Subscribe to our RSS Feed

မ.ဘ.သ က ၈၈ ငြိမ်း/ပွင့်အဖွဲ့အား နိုင်ငံရေးစားဖားများအဖြစ် သတ်မှတ်

From : .. News Watch

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရှေးအဖွဲ့မှ ၈၈ မျိုးဆက် ငြိမ်း/ပွင့်အဖွဲ့အား နိုင်ငံရေးစားဖားအဖြစ် ကြေငြာချက် ၁ စောင် ထုတ်ပြန်ခဲ့ပြီး The Voice သတင်းစာနှင့် မြန်မာပို့စ်ဂလိုဘယ် သတင်းဂျာနယ်တို့အား သစ္စာဖောက်မီဒီယာများအဖြစ် ၂၀၁၄ မေ ၁၅နှင့် ၁၆ရက်တို့တွင် ကြေငြာချက်များ ဆက်တိုက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မေ ၁၆ ရက်တွင် မဘသအဖွဲ့က ကြိုးပမ်းလျှက်ရှိသော မျိုးစောင့်ဥပဒေကို ၈၈ မျိုးဆက် ငြိမ်း/ပွင့်အဖွဲ့မှ ကန့်ကွက်ခဲ့၍ နိုင်ငံရေးစားဖားအဖွဲ့အဖြစ် မ.ဘ.သ အဖွဲ့က ထုတ်ပြန်ကြေငြာခဲ့သည်။

ယင်းကြေငြာချက်၌ “နိုင်ငံတကာမှထောက်ပံ့သည့် ဒေါ်လာများကို အိတ်ထဲထည့်ပြီး ဇိမ်ခံကားကြီးများ တ၀ီဝီစီးနေကြ၏၊ လူ့အခွင့်အရေးကို ပါးစပ်က အမြှပ်ထွက်အောင် အော်လျက်ရှိ၏၊ တကယ်တမ်းလုပ်နေသည်က ငါ့အခွင့်အရေးဖြစ်နေသည်”ဟု ပါရှိသည်။

မြန်မာပို့စ်ဂလိုဘယ်နှင့် The Voice သတင်းစာတို့အား သစ္စာဖောက်မီဒီယာအဖြစ် ထုတ်ပြန်ခဲ့ရာတွင် “မြန်မာပို့စ်ဂလိုဘယ်၌ အောင်ဘ၊ မောင်လှဆွေးနွေးခန်းတွင် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုး)သည် အမုန်းတရားများ ဖြန့်ဖြူးနေတယ်” ဟု ပါရှိခြင်းနှင့် The Voice တွင် “ဘုန်းကြီးခရိုနီ”ဟု ရင့်သီးစွာ သုံးနူန်းခဲ့ခြင်းကြောင့် သစ္စာဖောက်မီဒီယာများအဖြစ် သတ်မှတ်ကြောင်း ကြေငြာချက် အသီးသီး ထုတ်ပြန်ခဲ့သည်။

 .. www.MyanmarExpress.net
 

2 comments:

ဒီကောင်တွေစစ်အစိုးရကိုကျေးဇူးတင်ရမယ်
စစ်အစိုးရကသာသူတို့ကိုမဖမ်းခဲ့ရင်ဒီလိုစင်
ပေါ်ရောက်လာပြီးလူတစ်လုံးသူတစ်လုံးဖြစ်
လာစရာအကြောင်းမရှိဘူး။အစကတည်းက
ဘာနိုင်ငံရေးခံယူချက်မှမရှိဘဲ သူများယောင်
လို့ယောင်အမောင်တောင်မှန်းမြောက်မှန်း
မသိတဲ့းးးးးးးးး

The media and the organizations condemned in the statements are obviously stooges and traitors. But the sad thing is people are naive to see it through.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်