Subscribe to our RSS Feed

Blacklist ကိစ္စ ဆက်သွယ်ရေးနှင့်စပ်လျဉ်းပြီး နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ ထုတ်ဖော် ပြောကြားချက်


(၁)
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ ရဲ့ သတင်းထုတ်ပြန်ချက် (၂/၂၀၁၂) မှာ "ပြည်ထောင်စုအစိုးရအနေနှင့် “နိုင်ငံရေးအရ နာမည်ပျက်စာရင်း” ဟုခေါ်ဆိုသော ပုဂ္ဂိုလ်များစာရင်းကိုလည်း ပယ်ဖျက်

ပေးထားပြီးဖြစ်သည့်အပြင် ယင်းကိစ္စများနှင့် စပ်လျဉ်း၍ ဖြေကြားပေးနိုင်ရန်လည်း သမ္မတရုံးတွင် ဆက်သွယ်ရေး တာဝန်ခံတစ်ဦးကို ခန့်ထားပြီး ဖြစ်ပါသည်။" ဆိုပြီး ဖော်ပြ ပါရှိပါတယ်။

(၂)
အဆိုပါ တရားဝင် ထုတ်ပြန်ထားပြီး ဖြစ်တဲ့ ကြေညာချက်မှာ ပါဝင်တဲ့ နိုင်ငံတော်သမ္မတရုံးရှိ ဆက်သွယ်ရေး တာဝန်ခံမှာ သမ္မတရုံးဝန်ကြီးဌာန(၁)မှ ဒုတိယဝန်ကြီး ဦးသန့်ရှင်း ဖြစ်ပါတယ်။
Blacklist ကိစ္စနဲ့ပတ်သက် လို့ သူ့ရုံးကို ဆက်သွယ်မယ် ဆိုရင် အောက်ဖော်ပြပါ ဆက်သွယ်မှုတို့က တစ်ဆင့် ဆက်သွယ်နိုင်ပါတယ်-
ဖုန်း-၀၆၇-၄၀၉၂၅၁ ၊
ဖက်စ်-၀၆၇-၄၀၉၂၅၀ ၊
အီးမေးလ်- mmcontact@mptmail.net.mm

(၃)
ဒါ့အပြင် နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်မှတစ်ဆင့် ဆက်သွယ်တင်ပြရင်လည်း နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက်ကတစ်ဆင့် ဒုတိယဝန်ကြီး ဦးသန့်ရှင်းထံကို ဆက်လက်တင်ပြပေးမှာ ဖြစ်ကြောင်း အသိ ပေးလိုပါတယ်။
လေးစားစွာဖြင့်

ဇော်ဌေး
ညွှန်ကြားရေးမှူး
နိုင်ငံတော်သမ္မတရုံး
Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်