Subscribe to our RSS Feed

ABSDFလူသတ်ပွဲဘယ်သူတရားခံလဲ အပိုင်း-၎

From : ABSDF လူသတ်ပွဲဘယ်သူတရားခံလဲ အပိုင်း (၄)-ရေးသားသူ ညီညီ (မြောက်ပိုင်းရဲဘော်ဟောင်း)

ကျနော်ကကျောင်းသားတပ်ကိုရောက်ပြီး ၁၀ ရက်လောက်မှာတင်အဖမ်းခံရတာပါ။ရောက်ရောက်ချင်း ကျောင်းသားတပ်မှာအင်္ဂံလိပ်စကားပြောသင်တန်းဖွင့်တော့-KIAထောက်လှမ်းရေးကအရာရှိဗိုလ်ဂွန်မော်(ယ္ခုဗိုလ်မှုးချုပ်ဂွန်မော်)နဲ.အတူအခြားတယောက်လဲပါလာတက်ပါတယ်။ကျနော်အဖမ်းခံရတဲ့ညနေမှာပဲ ဗိုလ်မှုးကြီးပန်းအောင်နဲ.ဗိုလ်ဂွန်မော်တို.ရောက်လာပြီး ကျနော်ကို-KIAဘက်ခေါ်သွားပြီးကျနော့်ကိုKIAပြောင်းဖို.ခေါ်ပါတယ်။ကျနော်ကကျန်တဲ့အားလုံးထောက်လှမ်းရေးမဟုတ်တဲ့အကြောင်းကျနော့်အသက်နဲ.ရင်းပြီးအာမခံတယ်။အားလုံးကိုခေါ်ပေးပါ။ဖြေရှင်းပေးပါလို.ဆိုတော့အဲဒီDABမူကြီးကြောင့်မဖြေရှင်းနိုင်ခဲ့ပါဘူး။ကျနော်ထောင်ထဲထိပ်တုံးနဲ.နေစဉ်ဗိုလ်ဂွန်မော်နောက်ထပ်ရောက်လာပြီးထပ်ခေါ်ပါတယ်။အဲဒီတုန်းကထိပ်တုံးတဲကကျနော်ဘေးမှာစိုးမိုးလဲရှိပါတယ်။အဲဒီမှာလဲကျနော်ကအားလုံးကိုခေါ်ပေးဖို.ပြောတော့အဲဒီ DAB မူကြီးကြောင့်ပဲ ဘာမှရှေ.မဆက်နိုင်ခဲ့ပါဘူး။အဲဒီနောက်မှာဗိုလ်မှုးကြီးပန်းအောင်ကဦးစီးပြီး KIA တပ်ကလက်နက်တွေ အခိုးခံရလို.ဆိုပြီးသေနက်နံပတ်တွေတိုက်ဆိုင်စစ်ဆေးဖို.အတွက် ကျောင်းသားတပ်ထဲကသေနတ် တွေကို ၃ လက်ချင်း ၅ လက်ချင်းလိုက်သီမ်းတော့အလားတူပြသ၁နာတက်ပါတယ်။(ဘယ်သူတွေမှန်း မသိသူတွေက အဲဒီတုန်းကအတွင်းရေးမှုး -ယ္ခု ဥက္ကဌ ဦးဇောင်းခရားကိုဝင်ရောက်ပြောဆိုပြီး DAB မူနဲ. ခြီမ်းခြောက်ခဲ့လို.လက်နက်တွေပြန်ပေးလိုက်ရပါတယ်။နောက်ဆုံး ၅၅ ယောက်ထွက်ပြေးတုန်းက ဦးဆောင်ပြေးခဲ့တဲ့ ကိုမြင့်သိန်းနဲ.ကိုသန်.ဇင်မိုးတို.နှစ်ဦးဟာ KIA လိုင်စင်ဂိတ်အနီးမှာ “ကျနော်တို.ဟာထောက်လှမ်းရေးတွေမဟုတ်ပါဘူး ကျေးဇူးပြုပြီး KIA အနေန.ဲကျနော်တို.ကိုလိုက်မဖမ်း ပါနဲ.လွတ်မြောက်ဖို.အကူအညီပေးပါရန်မေတ္တာရပ်ခံပါတယ်။” ဆိုတဲ့စာတွေတော်တော်များများကို ထောင်ထားကပ်ထားခဲ့ကြပါတယ်။သူတို. ၅၅ ဦးထွက်ပြေးချိန်မှာ ၅၅ ဦးစလုံး KIA ရွာဖြစ်တဲ့ ရှားဟော့ပါ ရွာရဲ.ရွာလည်လမ်းမပေါ်ကနေသံကြိုးသံ တချွင်ချွင်နဲ.ဆင်းသွားခဲ့ပါတယ်။ရွာတန်းရှည်ကြီး က ၂ မိုင်လောက်ရှည်ပါတယ်။ကျောင်းသားတပ်ကနောက်ကလိုက်ဖမ်းတော့ လိုက်မဖမ်းနိုင်အောင် KIA ကနယ်စပ်ဂိတ်ကိုပိတ်လိုက်ပါတယ်။မနက်ကတည်းကထွက်ပြေးသူတွေကိုလိုက်ဖမ်းနေတဲ့ အောင်ကြီးနဲ.အဖွဲ.ကို KIA ရဲ.အဆက်အသွယ်နဲ.ဆမားမှာရှိတဲ့တရုပ်ရဲကဖမ်းထားလိုက်ပြီးညနေ စောင်းမှ ဖမ်းထားတဲ့သူတွေကိုကျောင်းသားတပ်ကိုပြန်ပို.လိုက်ပါတယ်။အဲဒီကနေတဆင့် တရုပ်ရဲက ကျောင်းသွားတွေထပ်မထွက်ဖို.ဟန်.တားခဲ့ပါတယ်။တော်တော်ဝေးဝေးကိုရောက်နေတဲ့ ထွက်ပြေးခဲ့တဲ့ ၅၅ ယောက်အဖွဲ.ကိုတရုပ်ရဲကဖမ်းဆီးပြီး ဘာစုံစမ်းစစ်ဆေးမှုမှမလုပ်ပဲအစိုးရတပ် စခန်းရှိရာကိုပို.ပေးနိုင်ဖို.အတွက် KIA ကစီစဉ်ပေးခဲ့ပါတယ်။အဲဒီတော့ဒီကိစ္စမှာ KIA ဟာ ကူညီသူအဖြစ်သာပါခဲ့ပြီး အပြစ်ရှိသူတွေဟာ ABSDF အတွင်းနဲ.သူတို.နဲ.နီးစပ်တဲ့ဒေသခံတွေသာဖြစ် တယ်ဆိုတာရှင်းပါတယ်။ဒီကိစ္စတွေကိုပြောနေရတာဟာယုန်ထင်ကြောင်ထင်ဖြစ်နေရင်အဓိကတရားခံ တွေလွတ်သွားမှာစိုးလို.ပါ။ပထမဆုံးစဖမ်းပြီးတပတ်အကြာမှာတင် အောင်စိုး(ကျားလေး)ဟာမျိုးဝင်း အမိန်.နဲ.အကျဉ်းသားတွေကိုချည်တဲ့သံကြိုးအပင် ၅၀ ကိုတရုပ်ပြည်ကပန်းပဲဖိုမှာသွားမှာခဲ့ပါတယ်။ အဲဒီကျားလေးကပဲ ၁၅ ခုတ်တဲ့အချိန်မှာကွန်မန်ဒိုတပ်စိတ်ရဲ.ခေါင်းဆောင်အဖြစ်ပါခဲ့တာပါ။မခင်ချိုဦး ကိုမသတ်ခင်မတော်မတရားလုပ်ခဲ့တာကျားလေးနဲ.အဖွဲ.ပါ။အခု ကျားလေးက မန္တလေးစက်မှုမြို.သစ် မှာလျှပ်စစ်ပစ္စည်းဆိုင်ဖွင့်ထားပြီးအခြေချနေပါတယ်။သန်းဇော်ကမန္တလေးသင်ပန်းကုန်းမြို.သစ်မှာနေ ပါတယ်။ဒါတွေကိုသိတဲ့လူတွေကဒီထပ်ဖော်ထုတ်ပေးကြပါ။ကျော်ခိုင်ဝင်းနဲ.ပက်သက်လို.ဆိုရင်လဲသူသိထားတာတွေထဲမှာမပြောပဲချန်ထားတာတွေရှိနေပါတယ်။မျိုးဝင်းကုန်းပေါ်က အစောပိုင်းရက်ရက် စက်စက်နှိက်စက်မေးမြန်းမှုတွေမှာ မျက်မြင်သက်သေအဖြစ်ကျော်ခိုင်ဝင်းရှိပါတယ်။အောင်ဖိုးရဲ. ခြေထောက်ကို ကပ်ချည်ပြီး ခွဲတဲ့အချိန်မှာကိုကျော်ခိုင်ဝင်းဘာလုပ်ခဲ့သလဲ?ကိုယ့်ကိုယ့်ကို သိပါတယ်။ ခင်ဗျာတို.ပြောစကားကိုပြန်သုံးရရင် “ဖြူစင်ပါ ကောင်းကောင်းလုပ်ပေါ. “ သူများပြောမှ ခွင့်မလွတ်ချင် စရာဖြစ်လာမှဆိုရင်အကုန်ပေါ်ကုန်ပါလီမ့်မယ်။ကိုယ့်ဘာသာကိုယ်ဖော်ပေးပါ။နောက်ဆေးဆရာမတွေ အလောင်းခွဲပြီး ဌက်ဖျားနဲ.သေတာတို.၊အချင်းချင်းနှုတ်ပိတ်လိုက်တာတို.ဆိုတဲ့စကားတွေကိုမြိန်ရေ ရှက်ရေ ပြောခဲ့ကြသူတွေ၊အဖမ်းခံရတဲ့အမျိုးသမိးတွေရဲ.မတော်ရာကို ဒီတိုနေတာ ဖွတ်ထားလားဆိုပြီး ရှာခဲ့တဲ့သူတွေ (ဆေးကုတာတွေအားလုံးကျေးဇူးတင်ပါတယ်။အဲဒါသီးခြားကိစ္စပါ)မသိနားမလည်လို. ခိုင်းလို.လုပ်ရတယ်ဆိုရင်သိသမျှဖော်ပေးပါ။မဖော်ရင်ပူးတွဲတရားခံတွေဖြစ်ကုန်ပါမယ်။ဖေါ်တယ်ဆိုရာမှာ ဥပမာ-စုစောင်းရေးမှာပါလာတဲ့သင်တန်းသူ သန္တာဦး ကိုယ်ဝန်ဖြတ်ချပြီးသေတာမျိုး၊ဘယ်သူက ကိုယ်ဝန်ဖြတ်ချခိုင်းတာလဲ? ကိုယ်ဝန်တရားခံကဘယ်သူလဲ? ဆိုတဲ့ကိစ္စတွေပါမကျန်စေပါနဲ.။အဲဒီ တုန်းကသင်တန်းမှာသင်တန်းဆရာ ရွှေမင်တို.ကြီးစိုးနေချိန်ပါ။
ရေးသားသူ- ညီညီ(မြောက်ပိုင်းရဲဘော်ဟောင်း)
ဆက်လက်ရေးသားတင်ဆက်ပါမည်။

အဖမ်းခံထားရစဉ်
Myanmar Express

1 comments:

ခွေးသားတွေ လူအှဟုတ်ရဲ့လား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်