Subscribe to our RSS Feed

အမျိုးစောင့်ဥပဒေ နှင့် မြန်မာ့တပ်မတော်

From : .. https://www.facebook.com/969MDL

အမျိုးစောင့်ဥပဒေဆိုသည်မှာ ပြီးခဲ့တဲ့နှစ်များအတွင်း မြန်မာနိုင်ငံအနှံ့ အစ္စလမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင် တို့ကြား ပဋိပက္ခများ ဖြစ်ပွားပြီးနောက် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဥက္ကဌ ဘဒ္ဒန္တတိလောကာဘိဝံသ ဦးဆောင်ရေးဆွဲခဲ့သော ဥပဒေဖြစ်သည်။ ၂၀၁၃ ခုနှစ် ဇူလိုင်လ (၉) ရက်နေ့တွင် ဆရာတော် မှ ကောက်ယူရရှိထားသော လက်မှတ်ပေါင်း ၁၃ သိန်းကျော်နှင့်အတူ မျိုးစောင့်ဥပဒေအား နိုင်ငံတော်သမ္မတထံသို့ ပေးပို့ခဲ့သည်။ သမ္မတဦးသိန်းစိန်မှ အဖွဲ့ဝင် ၁၂ ဦးပါဝင်သော မျိုးစောင့် ဥပဒေကြမ်းရေးဆွဲရေး ကော်မရှင်တစ်ခုကို မတ်လ ၇ ရက်နေ့က ဖွဲ့စည်းပေးခဲ့ပြီး ယခုနှစ် ဇွန်လ ၃၀ ရက်နေ့ထက် နောက်မကျစေပဲ သမ္မတထံပြန်လည်တင်ပြရန် ညွန်ကြားခဲ့သည်။ သို့ဖြစ်၍ ယခုနှစ် ဇွန်လကုန် လွှတ်တော်တွင် အတည်ပြုပြီးပါက မျိုးစောင့်ဥပဒေ အသက်ဝင် လာတော့မည်ဖြစ်သည်။ သို့သော် အမျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး လွှတ်တော်ပြင်ပတွင်သာမက လွှတ်တော် အတွင်းမှာပါ သဘောထား ကွဲလွဲမှုများရှိရာ မြန်မာနိုင်ငံရေးတွင် အဓိက အဆုံးအဖြတ် ပေးနိုင်သည့် တပ်မတော်၏ မျိုးစောင့်ဥပဒေအပေါ် ထားရှိသည့် သဘောထားကို လူထုမှ အထူးစိတ်ဝင်စားလာသည်။

ယေဘုယျအားဖြင့် ပြောရလျှင် လက်ရှိစစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နှုတ်မှ တိုက်ရိုက်မပြောသော်လည်း အမျိုးစောင့်ဥပဒေအား သေချာပေါက် ထောက်ခံမည်ဟု ယူဆရသည်။ အကြောင်းမှာ ဦးမင်းအောင်လှိုင်မှာ သာမန်ဗုဒ္ဓဘာသာဝင်များထက် ပိုမို၍ ဘာသာရေး အထူး လိုက်စားမှု ရှိသူတစ်ဦးဖြစ်သည်။ မကြာခဏဆိုသလိုပင် ဘုရားထီးတင်ခြင်း၊ ပစ္စည်းလေးပါး လှူဒါန်းခြင်း တို့ကို လစဉ်တိုင်းတွေ့ရသည့်အပြင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကပင် ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် လွယ်မွေတောင်ရှိ စေတီတစ်ဆူအား ထီးတင်ခဲ့ရာ မိုင်းဖုန်းဆရာတော် ဦးသံဝရ လည်း တက်ရောက်ခဲ့ကြောင်း သတင်းဓာတ်ပုံများကို တွေ့ခဲ့ရသည်။ ပြီးခဲ့သည့် မတ်လ တွင်းကလည်း တပ်မတော် ရဟက်ယာဉ်များဖြင့် သီတကူဆရာတော်ဘုရားကြီး ဦးဆောင်သည့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အား ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ မျက်စိ ဝေဒနာရှင် ပြည်သူများကို ခွဲစိတ် ကုသပေးမှုများကို တပ်မတော်မှ တက်တက်ကြွကြွ ပူးပေါင်း လုပ်ဆောင်ခဲ့သေးသည်။ ထို့အပြင် တပ်မတော်သား အများစုမှာ ဗုဒ္ဓ ဘာသာဝင် များဖြစ်ပြီး တပ်တိုင်းတွင် တပ်ဦး ဘုန်းကြီးကျောင်းရှိကာ ဆရာဒကာ စီမံချက်အရ ဆရာတော်များနှင့် တပည့်စစ်သည်များ အစဉ်အမြဲညီညွတ်စွာ သာသနာရေး လုပ်ငန်းများ လုပ်ဆောင် လျှက်ရှိသည်ကို တွေ့ရသည်။ သို့ဖြစ်၍ ဗုဒ္ဓဘာသာ ဆရာတော်ကြီးများ ဦးဆောင်ရေးဆွဲသည့် မျိုးစောင့်ဥပဒေ အား တပ်မတော်မှ ကန့်ကွက်လိမ့်မည် မဟုတ်ပေ။

ထို့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ မှာ ရခိုင်တိုင်းရင်းသူ တစ်ဦး ဖြစ်သည့်အတွက် အခြား ပညာတက် ရခိုင်တိုင်းရင်းသူများနည်းတူ အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်မည့်ပုံစံတွေ့ရသည်။ လက်ရှိမြန်မာနိုင်ငံတွင် ခရစ်ယာန်ဘာသာအသင်း၊ အစ္စလာမ် ဘာသာ အသင်း နှင့် ဟိန္ဒူဘာသာ အသင်းများရှိပြီး ၎င်းအသင်းများတွင် ဘာသာရေး စောင့်လျှောက်မှုဆိုင်ရာ စည်းကမ်းချက်များရှိရာ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘုန်းတော်ကြီး များ ရေးဆွဲထားသည့် မျိုးစောင့်ဥပဒေကို စစ်တပ်မှ မလွှဲမသွေ ထောက် ခံနိုင်ကြောင်း ရေးသားလိုက်ရပါသည်။



.. www.MyanmarExpress.net
 

11 comments:

မီူး စောင့် ဥ ပ ဒေ ဆို တာ
တိုင်း ရင်း သား ပေါင်း စုံ နဲ့ အား လုးံ အ ကူးံ ဝင် ပါ တယ်
ကိုယ့် လူ မီူး ကိုယ့် တိုင်းရင်း သား တွေ ကို ကာ ကွယ် ဘို့ မီူး မ တုးံဝ ဘို့ ကိုယ့် ယဉ် ကျေး မူ ကို ထိမ်း သိမ်း ဘို့ ကိုယ့် ဘာ သာ သာ သ နာ ကို ကာ ကွယ် ဘို့ ပါ
တိုင်းရင်း သား ပေါင်း စုံ နဲ့ ပါတ် သက် ပါ တယ်

နိုင် ငံ ရေး စိး ပွါး ရေး လူ မိုး ရေး ဘာ သာ ရေး ယဉ် ကျေး မူ အား လုးံ သက် ဆိုင် ပါ တယ်
ဒါ ကို မှ မ ထောက် ခံ ရင် မြန် မာ လူ မိုး မ ဟုတ် လို့ ပါ မြန် မာ နိုင် ငံ သား မ ဟုတ် လို့ ပါ

ဘယ် နိုင် ငံ ဖြစ ဖြစ် လူ မိုး ရေး ဘာ သာ ရေး ယဉ် ကျေး မူ ချစ် မြတ် နိုး ဘို့ လုပ် ကြ တာ ပါ ဘဲ
လုးံဝ ထောက် ခံ ပါ တယ်
တပ် မ တော် က လဲ မေး စ ရာ မ လို ပါ
လုးံ ဝ ထောက် ခံ ပါ တယ်
ပခက တာ တိး

လယ်လိုပဲဖြစ်ဖြစ် မ ဘ သ အနေဖြင့်ဦး
ဆောင်ပြီးလုပ်တာကျေးဇူးအထူးတင်တယ်။
၈၈ တို့ NLD တို့ဆိုတာသူတို့လုပ်တာပဲအ
ဟုတ်ထင်တာ။ဘုန်းကြီးတွေသူတို့ကိုထောက်
ခံပြီးဆန္ဒပြတော့ ရွှေဝါရောင်တော်လှန်ရေး
သာသနာ့အာဇာနည်တဲ့ အခုတော့ဘုန်ကြီး
ကဘုန်းကြီးအလုပ်မလုပ်ပဲနိုင်ငံရေးထဲဝင်ရှုပ်
တယ်။အမျိုးမျိုးပဲတတ်လဲတတ်နိုင်တယ်။
ဘယ်ရှုထောငိ့ကပဲကြည့်ကြည့်ကိုယ့်လုပ်တာ
မှဟုတ်လှပြီထင်နေတာ။ဒါလူ့အခွင့်အရေးမှမဟုတ်တာ။ဘာပဲဖြစ်ဖြစ်
စစ်တပ်ကိုတဖက်သတ်စွပ်စွဲပြီးပြောဆိုရေး
သားနေတာ။ကိုယ်နဲ့မတိုက်ဆိုင်ရင်ရန်သူလို
သဘောထားတာဟာစိတ်ဓါတ်ပိုင်းဆိုင်ရာလို
အပ်နေသေးတယ်ဆိုတာပြနေတာပဲ။ဒေါ်စုလဲ
သူ့ကိုမထောက်ခံရင်ပတ်ရမ်းတယ်။လူဆိုတာ
ဘယ်သူပဲဖြစ်ဖြစ်ကြိုက်မှလက်ခံမှာ။ဒါမှဒီမိုက
ရေစီဆိုတဲ့လူ့အခွင့်အရေးပဲ။

အမျိုးစောင့်ဥပဒေကိုထောက်ခံပါတယ်............

မျိုး စောင့်ဥပဒေကိုထေက်ခံသည်

The most interesting is the senior general is a Mon and his wife is a Rakhine.

မြန်မြန် အတည်ပြုကြတော့ဗျို့

1-NEED NATIONAL PROTECTION LAWS SOONEST POSSIBLE BECAUSE WE ALL LOST PROTECTION
AFTER BRITISH TOOK OVER MYANMAR AFTER
FIGHTING THREE WARS.
2-MYANMAR LOST EVERYTHING UP TO DAY.
3-STILL WE ARE FACING SO MANY CHALLENGES
DUE TO FOREIGN PRESSURE,INFLUENCE AND
INTERVENTION.
4-PLEASE LOOK AT THE HISTORY OF 185 YEARS
AND THE RECORDS INDICATED MYANMAR FIGHTING FOR TO PROTECT OUR COUNTY,OUR
PEOPLE,OUR CULTURE AND OUR FAITH BUT
STILL MYANMAR ALWAYS LATE BEHIND MUSLIM,
HINDI AND CHRISTIANB ECAUSE THEY ALL HAVE
WELL ORGANIZED LAWS TO PROTECT THEM.
5-ALL LEGAL EXPERTS,ALL MYANMAR PATRIOTIC
LEADERS,NATIONALISTS, RELIGIOUS LEADERS AND WUNTHARNU RAKITTA KNEW URGENTLY NEED TO MAKE THIS KIND OF LAWS BECAUSE THEY ALL KNEW THE ROOT CAUSES DEEPLY, SECRETLY DEVELOPING AND THREATENING MYANMAR SINCE ABOUT 185 YEARS.
6-BOGOKE AUNG SAN UNDERSTOOD THE THREATS COMING FROM BRITISH,JAPAN ETC...
7-OF COURSE ALL PATRIOTIC AND WUNTHARNU MYANMAR WILL SUPPORT THIS KIND OF LAWS
EXCEPT TRAITORS.
8-MYANMAR NEED TO SEE WHO ARE
NATIONAL PATRIOTS AND WHO ARE TRAITORS.
9-ALL COUNTRIES ON EARTH HAVE THE PATRIOTIC LAWS AND NATIONAL PROTECTION LAWS,
10-DO NOT CONFUSE NATIONAL PROTECTION LAWS WITH DEMOCRACY AND HUMAN RIGHTS
BECAUSE THEY ARE SEPARATE ISSUES.
11-MYANMAR NEED FULL NATIONAL PROTECTION
LAWS COME FIRST AND THEN DEMOCRACY
AND HUMAN RIGHTS AS SAME AS ALL COUNTRIES
PRACTICING NOW A DAY.
12-MYANMAR NEED BUILDERS BUT NOT DESTROYERS.

WUNTHARNU RAKITTA

ထောက်ခံတယ်

LONG LIFE OUR SENIOR GENERAL MIN AUNG HLAING.

ခု NLD က လူတွေက ဘာမှန်းမသိ ညာမှန်းမသိပဲ အမေရိကန်လိုနိုင်ငံမျိုးကို အတုယူပါ အတုယူပါ ဆိုပြီး ပြောနေကြတာပါ။

တစ်ကယ်တော့ အမေရိကန်နိုင်ငံသူ၊ နိုင်ငံသားများသည် အမျိုးစောင့်တာ စံနမူနာ ယူလောက်သည်။

အမေရိကန်နိုင်ငံသူ၊ နိုင်ငံသား အဖြူကောင်၊ အဖြူကောင်မ ခ၇စ်ယန်များသည် သူတို့လူမျိုး သူတို့ဘာသာ ကိုသာ (အဖြူကောင်၊ အဖြူကောင်မ ခ၇စ်ယန် အချင်းချင်းကိုသာ) ရွေးချယ် လက်ထပ်ကြပြီး တစ်ခြားလူမျိုး၊ တစ်ခြား ဘာသာခြားများ ( ဗုဒ္ဓဘာသာဝင်များ၊ အမဲများ၊ အဝါများ၊
ဟိန်ဒူများ၊ မူစလင်များ) ကို လုံးဝ (လုံးဝ) စိတ်မ၀င်စားပါ။

ရှားရှားပါးပါး အဖြူကောင် အဖြူကောင်မ တစ်ယောက်စ၊ နှစ်ယောက်စသာ အဖြူကောင် အဖြူကောင်မ မဟုတ်သူ အမဲများ၊ အဝါများကို လက်ထပ်ကြသည်။

ဒီလိုပဲ အမေရိကန်ကိုရောက်သွားသော မြန်မာတိုင်းရင်းသားများသည်လည်း မည်သည့် လူမျိုး၊ မည်သည့်ဘာသာခြားကိုမှ လက်မထပ်ပါ။

မြန်မာတိုင်းရင်းသား ဗုဒ္ဓဘာသာဝင် အချင်းချင်းကိုသာ ရွေးချယ် လက်ထပ်ကြသည်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်