Subscribe to our RSS Feed

ထိုင်းစစ်တပ်က နှိမ်နင်းသည့် ဆန္ဒပြသူများသေဆုံးမှု တာဝန်မယူဟု ကြေငြာ



ထိုင်းနိုင်ငံတွင် စစ်အုပ်ချုပ်ရေး ကြေငြာထားသည့် ကာလ၌ ဆန္ဒပြမှုများကို စစ်တပ်မှ
အကြမ်းဖက် ဖြိုခွင်း၍ ထိခိုက် ဒဏ်ရာရမှု၊ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့လျှင် စစ်တပ်က
တာဝန်ယူလိမ့်မည် မဟုတ်ဟု ကြည်းတပ် ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းထိုင်စုဝါရီက မေလ ၂၅ ရက်တွင် ကြေငြာခဲ့သည်။

ထိုင်းနိုင်ငံ၌ စစ်တပ်အာဏာ သိမ်းမှု ဆန့်ကျင် ဆန္ဒပြသည့် အင်အားစုများ မြင့်တက်လာပြီး ဘန်ကောက် အပြင် ရှပ်နီ (တက်ဆင် ထောက်ခံသည့် အင်စားစု)များ အမာခံ နယ်မြေ ချင်းမိုင်ခရိုင်သို့ပါပြန့်နှံ့ လာနေခဲ့သည်။

၎င်းဆန္ဒပြမှုကို စစ်တပ်က အင်အားသုံး၍လူစုခွဲစေပြီး ဆန္ဒပြသူ အချို့ကို မေလ ၂၅
ရက်က ဖမ်းဆီးထိမ်းသိမ်းမှု ရှိခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရမှုတော့ မရှိသေးပေ။

လက်ရှိ ကာလသည် စစ်အုပ်ချုပ်ရေး ကာလအဖြစ် ကြေငြာထားပြီး ဖြစ်ရာ စစ်အုပ်ချုပ်ရေး ကာလ၌ လူသားချင်း စာနာမှု စံနှုန်း ဥပဒေများ အသက်ဝင်မည် မဟုတ်ဟုလည်း အာဏာသိမ်း အဖွဲ့က ကြေငြာထားသည်။


ယခင် ထိုင်းနှင့် စစ်ဖက် မဟာမိတ် ဆက်ဆံရေး ကောင်းမွန်ခဲ့သည့် အမေရိကန် အစိုးရကလည်း ထိုင်းနှင့် စစ်ဖက်ဆက်ဆံရေး ခေတ္တ ဆိုင်းငံ့မည်ဖြစ်ပြီး အကူအညီပေးရေး၊ အတူတကွ သင်တန်း ပေးရေးနှင့်ထိုင်း ရဲဘက်ဆိုင်ရာများနှင့် တွေ့ဆုံမည့် အစီအစဉ်၊ ထိုင်းမီးသတ် တပ်ဖွဲ့ဝင်များကို သင်တန်းပေးရေး တို့ကို ရပ်ဆိုင်း ထားမည်ဖြစ်ဟုလည်း အမေရိကန်က မေလ ၂၄ ရက်ကတည်းက ထုတ်ပြန်ထားသည်။

Mizzima News

3 comments:

ကြားတယ်နော် nld နဲ့ ၈၈ တွေ မင်းတို့နဲ့တန်တဲ့နေရာကရှိပြီးသားနော် သိပ်လည်းအာချောင် မ နေနဲ့ကြည့်နေ တာ မင်းတို့ကို အ လေးထားလို့မဟုတ်ဘူး ပြည်သူတွေကိုချစ်လို့သဘောပေါက်

မြန်မာလုပ်သမားတွေပေါ် မကောင်တဲ့
ထိုင်းနိုင်ငံကောင်းတယ်ဟေ့
တရုတ်လည်း ပြည်သူသန်း(၁၀၀)ကျော်
ရေဆိုးရေညစ်တွေသောက်နေရတယ်။မြန်မာပေါ်
မကောင်းတဲ့ ကောင်တွေကောင်းတယ်ဟေ့

jiikciijj ကိုယ့် ဟာ ကို တော့ မှန် တယ် ထင် နေ ကြ တာ

တိုင်း ပည် ပျက် မဲ့ ကိန်း ဆို ရင် တော့

ဟဲ ဟဲ ဒီ တိုင်း ဘဲ ဒိုင်း ဒိုင်း ဒိုင်း ရှီွး ရွှီး ပေါ့

အ မေ ရိ ကန် က ဘာ ကောင် မို့ တုးံ သူ နိုင် ငံ ကို ဘဲ ငြိမ် အောင် ထိမ်း ပါ အုးံ

အစု လိုက် သေ ရ တာ နဲ့ အပြုံ လိုက် သေ ရ တာ နဲ့

ဗဟားဟား ဟားနိုင် ရေး သ မား စ နိုး ဒန် ကို အ သေ အ လဲ လို ချင် နေ တာ

ဟား ဟား ဟား
ငါ တို့ နိုင် ငံ မှာ လည်း နိုင် ငံ တော် သစ္စာ ဖေါက် တွေ ကို မ သတ် ပါ ဘူး
ထောင် ချ ရုံ ပါ ဘဲ

အ မေ ရိ ကန် ထက် စာ နာ မူ ပို ပါ တယ် ဗျာဟဲ ဟဲ

ပခက တာ တိး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်