Subscribe to our RSS Feed

"NLD မှာ ဗဟိုဦးစီး စနစ်က တော်တော်လေးမြင့်မား တာ တွေ့ရတယ်.. ပါတီရဲ့ အဖွဲ့ အစည်း အဆင့်ဆင့် မှာ တာဝန်ပေးမှု၊ လုပ်ပိုင်ခွင့်ပေးမှု အပိုင်းက တော်တော်လေး အားနည်းတာ တွေ့ရတယ်" ~ ဒေါက်တာ ရန်မျိုးသိမ်း

From : .. 7day

မေး- အခုလတ်တလောမှာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် NLD နဲ့ ၈၈ က လှုပ်ရှားနေသလို ပြည်ခိုင်ဖြိုးဘက်ကလည်း လှုပ်ရှားနေတယ်။ အခြေအနေတွေကို ဘယ်လိုသုံးသပ်မိလဲ။

ဖြေ- လက်ရှိအခြေအနေမှာတော့ NLD နဲ့ ၈၈ မျိုးဆက်ကတစ်ဖက်။ နောက်ပြည်ခိုင်ဖြိုးပါတီက တစ်ဖက်ပေါ့။ အားပြိုင်မှုတွေ ပြင်းထန်နေတာ တွေ့ရပါတယ်။ ကျွန်တော့်အမြင်အားဖြင့်တော့ ဒီအားပြိုင်မှုက ပြည်သူလူထု လမ်းပေါ်ရောက်နိုင်တဲ့ အနေအထားအထိ ဖြစ်မယ်လို့တော့ မယုံကြည်ဘူး။ မထင်ရတဲ့အကြောင်းရင်းက နံပါတ်(၁) က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က လွှတ်တော်ထဲကနေ ပြင်ဆင်ရေးကိုလုပ်မယ်လို့ ပြောတယ်။ နောက်တစ်ခုက မြန်မာပြည်သူလူထုကို ရင့်ကျက်တဲ့နိုင်ငံရေးလုပ်ဖို့ သူတိုက်တွန်းတယ်။ သူ့ရဲ့မိန့်ခွန်းထဲမှာ၊ စကားတွေထဲမှာ တပ်မတော်နဲ့ပတ်သက်ပြီး ထိလွယ်ရှလွယ်တဲ့အချက်တွေ ပါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဒီလိုတိုက်တွန်းထားတဲ့အတွက် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းကနေပြီး လူတွေလမ်းပေါ်ထွက်ပြီး ဆန္ဒပြတဲ့အထိဖြစ်လာဖို့ ခဲယဉ်းတယ်လို့ မြင်တယ်။

မေး- ၄၃၆ပြင်ဖို့၊ ၅၉(စ)ပြင်ဖို့ဆိုပြီး လုပ်နေပေမယ့် နောက်ဆုံးက လွှတ်တော်ရဲ့အဆုံးအဖြတ်ပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်ရော ၈၈ ကပါ ပြောထားတယ်ဆိုတော့ ခုလူထုဆန္ဒခံယူပွဲရလဒ်က ဘယ်လိုဖြစ်လာမယ် ထင်ပါသလဲ။

ဖြေ- ကျွန်တော့်ရဲ့ ပုဂ္ဂလိကအမြင်ကတော့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ ပုဒ်မ ၄၃၆ ရော ပုဒ်မ ၅၉(စ)ရော ပြင်ဆင်ဖို့က မဖြစ်နိုင်ဘူးလို့ထင်တယ်။ ဘာလို့မဖြစ်နိုင်လဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောတယ်။ လွှတ်တော်ထဲကနေ ပြင်မယ်လို့ပြောတယ်။ လွှတ်တော်ထဲကနေပြင်ဖို့က ပူးပေါင်းကော်မတီကနေ ဆွေးနွေးတယ်၊ ညှိနှိုင်းတယ်၊ ပြင်ဆင်တာတွေ လုပ်နေတယ်။ ပြီးရင် ကော်မတီက ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တင်ရမယ်။ တင်ရမယ့်နောက်ဆုံးရက်က ရွေးကောက်ပွဲမတိုင်ခင် ခြောက်လ။ အဲဒီအတွက် ဥပဒေမူကြမ်းက ၂၀၁၅ ပထမခြောက်လမှာ ထွက်လာမယ်။ မူကြမ်းထွက်လာပြီးတဲ့အခါမှာ အဲဒီမူကြမ်းကို လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့အတွက် ကိုယ်စားလှယ်၂၀ ရာခိုင်နှုန်းက ထောက်ခံရမယ်။ တကယ်တမ်းက NLD ပါတီရော တိုင်းရင်းသားပါတီတွေက ထပ်နိုင်ရင်တောင် ၁၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ အဲဒီအခါကျတော့ ၂၀၁၄ မှာ ပါတီတွေက ထပ်နိုင်ရင်တောင် ၂၀ ရာခိုင်နှုန်းရဖို့ မလွယ်ဘူး။ ဒီ ၂၀ ရာခိုင်နှုန်းထောက်ခံပြီးမှ လွှတ်တော်ထဲမှာ ဆွေးနွေးတာတွေ၊ ပြင်ဆင်တာတွေ လုပ်လို့ရမယ်။ အဲဒီတော့ အခြေခံဥပဒေပြင်ဆင်ရေး အားလုံးအဆင်သင့်ဖြစ်မယ့်အချိန်က ရွေးကောက်ပွဲလုပ်ဖို့ သုံး၊ လေးလပဲလိုတဲ့အချိန် ဖြစ်သွားမယ်။ ဒီနှစ်ထဲမှာ ပါတီတွေအားလုံးက ရွေးကောက်ပွဲဝင်ဖို့ကိစ္စတွေနဲ့ အလုပ်ရှုပ်နေမယ်။ ဒီလိုအချိန်မျိုးမှာ တကယ်လို့ဥပဒေမူကြမ်းထဲမှာ ၄၃၆ရော၊ ၅၉(စ)ရော ပြင်ဆင်ရေးတွေပါတယ်။ ဒါပေမဲ့ လွှတ်တော်ထဲမှာ တကယ်ဆုံးဖြတ်တဲ့အချိန်ကျတော့ ၄၃၆ရော၊ ၅၉ ရော ကျန်ခဲ့ပြီဆိုရင် အချိန်က အရမ်းကိုကပ်နေပြီ။ အဲဒီလိုအနေအထားမျိုးရှိတယ်။ ဒါကြောင့် ကျွန်တော့်အမြင်က ၄၃၆ရော ၅၉ရော ပြင်ဖို့က မဖြစ်နိုင်ဘူးလို့မြင်တယ်။

မေး- ဒါဆိုရင် လက်ရှိ ဒီချုပ်နဲ့ ၈၈ ရဲ့လုပ်ဆောင်ချက်တွေက လှုပ်ရှားမှုတစ်ခုအနေနဲ့ပဲ ပြီးသွားမှာလား။

ဖြေ- ကျွန်တော်စဉ်းစားမိတဲ့ သူတို့ရဲ့ဦးတည်ချက်က ဘာလဲဆိုရင် Signature Compagn လုပ်မယ်၊ ဟောပြောပွဲတွေလုပ်မယ်ဆိုတဲ့သဘောက လူထုဆန္ဒကို ထုတ်ဖော်တဲ့သဘောပဲလို့မြင်တယ်။ လူထုဆန္ဒကို ထုတ်ဖော်မယ်။ ပြည်ခိုင်ဖြိုးက လွှတ်တော်ကိုယ်စားလှယ်တွေရော တပ်မတော်က လွှတ်တော်ကိုယ်စားလှယ်တွေရော သူတို့ရဲ့ ထောက်ခံမှုတွေရလာအောင်လုပ်တဲ့ လူထုလှုပ်ရှားမှုပုံစံပဲ ကျွန်တော်ကမြင်တယ်။ လှုပ်ရှားမှုတစ်ခုအနေနဲ့ပဲ ပြီးသွားနိုင်တယ်လို့ ကျွန်တော်မြင်တယ်။

မေး- ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကနေစပြီး ဒီချုပ် လွှတ်တော်ထဲ ၀င်ရောက်လာပြီးနောက်ပိုင်းမှာ ဒီချုပ်ရဲ့အခန်းကဏ္ဍ၊ လုပ်နိုင်စွမ်းအားကိုကော ဘယ်လိုမြင်ပါသလဲ။

ဖြေ- ၂၀၁၂ ကနေ အခု ၂၀၁၄ ထိ ကာလအတွင်းမှာ NLD လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်နိုင်မှုအပိုင်းကို ကျွန်တော့်အမြင်ကတော့ အားမရဘူး။ တော်တော်များများက အားမရကြတာ။ နောက် NLD ပါတီရဲ့ ပါတီတည်ဆောက်ရေးလုပ်ငန်းတွေ၊ ပါတီစည်းရုံးရေးလုပ်ငန်းတွေ၊ ဒီအပေါ်မှာလည်း တော်တော်များများက အားမရကြဘူး။

မး- တစ်ဆက်တည်း ဒီချုပ်ကို အာဏာရှင်ပါတီပုံစံ အားမလိုအားမရ တချို့ဝေဖန်တာတွေ ရှိနေတယ်။ အဲဒီအပေါ်မှာကော ဘယ်လိုသုံးသပ်ချင်ပါသလဲ။

ဖြေ- NLD မှာ ဗဟိုဦးစီးစနစ် လိုသည်ထက်ပိုနေတယ်။ ဘယ်လိုနိုင်ငံရေးစနစ်မှာပဲဖြစ်ဖြစ် အပြောင်းအလဲကာလမှာ ဗဟိုကနေ ဦးစီးရတဲ့အပိုင်းကဏ္ဍတွေ ရှိတယ်။ ဗဟိုဦးစီးစနစ်ကို လျှော့ချတာ လုံးဝဖြေလျှော့ထားလို့ရတဲ့ နေရာတွေရှိတယ်။ သူမှာ ဗဟိုဦးစီးစနစ်က တော်တော်လေးမြင့်မားတာ တွေ့ရတယ်။ နောက်ပါတီရဲ့ အဖွဲ့အစည်းအဆင့်ဆင့်မှာ တာဝန်ပေးမှု၊ လုပ်ပိုင်ခွင့်ပေးမှုအပိုင်းက တော်တော်လေးအားနည်းတာ တွေ့ရတယ်။ 


.. www.MyanmarExpress.net
 

2 comments:

၅၉ စ ကော ၄၃၆ ကော မ ပြင် နိုင် ပါ

သူ တို့ ရဲ့ ဖွင့် ဆို ခချက် ကို ပြည် သူ တွေ သိ အောင် လုပ် ဆောင် သင့် တယ်

နိုင် ငံ ခြား သွေး နိုင် ငံ ခြား သား ဘာ သာ ခြား ဖြစ် နေ လျင် လုးံ ဝ သမ္မ တ လုပ် ပိုင် ခွင့် မ ရှိ ရ
သမ္မ တ မ ပြော နဲ့ လွှတ် တော် ထဲ က အ မတ် တောင် မ ဖြစ် ရ

ဒါ တွေ ဟာ အ ခြား တိုင်း ပြည် တွေ မှာ လည်း ဥ ပ ဒေ သတ် မှတ် ထား တာ ပါ ဘဲ

ဘာ ဖြစ် လို့ မြန် မာ နိုင် ငံ ကြ မှ တောင်း ဆို နေ ကြ တာ လဲ
တိုင်း ပြည် ကြိး ကို ပျက် စေ ချင် တာ လား
ဗုဒ္ဓ ဘာ သာ နိုင် ငံ က နေ မွတ် ဆ လင် နိုင် ငြံ

ဖြစ် ချင် ကြ တာ လား လူ မိုး ဘာ သာ ယဉ် ကျေး မူ ပျောက် ချင် ကြ တာ လား

ဒေါ် စု တောင် တ ယူ သန် ပြိး နား မ လည် တာ ကိုး ပြည် သူ က ယောင် တောင် တောင် ဖြစ် နေ ကြ ပြိ

လူ့ အ ခွင့် ရေး ဆို တာ မြန် မာ နိုင် ငံ မှာ ဆို ရင် မြန် မာ တိုင်း ရင်း သား တွေ နဲ့ ဘဲ ဆိုင် တယ်
နိုင် ငံ ခြား သား ခိုး ဝင် လာ သူ တွေ နဲ့ မ ဆိုင် ဘူး ဒါ ကို နား လည် ပါ သ လား ဒေါ် စု

ငါ တို့ လူ မီူး တွေ နိုင် ငံ ခြား မှာ သွား ပြိး အ လုပ် လုပ် ကြ တယ် သူ တို့ နိုင် ငံ လို အ ခွင့် အ ရေး ရ လို့ လား

မြန် မာ နိုင် ငံ ကို ဒုက္ခ ရောက် အောင် မ လုပ် ပါ နဲ့ ဒေါ် စု ရယ်

ခင် ဗျား လုပ် တာ တွေ လွန် လွန်း လာ ပြိ နော်

ပြည် သူ မုန်း လာ ရင် ခင် ဗျား ကို သတ် ဖြတ် နိုင် တယ် နော် ရ ခိုင် ပြည် နယ် က တော့ ခင် ဓျား ကို အ သေ မုန်း သွား ပြိ

မီူး စောင် ဥ ပ ဒေ ဆို တာ ဖွင့် ဆို ချက် ကို သိ ပါ ရဲ့ လား ဒေါ်စု
ရှေး အ စဉ် က တည်း က ရှိ ရ မှာ ပါ

ခင် ဗျား ကြိး ဒုက္ခ ရောက် လိမ့် မယ်

စာ ရေး ရ တာ အား မ ရ ဘူး ခင် ဗျား နဲ့ ထိပ် တိုက် တွေ့ ချင် စမ်း ပါ ဘိ

ငါ တို့ လုပ် ခဲ့ လို့ စင် ပေါ် ရောက် လာ တဲ့
NLD ရယ် ဥ နောက် ကော ရှိ ကြ ရဲ့ လား ဗျာ

တိုင်း ရင်း သား ကို ပစ် ပါယ် ပြိး ကု လား ကို ပထွေး တော် ချင် ကြ တာ လား NLD ရယ်

ပြည် သူ တွေ က ရီုး စင်း တာ ကို အ သုးံ မ ချ သင့် ပါ ဘူး ဒေါ်စု


ခင် ဗျား ဟာ ပြည် ဖျက် မဲ့ မိန်း မ ကြိး ပါ

ပြည် သူ အ ပေါင်း တို့ တ ယူ မ သန် ကြ ပါ နဲ့

မွတ် ဘာ သာ ကြိး စိုး သွား မယ် ကု လား တွေ ကြိး စိုး သွား မယ်
ယခု တောင် ရီု ဟင် ဂျာ က နိုင် ငံသား အ ဖြင့် တောင်း နေ ပြိ နောက် ပြိး ပြည် နယ် တောင်း မယ် နောက် ပြိး အုပ် ခူပ် ခွင့် တောင် မယ် နောက် ပြိး လွှတ် တော် ထဲ ရောက် လာ မယ် နောက် ပြိး သမ္မတ လုပ် မယ် နောက် ပြိး

မြန် မာ နိုင် ငံ ဗု ဒ္ဓ နိုင် ငံ ဟာ မွတ် အင့် နိုင် ငံ ဖြစ် သွား မယ် မြန် မာ တွေ ခွေး ပြေး ပြေး ရ ပြိး
ကု လား တွေ ကြိး စိုး မယ်

ပြည် သူ တို့ နိုး ကြား ကြ ပါ တော့

ပခက တာ တိး

ဗိုလ်ပေါက်စ(၁) (၅၉-စ)မပြုပြုင်ရေးဒို့အရေး
အဟမ်း-- အွန်လိုင်းမှာ ဒါလေးတွေ ခေတ်စားနေတော့ ကိုယ့်လက်ရာလေးပါသွားအောင် နည်းနည်းလေး ပြောကြည့်ပါမယ်နော့်))။ သိပ်ပြီးသတိရတယ်အဖေရယ်၊ အဖေအောင်ဆန်းရေ့လို့အော်တောင်ငို လိုက်ချင်ပါတယ်(ဗျဲxx)။ ၅၉(စ) က ဒေါ်စုတစ်ယောက်တည်းကိုရည်ရွယ်ပြီ လုပ်ထားတယ်လို့ပြောကြတယ်။ ဒေါ်စုသမတဖြစ်အောင်ပြောင်းပေးလိုက်မယ် ရတယ်လေ။ ဒေါ်စုမရှိတော့ရင်ကော ဒီဥပဒေက ပြန်ပြီးအတည်ပြုပေးဖို့လိုသလား။ တစ်ဦးတစ်ယောက်အတွက် ဒီလိုမျိုးပြန်ပြောင်းပေးရမယ်ဆိုရင် ဥပဒေ အထက်မှာဘယ်သူရှိနေသလဲ။ လွတ်တော်အထက်မှာ ဘယ်သူရှိနေသလဲ မေးစရာကဖြစ်လာပြီ။ တစ်ယောက်တည်းကို ရည်ရွယ်ပြီးလုပ်ထားတာမှန်ရင် သူမရှိတဲ့အချိန်မှာ ပြန်ပြင်ဖို့ခက်သွားပြီနော်။ အမေစုမရှိတဲ့ နောက်ပိုင်းကာလတွေ မှာဥပဒေအရ ညှိနေတဲ့ နိုင်ငံခြားသားနဲ့စပ်ဆက်နေသူ တွေကိုသမတလုပ်ခိုင်းမှာလား။ ကျော်ဟိန်းစကားငှား ပြောရရင် လူတွေစဉ်းစားကြပေါ့ဗျား(တိန်)-။ စကားမစပ် အမေစု ပြီးရင်အောင်ဆန်း သွေး ကိုဘယ်သူတွေကဆက်ခံကြမှာလဲ။ မရှိတော့ဘူးနော်။ တစ်လောက စဉ်းစားမိတယ်။ ။ စစ်တပ်ကို အမြင်ကပ်တိုင်း ကျန်တဲ့သူကိုထောက်ခံနေတဲ့သ ဘောဖြစ်နေတယ်ဗျာ။ နိုင်ငံတိုင်းမှာ တည်ဆဲအစိုးက အဆဲခံဘ၀ပဲ။ အတိုက်အခံကထောက်ပြမယ်။အတိုက်အခံနဲ့ အာဏာရပါတီ အင်အားချင်းတူနေရင် ဘာဖြစ်သလဲ။အုပ်စုနှစ်စုသာကြီးစိုးနေရင် ဘာဖြစ်တတ်လဲဆိုတော့ ထိုင်းကိုကြည့်ပေါ့။ အနီတက်ရင် အ၀ါကတော်လှန်နေမှာပဲ။ အ၀ါတက်ရင်အနီကလမ်းပေါ်တက်နေမှာပဲ(အန်။အုပ်စုတွေများလွန်းတော့လဲ အစိုးရအလုပ်မလုပ်ရပဲ မေတာသုတ်ရွတ်ပြီး ငြိမ်းချမ်းရေးတရားလိုက်ဟော နေရတာပေါ့။အဟပ်-အုပ်စုတစ်စုတည်းကြတော့လုပ်ချင်တာလုပ်တယ်လေ။အိုက်လိုလေးဗျ(ဒန်)။ ဥပဒေမှာ မျက်စိမရှိဘူး။ ရေရှည် နိုင်ငံအရေးကိုပဲကြည့်ရမယ်။ ဗိုလ်ချုပ်တို့ တိုင်းပြုပြည်ပြုလွတ်တော်အပြီးမှာ ပါလီမန်အစိုးရဖွဲ့တော့ လွတ်တော်အမတ်ထဲမှာ engကပြား၊ မွတ်စလင်ကပြားဆိုတဲ့အမတ်တွေကို ထည့်သွင်းပြီးဖွဲ့ ခဲ့ဖုးတယ်လေ။ အဲဒါက လွတ်လပ်ရေးသက်တမ်းတစ်နှစ်မပြည့်သေးတဲ့ခြာတိတ်ဘ၀၊ အိနိယက ဖွဲ့စည်းပုံကို မိတ်တူကူးခြကြတာလေ။ ပြောချင်တာက နိုင်ငံခြားသား နဲ့ပက်သက်နေတဲ့ သမတအလိုမရှိ(ဒန်န်န်xxx)။ ဒေါ်စုအတွက် သမတလုပ်လို့မရအောင်လုပ်ခဲ့တယ်လို့ ယူဆတာနဲ့အမျှ ရှေဆက်မဲ့နိုင်ငံရေးခရီးမှာ ဒီဥပဒေ အရ လက်ခံပေးရမဲ့ နိုင်ငံခြားသားနဲ့ပက်သက်တဲ့ သမတကိုလဲ ထောက်ခံပေးရမယ် ဆိုတာကို တာဝန်ယူရမယ်နော်(အန်´´)။ ဒါဆိုရင် ဒေါ်စုသက်တမ်း ပြီးတာနဲ့ဆက်မလုပ်ပဲအနားယူ၊သေရင် ဒီဥပဒေကို ပြန်ပြင်မယ်ပေါ့။ (တိန်))ပိုဆိုးသွားပြီ။ ဥပဒေအထက်မှာ ဒေါ်စုရှိနေသလား။ အမှန်အတိုင်းပြောရရင် ဒါကဒေါ်စုရဲ့ အားနည်းချက်ဗျ၊ ချဲစကားပြောရရင် ကလန်ဒါကျဖြစ်သွားတာပေါ့။ ဥပမာ၊ ဦသိန်းစိန် က ဒီမှာလာပြီးညှိနေတယ်ဆိုရင်ကော ဒီဥပဒေ ကိုပြင်ဆင်သင့်သလား၊ ကျွန်တော့သဘောအရ သူလဲသမတဖြစ်ခွင့်မရှိပါဘူး။ နိုင်ငံခြားရေးဝန်ကြီးလောက်နဲ့ပဲနှစ်သိမ့်လိုက်ပါမယ်။ (ငိဲငိဲ)၊ပြင်တယ်ဆိုအုန်း လွတ်တော်အမတ်အားလုံးရဲ့ ၇၅%ကထောက်ခံမှုအပြင် ၊နိုင်ငံသား ၅၀%ကပြင်မှသာရမယ်လေ။not create not destroy ပေါ့။အကျဉ်းချုပ် ပြောရတာအားတောင်မရဘူး။ဆက်ရန်မျှော်xx (လွတ်လပ်စွာသဘောထားကွဲလွဲနိုင်သည်)။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်