Subscribe to our RSS Feed

အမေရိကန်ဆန်ရှင်သက်တမ်း တစ်နှစ်ထပ်မံတိုးခြင်းကြောင့် ငွေကြေးဆိုင်ရာအခက်အခဲများဖြင့် ရင်ဆိုင်လာရနိုင်

From : .. YMG


မြန်မာနိုင်ငံပေါ် အမေ ရိကန်အစိုးရအနေဖြင့် စီးပွားရေးပိတ်ဆို့မှု နောက်ထပ် သက်တမ်းတစ်နှစ်ထပ်တိုးလိုက် ခြင်းသည် မြန်မာစီးပွားရေး၏ ငွေကြေးဆိုင် ရာအခက်အခဲများဖြင့် ရင်ဆိုင်လာရနိုင် ကြောင်း စီးပွားရေးပညာရှင်များနှင့် လုပ်ငန်း ရှင်များက ပြောသည်။

စီးပွားရေးပညာရှင် ဦးလှမောင် က ''အရင်ကတည်းက ဆိုင်းငံ့ထားတာ။ သူတို့ပြောတဲ့အတိုင်း ဒီဘက်က မလုပ်သေး တဲ့အတွက် အခုလိုလုပ်လိုက်တာ။ ဒီလိုမျိုး လုပ်လိုက်တာက မြန်မာနိုင်ငံရဲ့ ငွေကြေးဆိုင် ရာ လုပ်ငန်းများအတွက် အခက်အခဲရှိနိုင် တယ်''ဟု ပြောသည်။

ယခုကဲ့သို့ အမေရိကန်အစိုးရ အနေဖြင့် မြန်မာနိုင်ငံအား စီးပွားရေးပိတ် ဆို့အရေးယူမှုများ ထပ်မံတိုးလိုက်ခြင်းသည် ယင်းတို့လိုချင်သည့် စံနှုန်းအတိုင်း လိုက်နာ မှုမရှိသည့်အတွက် ဖိအားပေးချင်သည့် အ နေဖြင့် ပြုလုပ်သည်ဟု ယင်းကဆိုသည်။

ဆန်ရှင်သက်တမ်းထပ်မံတိုးလိုက် ခြင်းသည် မြန်မာအစိုးရ၏ အာဏာတည် မြဲရေး ဈေးကွက်စီးပွားရေးစနစ်တွင် လက် ဝါးကြီးအုပ်မှုများရှိခြင်း စသည့် အကြောင်း တရားများကြောင့် အမေရိကန်အစိုးရမှ သက်တမ်းထပ်မံတိုးလိုက်ခြင်းဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးကျွမ်းကျင်သူ ဦးဘတင့်ဆွေ က ပြောသည်။

ယင်းက ''အရင်တုန်းက သူတို့ တွေထင်ခဲ့တာက အခုအစိုးရက ပူးပေါင်းမှု တွေလုပ်နေတယ်လို့မြင်တာ။ တကယ့် တ ကယ်တန်းကျတော့ ပြောင်းလဲမှု မလုပ်ဘဲ အာဏာတည်မြဲရေးကို လုပ်နေတယ်။ စီး ပွားရေးမှာလဲ ဒီအတိုင်း လွတ်လပ်စွာယှဉ် ပြိုင်မှုမပေးဘူး။ ဒါတွေက စောင့်ကြည့်ရ မယ့်အဆင့်အထိ ပြန်ရောက်သွားတယ်။ လက်ရှိအနေအထားအရလဲ နိုင်ငံရေး၊ စီး ပွားရေး အစစအရာရာ ဆုတ်ယုတ်နေတာ ပဲ။ နောင်လဲ ဒီအတိုင်းသွား ဒီလိုပဲဖြစ်နေ မှာပဲ''ဟု ပြောသည်။

အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ပြည်တွင်းငြိမ်းချမ်းရေးစာ ချုပ်များ ချုပ်ဆိုနိုင်ခြင်း၊ နိုင်ငံရေးအကျဉ်း သားများလွှတ်ပေးခြင်း စသည့်ကိစ္စများအား မြန်မာအစိုးရအနေဖြင့် ပြုလုပ်နိုင်ခြင်းမရှိ သည့်အတွက် စီးပွားရေးအရ ပိတ်ဆို့မှုတစ် နှစ်ထပ်တိုးလိုက်ခြင်းဖြစ်ကြောင်း ဦးဘတင့် ဆွေက သုံးသပ်ပြောကြားသည်။

အမေရိကန်အစိုးရအနေဖြင့် စီး ပွားရေးပိတ်ဆို့မှုသက်တမ်း ထပ်မံတိုးလိုက် ခြင်းသည် အာဆီယံဥက္ကဋ္ဌရာထူး ရယူထား ပြီးအစည်းအဝေးတွင် တောင်တရုတ်ပင် လယ်အရေးအား ချန်လှပ်ထားခြင်းကြောင့် တရုတ်အား မလှန်နိုင်သည့် မြန်မာအစိုးရအ နေဖြင့် ဥက္ကဋ္ဌတာဝန်ယူချိန် အာဆီယံတစ်ခု လုံး တရုတ်အား မလှန်နိုင်မည်စိုးသည့်အ တွက် ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း သန်းစိုး(ဘောဂဗေဒ)က ပြောသည်။

ယင်းက ''ဒီလိုပိတ်လို့ အစိုးရလဲ ဘာမှမဖြစ်ဘူး။ ခရိုနီလဲဘာမှ မဖြစ်ဘူး။ အမေရိကန်က ပိတ်လိုက်တဲ့အတွက် အမေ ရိကန်စီးပွားရေးလုပ်ငန်းတွေ မဝင်တော့ဘူး။ မဝင်လာတော့သူတို့က အာမခံပေးရမယ့် အပိုင်း၊ လုံခြုံမှုပေးရမယ့်အပိုင်း၊ နိုင်ငံရေး ဖိအားပေးမှုတွေ မလိုတော့ဘူး။ တိုင်းပြည် စီးပွားရေးက နောက်ကျမြဲ နောက်ကျနေ မှာပဲ''ဟု ပြောသည်။

စီးပွားရေး ပိတ်ဆို့ထားခြင်း ကြောင့် အမေရိကန်စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ် နှံမှုနှင့် ဒီမိုကရေစီအား ဆန့်ကျင်သည့် မြန် မာအရာရှိများနှင့် စီးပွားရေးလုပ်ခြင်းများ အား တားမြစ်ထားခြင်း ဖြစ်သည်။

.. www.MyanmarExpress.net
 

4 comments:

I do not think what the so called experts say are right. Myanmar has survived and is doing better than Cambodia, Laos and many other African countries in the past 20 years in spite of all the sanctions of many countries. Now almost all except US have lifted all or partial sanctions. So US sanctions won't effect much.

ပုံက ကြောက်စရာကြီး ဟိး ဟီး

ဒီလိုဟာမကြီးက
အမျိုပျက်ခဲ့ဖူး အမျိုးဖျက်ခဲ့ဖူးတော့
အမျိုးစောင့်ဥပဒေကို
ကန့်ကွက်တာ
ဆန်းသလားကွာ။
သူ့ကျွန် မခံလိုတဲ့
အောင်ဆန်းရေ
စောက်ရှက်မရှိ
လူလောကထဲ
ပြန်မလာတော့နဲ့ကွာ။
မင်းရဲ့သမီးထွေးလေးပေါ့
သူ့ ကျွန်မ ခံနေပါပြီတဲ့။
လူရှေ့ သူရှေု ပေါ်တင်ပါဘဲ။

ကြည့် ကြည့်
ကြည့်ကြပါအုံး။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်