Subscribe to our RSS Feed

အမျိုးစောင့်ဥပဒေဆိုင်ရာသိကောင်းစရာ ရှင်းလင်းပွဲနှင့် ကြိုဆိုထောက်ခံပွဲကျင်းပ

From : https://www.facebook.com/969MDL


ယနေ့မွန်းတည့် ၁၂ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ချိုကြည်သာသနာ့ဗိမာန်၌ အမျိုးစောင့်ဥပဒေဆိုင်ရာသိကောင်း စရာရှင်းလင်းပွဲနှင့် ကြိုဆိုထောက်ခံပွဲအခမ်းအနားကို မြို့နယ် အမျိုး၊ ဘာသာ၊သာသနာစောင့်ရှောက်ရေးအဖွဲ့နှင့်ဝံသာနုရက္ခိတအဖွဲ့တို့က ဦးဆောင်ကျင်းပခဲ့သည်။

အခမ်းအနားစတင်ဖွင့် လှစ်ရာတွင် နမောတဿသုံးကြိမ်ရွတ်ဆို ပြီး ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဗဟိုဥက္ကဋ္ဌဆရာတော်၏သဝဏ်လွှာကို ဘိုကလေးမြို့နယ် အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌကျော်ဇံကျောင်းဆရာတော် ဦးသူရိယကဖတ်ကြား သည်။ ထို့နောက် ဗဟိုတွဲဖက်အတွင်းရေးမှူးမြတောင်ဆရာတော် ဦးကုမာရ၊ ဗဟိုဦးဆောင်အဖွဲ့ဝင် မော်ကျွန်း ဆရာတော်ဦးဇောတိက၊ မြို့နယ်ဥပဒေအကြံပေးဆရာတော်ဦးသုဇိဝ၊ သာသနပါလဂန္ထဝါစက သံဃာအဖွဲ့ဦးဆောင်အဖွဲ့ဝင်မော်လမြိုင်ဆရာတော် ဦးဝိဇ္ဇာဓရနှင့် လူပုဂ္ဂိုလ်ဥပဒေအကြံပေးဒေါ်စန္ဒာအောင် တို့ကအမျိုးဘာသာသာသ နာစောင့်ရှောက်ရေးဥပဒေဆိုင်ရာသိကောင်းစရာများကို ဟောပြောရှင်းလင်း ကြိုဆိုထောက်ခံခဲ့ကြသည်။

အခမ်းအနားသို့ ဆရာတော်၊ သံဃာတော် ၃ဝ၅ပါး၊ သီလရှင် ၄၅ ပါးနှင့် လူပုဂ္ဂိုလ် ၃၁၅ဝ စုစုပေါင်း ၃၅ဝဝ တက်ရောက်ခဲ့ပြီး ညနေ ၅ နာရီတွင် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆိုပြီးနောက် လူပုဂ္ဂိုလ်များက ဇာတိမာန်သီချင်းသံပြိုင်သီဆို၍ အောင်မြင်စွာကျင်းပ ပြီးစီးခဲ့ကြောင်း သိရသည်။


. www.MyanmarExpress.net
 

1 comments:

ဒီဥပ ဒေကလိုအပ်တယ် ထောက်ခံပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်