Subscribe to our RSS Feed

"တပ်မတော်သားဆိုတာက နိုင်ငံခြားက လာတဲ့ သူတွေမဟုတ်ဘူး.. ပြည်သူထဲက ပြည်သူတွေပဲ" ~ ဗိုလ်မှူးကြီး ဌေးနိုင်


From : .. ဗိုလ်မှူးကြီး ဌေးနိုင် (တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ဥပဒေ ပြင်ဆင်ရေးမှာ ၄၃၆ ကတော့ မူတည်တာပေါ့။ သူ(ဒေါ်အောင်ဆန်းစုကြည်) က ဘယ်လိုပဲပြောပြော ကျနော်တို့ရဲ့ ခံယူချက်က ပြင်သင့်တာ တော့ ရှိတာပေါ့။ ပြင်ရမှာပဲလေ။ လွှတ်တော်မှာလဲ ကော်မတီဖွဲ့ပြီးတော့ လုပ်နေတာပဲလေ။ ပူးပေါင်းဖို့က ကျနော်တို့လည်း ပါနေတာပဲလေ။ သူတို့က ကျနော်တို့အပေါ်ကို ဘယ်လိုသဘောထားလဲတော့ မသိဘူးလေ။

နိုင်ငံရေး လုပ်ချင်ရင် တပ်က ထွက်လို့ ပြောတာကို မကြိုက်ဘူး။ ကျနော်တို့လည်း တိုင်းပြည်ချစ်လို့ စစ်တပ်ထဲ ၀င်လာ တာလေ။ တပ်မတော်သားဆိုတာက နိုင်ငံခြားက လာတဲ့ သူတွေမဟုတ်ဘူး။ ပြည်သူထဲက ပြည်သူတွေပဲ။ နိုင်ငံ ကောင်းဖို့၊ တပ်မတော် ကောင်းဖို့ စသဖြင့်လုပ်နေတာပဲ။ ၀င်လာထဲ ကလည်း တပ်မတော်သား သည် ပြည်ထောင်စုရဲ့ သားသမီး တွေပဲ။ ကျနော်တို့တပ်မတော်သားတွေက နိုင်ငံတော်ကောင်း အောင်လုပ်နေတာပဲ။ လွှတ်တော်ထဲမှာလဲ နိုင်ငံ ကောင်းဖို့ ကြိုးစား ဆောင်ရွက်နေတာပဲ။ ဒီလိုပဲခံယူထားတယ်။

အာဏာမမက်ရင် အခြေခံဥပဒေ ပြင်ဆင်ပေးဖို့ ပြောတာက ပြောတဲ့ သူရဲ့ တာဝန်ပဲလေ။ သူပြောသလို သူဘာသာ တာဝန်ယူသွားရမှာပဲလေ။ လွှတ်တော်တွင်းမှာရှိနေစဉ်လည်း ဘယ်သူ့ ကိုမှ ဒုက္ခမပေးပဲ နိုင်ငံကောင်းဖို့အတွက်။ ကျနော်တို့က ဒို့တာဝန် အရေး ၃ ပါးကို ကာကွယ်စောင့်ရှောက်ရမှာပဲ။ ဒါကို တော့ လုံးဝ ထိပါးခံ လို့တော့မရဘူး။


.. www.MyanmarExpress.net
 

1 comments:

တပ် မ တော် ဆို တာ ပြည် သူ ထဲ က ပြည် သူ တွေ ပါ
တပ် မ တော် ကြိး ရှိ နေ လို့ ယ နေ့ အ ထိ တိုင်း ပြည် ကြိး အ စိတ် စိတ် အ မွှာ မွှာ မ ကွဲ တာ ပါ
ယ နေ့ အ ထိ ကွဲ ချင် နေ တုးံ ပါ

တစ် ခီူ့ လူ တွေ က မျက် စိ စုံ မိတ် ပြိး ရမ်း အော် ရမ်း ရေး နေ ကြ တယ် အ သိ ညဏ် နဲ ကြ ပါ တယ်

အ မတ် ဖြစ် နေ ပြိး အ သိ ညဏ် ပြည့် စုံ တယ် လို့ မ ထင် လေ နဲ့ အ ရ ပ် သား ဘဲ ဆို ပြိး အ သိ ညဏ် နဲ တယ် မ ထင် လေ နဲ့

အ ဒိ က က တိုင်း ပြည် တ ပြည် မှာ တပ် မ တော် ဟာ အင် အား အ ဘက် ဘက် က တောင့် တင်း နေ ရ မယ် ပြိး ပြည့် စုံ နေ ရ မယ်
ခေါတ် မှီ လက် နက် မိုး စုံ ပြည် တွင်း မှာ ထုတ် နိုင် ရ မယ် စက် မူ ခေါတ် ကို အ မြန် ရောက် အောင် လုပ် ရ မယ် အ ခြား ကို ရောင်း စား နိုင် ရ မယ်
ဒါ ဆို မ ကြာ မှိ လာ မည် မြန် မာ ဟေ့ လို့
ပခက တာ တိး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်