Subscribe to our RSS Feed

မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်ဘက်တပ် ဖွဲ့တွေအကြား စတင်တိုက်ပွဲဖြစ်ပွား

From : .. narajia


မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နှစ်ဘက် တပ်များအကြား ယနေ့ ( 30 . 5 . 2014 ညနေ ၄ နာရီခန့်က စတင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည် ။ တိုက်ပွဲဖြစ်ပွားကြောင်းကို ဘင်္ဂလား ဘက်က အွန်လိုင်းသတင်းများက ဖေါ်ပြ နေပါသည် ။ တိုက်ပွဲမှာ ဘင်္ဂလားဒေ့ရှ်နို င်ငံ စစ်တကောင်းတောင်တန်းဒေသရှိ နတ်ကျောက်ဆရီမြို့နယ်အနီးရှိ နယ်စပ် ဖြစ်ပွားခဲ့ကြောင်း အကျအဆုံး အထိအခိုက်များကိုမူ မသိရှိရသေးပါ ။ BGB ဘင်ဒရိုဘင်ခရိုင် တပ်မှူး ဗိုလ်မှူးကြီး Col KM Saiful Islam က ထုတ်ဖေါ်ပြောကြားလိုက်ကြောင်းကို သတင်းများက ဖေါ်ပြထားပါသည် ။ အဆိုပါ ပြင်တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းအရင်းကိုမသိရသေးကြောင်း နှင့်သို့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ အရာရှိတစ်ဦး ကျဆုံးသွားခြင်းအပေါ် မြန်မာဘက်သို့ ကန့်ကွက်ရှုတ်ချခဲ့ပြီး နောက် တစ်ရက်အကြာတွင် တိုက်ပွဲဖြစ် ပွားခဲ့ခြင်းဖြစ်သည် ။ ယခုအခါ မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ် အခြေအနေမှာ အထူးပင်သတိ ထားနေရတော့မည့် အနေအထားတွင်ရှိ နေကြောင်း ဘင်္ဂလားဒေ့ရှ်နယ်မြေခံတစ် ဦးက နေရဉ္ဇရာသို့ပြောသည် ။

 .. www.MyanmarExpress.net
 

1 comments:

We,all Myanmars love PEACE,
that's why we should prepare to WIN.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်