Subscribe to our RSS Feed

မုဒိန်းကောင် မြဒေါင်း အား ထောင် အနှစ် (၄၀) ချ

From : UD

ကသာမြို့နယ် အင်းရွာကျေး ရွာ၌ လွန်ခဲ့သောနှစ်နှစ်ကျော် ခန့်က (၁၂နှစ်)အရွယ် မိန်းကလေး အား အဓမ္မပြုကျင့်သတ်ဖြတ်ခံရ သည့် အမှုကို ယခုလ ၂၃ရက်တွင် ကသာခရိုင် တရားရုံးတော်က အမှုနှစ်ရပ်ပေါင်း ထောင်အနှစ် ၄ဝ ပြစ်ဒဏ်တစ်မျိုးစီချမှတ်လိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကသာမြို့နယ်အင်း ရွာရဲစခန်းပိုင် အင်းရွာလမ်းခွဲ၌ ၂ဝ၁၂ခုနှစ် ဇူလိုင် ၆ ရက်တွင် တရားလိုဦးငြိမ်း၏ဇနီးဒေါ်ကြိုင်က သမီးဖြစ်သူ မလှလှ(၁၂နှစ်)အား အင်းရွာလမ်းခွဲသို့ ဈေးဝယ်ခိုင်းရာ ပျောက်ဆုံးနေ ၍ရှာဖွေရာ အင်းရွာ လမ်းခွဲရှိ ဦးသန်းဇော်၏ကြံခင်း အနီး သေဆုံးနေသဖြင့် အင်းရွာရဲ စခန်းသို့ ၂ဝ၁၂ခုနှစ် ဇူလိုင် ၇ ရက်က တိုင်တန်းထားရှိရာ (ပ) ၇၇/၂ဝ၁၂၊ ပြစ်မှုပုဒ်မ-၃ဝ၂ အရ ရဲအုပ်မြတ်စိုး စခန်းမှူးက လက်ခံ စစ်ဆေးခဲ့သည်။

အဆိုပါ တရားခံ မြဒေါင်းအားဖမ်းဆီးပြီး ၂ဝ၁၂ ခုနှစ် သြဂုတ် ၁ဝ ရက် စွဲချက် အမှတ် ၈၇/၂ဝ၁၂ ဖြင့်တရားစွဲ ဆိုတင်ပို့ခဲ့ရာ ကသာခရိုင်တရားရုံး က ရာကြီးအမှတ် ၅၉/၂ဝ၁၂ဖြင့် ၂ဝ၁၂ ခုနှစ် သြဂုတ် ၁ဝရက်တွင် စတင်ကြားနာစစ်ဆေးခဲ့ရာ တရား သူကြီး ဦးသက်ထွန်းက တရားလို၊ သက်သေ၊ တရားခံစစ်ဆေးချက် များအရ အမှုကိုပြစ်မှုပုဒ်မ-၃ဝ၂/ ၃၇၆ အရ ကြားနာစစ်ဆေးပြီး တရားခံ မြဒေါင်း(ခ)အောင်မိုး (အသက်၆ဝ) အား ပြစ်မှု ၃ဝ၂ အရ ထောင်ဒဏ်နှစ်၂ဝ၊ ပြစ်မှု ၃၇၆ အရ ထောင်ဒဏ်နှစ် ၂ဝ ပြစ်ဒဏ်တစ်မှုစီ ချမှတ်လိုက်ရာ ထောင်ဒဏ် နှစ် ၄ဝ ချမှတ် လိုက်ကြောင်း ခရိုင်တရားရုံးတော် မှသိရသည်။


 .. www.MyanmarExpress.net
 

1 comments:

သူများအပြစ်တွေအတင်းတွေကိုပြောနေတယ်သူလို့မြင်မိတယ်. ကိုယ်ကို့ ကို ပြန်ကြည်ဖို့တော လိုမယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်