတည်ဆဲဥပဒေများအတိုင်းအဆင့်ဆင့် ဖြေရှင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၂၇-၁၁-၂၀၁၂ ရက်တွင် သတိပေးထုတ်ပြန်ကြေညာခဲ့ သည်။ နောက်ဆုံးထွက်ခွါပေးရန် သတ်မှတ်သည့်အချိန် မတိုင်မီလုံခြုံရေး တပ်ဖွဲ့ဝင်များက အသံချဲ့စက်များဖြင့် လူစုခွဲရန် ကြိမ်ဖန်များစွာမေတ္တာရပ်ခံခဲ့သည့်အပြင်၊ သတ်မှတ်အချိန် ကျော်လွန်သွားခဲ့သည့်တိုင် ထွက်ခွာပေးခြင်းမရှိသည်ကိုထပ်မံ၍ အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့သည်။

၅။ သို့ရာတွင် ဆန္ဒပြသူများသည် အဆိုပါနေရာများမှ ထွက်ခွာပေးခြင်း၊ လူစုခွဲခြင်းမရှိသဖြင့်၂၈-၁၁-၂၀၁၂ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဓိကရုဏ်းနှိမ်နှင်းရေး နည်းစနစ်များ အတိုင်းအဆင့်ဆင့် ရှင်းလင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် အဓိကရုဏ်းနှိမ်နှင်းရေးအတွက် နိုင်ငံတကာက အသုံးပြုလျက်ရှိသော မီးသတ်ပိုက်များ၊ မျက်ရည်ယို ဗုံးများနှင့် မီးခိုးဗုံးများကိုသာအသုံးပြုခဲ့ပြီးအင်အားအလွန်အကျွံ သုံးစွဲ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းသိရှိရသည်။ လူအုပ်စုခွဲခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ပြည်သူ့ဆေးရုံ များတွင် ဒေသဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ဆေးဝါးကုသပေးလျက်ရှိကြောင်းသိရှိရသည်။

၆။ ထိုသို့ဆောင်ရွက်ရခြင်းသည်  တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။


  Myanmar Express 

22 comments:

လုပ်သင့်တာကြာပီ။ဒီမိုကရေစီမင်းမဲ့စရိုက်ဖြစ်နေတာ။ထောက်ခံပါတယ်။တနည်းကနောက်ကနေသွေးထိုးပီးတပ်မတော်ကိုတိုက်ခိုက်တာလို့မြင်တယ်။ထောက်ခံပါတယ်။

မြန်မာပြည်က ဒီမိုကရေစီနဲ့ မတန်ဘူး
အရင်အစိုးရတုံးကတော့ဖင်တုန်အောင်
ကြောက်ပြီးမပြောရဲဘဲ အခုကြမှဖင်ယား
ကြတယ်။ အစိုးရကတစ်ခုလိုက်လျောလိုက်
တယ်ဆို တခုတောင်းဆိုဘို့ မလုပ်ကြပါနဲ့ ။
စကားပုံပြောရင် သနားလို့ နို့ ပေးကိုင် ဟိုဟာ
ရန်ရှာဆိုသလိုဖြစ်နေပြီ။ စဉ်းစားကြပါအုံး။

ထိုသို့ဆောင်ရွက်ရခြင်းသည် တရားဥပဒေမဲ့အစိုးရအတွက် သန်းရွှေနှင့်အပေါင်းအပါမျာ်း၏ အကျိုးစီးပွား တိုးတက်ရေးနှင့် အများပြည်သူတို့၏ အကျိုးစီးပွား ဆုတ်ယုတ်ကာ သူတောင်းစားဖြစ်ရေးအား ၄င်းတို့ဥပဒေနှင့်အညီ ဖြစ်မြောက်နိုင်ရန် ဒီမိုကရေစီ အလကား ကျင့်စဉ်နှင့် အညီဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။။။

ဒါကဘာမှန်းမသိအားတိုင်းဆန္ဒပြနေတာမဆီမဆိုင်ဘုန်ကြီးတွေကပါမြှောက်ပေးတိုင်းဆန္ဒပြတာအစစ်တွေရောဟုတ်ရဲ့လား။ဒီမိုကရေစီနစ်အတိုင်းအစိုးရထိန်းတာမလွန်ပါ။

ဝေဖန်ထောက်ပြတဲ့လူတွေ အများကြီး ပေါ်ထွက်လာတော့မယ်
အဲဒါကအရမ်းလွယ်တယ်လေ အရုပ်ဆိုးအကျည်းတန်တဲ့
ဖြစ်ရပ်ကြီးတခု ထပ်မံဖြစ်ပွားခဲ့ပြန်ပြီ အားမလိုအားမရဖြစ်မိတယ် စိတ်ဓါတ်တွေလည်းကျကုန်ပြီ မြန်မာအပေါင်းတို့ရယ်

ဦးသန်းထွဋ်အောင်ကတော့ ဓါတုလက်နက်သုံးသယောင်ပြောနေတယ်။ သေသေချာချာရှင်းပြပြီး ချေဖျက်ပေးဖို့လိုတယ်။ သွေးပူနေခိုကိရှင်းပြတာကောင်းပါတယ်။ ပြည်သူတွေကိုသနားပေမယ့် ဦးသန်းထွဋ်အောင်ကိုတော့မယုံပါ။ ပြည်သူအားလုံးကိုလည်း သတိပေးပါရစေ။ သူဟာ ပြဿနာကို ပုံကြီးချဲ့တတ်တဲ့အကျင့်ရှိသူပါ။

ဦးသန်းထွဋ်အောင်ကတော့ ဓါတုလက်နက်သုံးသယောင်ပြောနေတယ်။ သေသေချာချာရှင်းပြပြီး ချေဖျက်ပေးဖို့လိုတယ်။ သွေးပူနေခိုကိရှင်းပြတာကောင်းပါတယ်။ ပြည်သူတွေကိုသနားပေမယ့် ဦးသန်းထွဋ်အောင်ကိုတော့မယုံပါ။ ပြည်သူအားလုံးကိုလည်း သတိပေးပါရစေ။ သူဟာ ပြဿနာကို ပုံကြီးချဲ့တတ်တဲ့အကျင့်ရှိသူပါ။

ဦးသန်းထွဋ်အောင်ကတော့ ဓါတုလက်နက်သုံးသယောင်ပြောနေတယ်။ သေသေချာချာရှင်းပြပြီး ချေဖျက်ပေးဖို့လိုတယ်။ သွေးပူနေခိုကိရှင်းပြတာကောင်းပါတယ်။ ပြည်သူတွေကိုသနားပေမယ့် ဦးသန်းထွဋ်အောင်ကိုတော့မယုံပါ။ ပြည်သူအားလုံးကိုလည်း သတိပေးပါရစေ။ သူဟာ ပြဿနာကို ပုံကြီးချဲ့တတ်တဲ့အကျင့်ရှိသူပါ။

ပြဿနာကိုငြိမ်းချမ်းစွာရှင်းဖို့အစိုးရကအချိန်ပေးလူစုခွဲခိုင်းတယ်ဟုတ်။။။မင်းတို့ကနွားတွေလိုကျောပြင်ဗျောတင်ဖို့တောင်းဆိုတယ်မလား။

ယင်လတ်နဲ့ကြတော့အိုဘားမားကဖန်ခွက်ချင်းပဲထိလို့ရ
တယ်
ဒေါ်စုနဲ့တွေ့မှပဲမျက်နှာချင်းကပ်ရင်ချင်းအပ်ဖင်ချင်းထပ်ပြီးသံဝါသပြုလို့ရတော့တယ်

အဲ့ဒီထဲအကဲဆုံးကဘုန်းကြီးအမည်ခံတွေ။ဒီမိုကရေစီအစိုးရမလွန်ပါ။နိုင်ငံတကာအစိုးရတွေလည်းမျက်ရည်ယိုဗုံးသုံးပါတယ်။လူစုခွဲဖို့ကအစိုးရကဂွနဲ့ပြစ်ရမှာလား။

စပြီးအကြမ်းဖက်တာဒီကောင်တွေပါ
ဒီမိုကရေစီဆိုတာ ဥပဒေ ကိုလေးစားရမယ်ဆိုတာ
ဒီကောင်တွေမသိသေးဘူး
ဒီလိုသာဥပဒေကိုလေးစားဘဲနေရာတရာလိုချင်တာတွေကိုဘဲ
ဆန္ဒပြနေရင်ဘယ်နိုင်ငံခြားတိုင်းပြည်ကလာပြီး
ရင်းနှီးမြုပ်နှံကြမှာလဲ?
နည်းပညာတွေလဲဘယ်တော့မှမရနိုင်တော့ဘူး
ဘုန်းကြီးတွေကလဲနေရာတကာရှေ့ထွက်ပြီးပါနေတာကိုယ်က
ဗုဒဘာသာသာသနာနဲ့မညီဘူး
သူတို့လိုလားနေတဲ့ အမေရိကန်တွေလာပြီးလုပ်မှအားလုံးမှန်တယ်
အားလုံးကောင်းတယ်ဘဲထင်နေကြတယ်
တရုတ်ကဗမာပြည်နဲ့ကပ်နေတာ၊ တရုတ်ကမကျေနပ်လို့
တခုခုလုပ်ရင်ကျုပ်တို့ဗမာပြည်ဘဲခံရမှာ
အမေရိကန်တွေကဗမာပြည်နဲ့အဝေးကြီး
အခုအချိန်မှာတကမ္ဘာလုံးကတရုတ်ကိုကြောက်နေရတဲ့အချိန်
ဦးအောင်မင်းအမှန်တွေပြောတာကိုလဲဝိုင်းဆဲကြသေးတယ်

ဒေါ်စုကလဲဗမာနဲ့ကပ်နေတဲ့ ထိုင်း၊အိန္ဒိယ၊တို့တော့သွားတယ်
တကယ့်အင်အားကြီးနဲ့အိမ်နီးချင်းတရုတ်ကိုတော့မသွားဘူး

ဒါရှင်းနေပါတယ်၊ဒေါ်စုဟာအမေရိကန်တွေဘက်ကပေါင်းပြီး
တရုတ်ကိုရန်သူအဖြစ်လက်ခံပြီး၊ လက်ရှိအစိုးရနဲ့တရုတ်အစိုးရကြားမှာ
ရန်တိုက်ပေးနေတာထင်ရှားလှပါတယ်

တကယ်တော့..ဗမာပြည်သူတွေဟာဒီမိုကရေစီရဲ့အနှစ်သာရဆို
တာဘာမှန်းမသိသေးလို့အနောက်အုပ်စုကျင့်သုံးနေတဲ့
ဒီမိုကရေဒီနဲ့မထိုက်တန်သေးပါ

ပုဒ် မ ၁၄၄ ထုတ် ပြန် ထား တဲ. စီ မံ ကိန်း ဧ ရိ ယာ အ တွင်း ထိ သ ပိတ် စ ခန်း ဖွင်.က ထဲ က ဥ ပ ဒေ နဲ. ညှိ စွန်း နေ ပါ ပြီ။

သန်းထွဋ်အောင်က အတည်မပြုရသေးတဲ့သတင်းအရ ဆိုပြီးဘုန်းကြီး၆ပါးဘဲသေသယောင်ယောင် ဘုန်းကြီးတွေအုံကြွအောင်ဆွနေပြန်ပြီ သန်းထွဋ်အောင် သစ်သူခိုး မင်းအကြောင်းအကုန်သိပြီး သား မဟုတ်ဘဲရေးလို့ကတော့ အကြောင်းသိမယ်

အခွင့်အရေးသမားတွေက ဥပဒေကို မလိုက်နာကြတော့သူများကိုလည်း မလိုက်နာအောင် မျှောက်ပေးနေကြတာ အခုအဖြစ်အပျက်ဟာ ဥပဒေမလိုက်နာလို့ဖြစ်သွားတာလို့ယူဆပါတယ် ဥပဒေ ကိုလေးစားလိုက်နာဘို့ ဘေးကင်းကွာဘို့ ဘုန်းဘုန်းတို့က ဆိုဆုံးမရမဲ့အစား ကိုယ်တိုင်ဖေါက်ဖျက် ပြနေတာကို ဗုဒ္ဓဘာသာဝင်စစ်စစ်တွေအဘို့ နားမလည် နိုင်ပါ အားလည်းမပေးပါ လက်တစ်ဆုပ်စာကောင်းစါးရေးအတွက် ဝင်မပါစေလိုပါ တစ်မျိုးသားလုံးအရေးဆိုရင်တောင် တပည့်တော်တို့စိတ် ဓါတ်က သံဃာကို အသုံးမချပါဘူး ကိုယ်ဖြစ်ကိုယ်ခံ ကိုယ်စံ ပါဘဲ ရဟန်းမစားရသောဆွမ်းတနပ်မှာ အဲဒီလို ပူညံပူံညံတွေလည်းပါမှာပါ။ ဆရာတော်တွေအနာခံခိုင်းပြီး သူတို့ကြတော့ပြေးလိုက်တာ လုပ်ဇါတ်တွေပါ။

အဲဒီ သန်းထွဋ်အောင်ကိုပါ နိုင်ငံတော် အသရေ ဖျက်မှုနဲ့ ဆွဲစိပြစ်လိုက်ပါ

ကြေးနီမထုတ်ရ သစ်မခုတ်ရ အင်းလေလံမပစ်ရ ရေအားလျှပ်စစ်မထုတ်ရ ရေနက်ဆိပ်ကမ်းမလုပ်ရ ရွှေမတူးရ ကျောက်မတူးရ ဓါတ်ငွေ့ပိုက်လိုင်းမသွယ်ရ ရန်ကုန်တရားရုံးကြီးမငှားရ ဆိုတဲ့အမျိုးမျိုးသော ပညတ်တော်တွေချမှတ် လမ်းတွေဖေါက် တံတားတွေဆောက် ပညာရေး ကျန်းမာရေး တိုမြင့်လုပ်ဆောင်ဘို့အစီအစဉ်ရှိ မရှိတင်ပြ အစ မြို့နယ်မဲဆန္ဒနယ်လွှတ်တော်ရုံးတွေဆောက်ခိုင်းတာ အဆုံး အစိုးရမှာ ဘယ်ကဘတ်ဂျက်ရှာလုပ်ရမှာတုံး လက်ရှိ အစိုးရကို စိတ်ညစ်ပိန်ချုံးအောင် နှုတ်ထွက်အောင် ဝိုင်းလုပ်နေကြ ဆန္ဒအမျိုးမျိုးပြနေကြ မင်းသားကြီးမလုပ်ရလို့ ပတ်မကြီးထိုးဖေါက်နေကြတာ အတော်အသင့်ကောင်းတယ်

ကြေးနီမထုတ်ရ သစ်မခုတ်ရ အင်းလေလံမပစ်ရ ရေအားလျှပ်စစ်မထုတ်ရ ရေနက်ဆိပ်ကမ်းမလုပ်ရ ရွှေမတူးရ ကျောက်မတူးရ ဓါတ်ငွေ့ပိုက်လိုင်းမသွယ်ရ ရန်ကုန်တရားရုံးကြီးမငှားရ ဆိုတဲ့အမျိုးမျိုးသော ပညတ်တော်တွေချမှတ် လမ်းတွေဖေါက် တံတားတွေဆောက် ပညာရေး ကျန်းမာရေး တိုမြင့်လုပ်ဆောင်ဘို့အစီအစဉ်ရှိ မရှိတင်ပြ အစ မြို့နယ်မဲဆန္ဒနယ်လွှတ်တော်ရုံးတွေဆောက်ခိုင်းတာ အဆုံး အစိုးရမှာ ဘယ်ကဘတ်ဂျက်ရှာလုပ်ရမှာတုံး လက်ရှိ အစိုးရကို စိတ်ညစ်ပိန်ချုံးအောင် နှုတ်ထွက်အောင် ဝိုင်းလုပ်နေကြ ဆန္ဒအမျိုးမျိုးပြနေကြ မင်းသားကြီးမလုပ်ရလို့ ပတ်မကြီးထိုးဖေါက်နေကြတာ အတော်အသင့်ကောင်းတယ်

ရှု့ထောင့်မတူ၍အမြင်လည်းမတူနိုင်ပါ။အချိန်ကဆုံးဖြတ်ပေးမှာပါ။

ရှုပ်ပါတယ်ကွာ စောက်အခွင့်ရေးလိုချင်တဲ့ကောင်တွေ ပါးစပ်ပိတ် ဖင်ပိတ်သွားအောင် ဦးသန်းရွှေ ကိုသာ ပြန်အုပ်ချုပ်ခိုင်းလိုက်တော့

Fuck you Kyaing Kyaing and daughters.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်