Subscribe to our RSS Feed

မလေးရှားပျောက်ဆုံးလေယာဉ် MH 370 မှားယွင်းပစ်ချခံရခြင်းဖြစ်နိုင်ဟု ရေးသားသောစာအုပ်ထွက်ရှိ

From : .. UD


မတ် ၈ ရက်က မလေးရှားနိုင်ငံ ကွာလာ လမ်ပူမြို့မှ တရုတ်နိုင်ငံ ပေကျင်းမြို့သို့ လေကြောင်းခရီးစဉ်အမှတ် MH 370 ဖြစ် ထွက်ခွာသွားခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့ သော မလေးရှားလေကြောင်းပိုင်ခရီးသည် တင်လေယာဉ်မှာ မှားယွင်းပစ်ချခံရခြင်းဖြစ် နိုင်သည်ဟုရေးသားထားသောစာအုပ်ထွက်ရှိ လာခဲ့သည်ဟုအင်္ဂလန်နေ့စဉ်ထုတ်သတင်းစာTelegraph က ယနေ့ဖော်ပြသည်။

စာအုပ်ကို အင်္ဂလန်-အမေရိကန် ကပြားဂျာနယ်လစ်တစ်ဦးဖြစ်သော Nigel Cawthorne ကရေးသားထားခြင်းဖြစ်ပြီးသြစ တြေးလျနိုင်ငံတွင် ယနေ့စတင် ရောင်းချနေပြီ ဟုသိရသည်။ Flight MH 370:The Mystery ဟု အမည်ပေးထားသော အဆိုပါစာအုပ် ကို မီးလောင်နေသောခရီးသည်တင်
လေယာဉ် တစ်စင်း ထိုင်းပင်လယ်ကွေ့ထဲ ထိုးကျသွား ခဲ့သည်ကို
မြင်တွေ့ခဲ့ရသည်ဟု ပြောကြား ခဲ့သော နယူးဇီလန်ကမ်းလွန်
ရေနံတူးဖော်ရေး လုပ်သားတစ်ဦး၏ အတည်ပြုချက်ကို ကိုးကား၍
ရေးသားထားခြင်းဖြစ်သည်။
စာအုပ်ကို ရေးသားခဲ့သည့် Nigel Cawthorne က''အခိုးခံရတဲ့ မိုဘိုင်းလ်ဖုန်း
တစ်လုံး ဘယ်နေရာမှာရှိတယ်ဆိုတာကို သိအောင် လုပ်နိုင်တဲ့ ဒီနေ့ခေတ်မှာ
ခေတ်မီဆက်သွယ် ရေးစနစ်တွေ၊အချက်ပြစနစ်တွေတပ်ဆင်ထား တဲ့
ခေတ်မီလေယာဉ်တစ်စင်း ပျောက်ဆုံး သွားတာကို သဲလွန်စလုံးဝရှာလို့မရဘူး
ဆိုတဲ့ အချက်ကလက်ခံနိုင်ဖို့အလွန်ခဲယဉ်းပါတယ်။နယူးဇီလန်ရေနံ
တူးဖော်ရေးလုပ်သားတစ်ဦး ဖြစ်တဲ့ မိုက်မက်ကေးဟာ မတ် ၈ ရက်
ဒေသစံတော်ချိန် ည ၁ နာရီ ၂၁ မိနစ်မှာ ထိုင်းပင်လယ်ကွေ့ထဲကို
ခရီးသည်တင်လေ ယာဉ်တစ်စင်းမီးလောင်ပြီးထိုးကျသွားတာကို
မြင်လိုက်ရပါတယ်။ သူအမှန်တကယ်မြင် လိုက်ရတယ်ဆိုတဲ့သက်သေတွေလဲ
ကျွန်တော် ရထားပါတယ်။ အဲဒီအချိန်မှာ အမေရိကန်နဲ့ ထိုင်းပူးတွဲစစ်ရေး
လေ့ကျင့်မှုပြုလုပ်နေချိန်ပါ။အဲဒီစစ်ရေးလေ့ကျင့်မှုမှာ ရေကြောင်းနဲ့
လေကြောင်းဆိုင်ရာ ပူးတွဲလေ့ကျင့်မှုတွေ ပါဝင်ခဲ့ပြီး လက်တွေ့
ပစ်ခတ်မှုတွေလဲ ပြုလုပ် ခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ ပါရှိသွားတဲ့ ခရီးသည် ၂၂၇ ဦးနဲ့ မိသားစုဝင်တွေ အတွက် ဝမ်းနည်းပေမယ့် ကျွန်တော်ရှာဖွေ
တွေ့ရှိထားတဲ့ အချက်တွေအရဆိုရင် MH 370 ဟာ အဲဒီ့စစ်ရေးလေ့ကျင့်မှုမှာ
မှားယွင်း ပစ်ချခံရတာဖြစ်ဖို့များပါတယ်''ဟုပြောသည်။
 
.. www.MyanmarExpress.net
 

2 comments:

အဲဒီအချိန်မှာ အမေရိကန်နဲ့ ထိုင်းပူးတွဲစစ်ရေး
လေ့ကျင့်မှုပြုလုပ်နေချိန်ပါ။အဲဒီစစ်ရေးလေ့ကျင့်မှုမှာ ရေကြောင်းနဲ့
လေကြောင်းဆိုင်ရာ ပူးတွဲလေ့ကျင့်မှုတွေ ပါဝင်ခဲ့ပြီး လက်တွေ့
ပစ်ခတ်မှုတွေလဲ ပြုလုပ် ခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ ပါရှိသွားတဲ့ ခရီးသည် ၂၂၇ ဦးနဲ့ မိသားစုဝင်တွေ အတွက် ဝမ်းနည်းပေမယ့် ကျွန်တော်ရှာဖွေ
တွေ့ရှိထားတဲ့ အချက်တွေအရဆိုရင် MH 370 ဟာ အဲဒီ့စစ်ရေးလေ့ကျင့်မှုမှာ
မှားယွင်း ပစ်ချခံရတာဖြစ်ဖို့များပါတယ်'

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်