Subscribe to our RSS Feed

"စစ်တပ်က အာဏာမက်တယ်ဆိုတာလည်း မဟုတ်ဘူး.. ဖွဲ့စည်းပုံ ကိုလည်း သေချာနားမလည်၊ လုပ်ပိုင်ခွင့်တွေကိုလည်း သေချာ မလေ့လာဘဲနဲ့ သူတို့ပြောနေတာ" ~ ဦးမင်းဆွေ

From : ..  ဦးမင်းဆွေ (ဒိုက်ဦးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ
အခု စစ်တပ်က ကာကွယ်ရေး ၀န်ကြီး၊ စစ်ထောက်ချုပ် စတဲ့သူတွေက ဘာတွေ လုပ်ပိုင်ခွင့် ရှိနေလဲ။ အရင် န၀တ၊ နအဖ ခေတ်တုံးက ကာကွယ်ရေးဝန်ကြီး၊ စစ်ထောက်ချုပ်၊ ဗိုလ်မှူးချုပ်၊ တိုင်းမှူးတွေကအစ ဘာတွေ လုပ်ပိုင်ခွင့်ရှိလဲ ဆိုတာ သေချာ လေ့လာလိုက်ရင် စစ်တပ်က အာဏာမက်တယ်ဆိုတာကို သူတို့ ပြောမှာမဟုတ်ဘူး။ စစ်တပ်မှာ ဘာမှ အာဏာ မရှိပါဘူး။ စစ်တပ်က ဘတ်ဂျက်ဆိုလည်း ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုတဲ့ဟာကိုပဲ သူတို့ သုံးလို့ရတယ်။ အစိုးရက ကာကွယ်ရေး ဦးစီးချုပ် ခန့်အပ်ဖို့တောင်မှ ကာကွယ်ရေး ဦးစီးချုပ် ရွေးချယ်ရေး အဖွဲ့ဆိုတာ ရှိတယ်။ ရှင်းရှင်း ပြောရရင် တပ်မှာ အာဏာရှိတယ်ဆိုတာ မဟုတ်ဘူး။ စစ်တပ်က အာဏာမက်တယ်ဆိုတာလည်း မဟုတ်ဘူး။ ဖွဲ့စည်းပုံ ကိုလည်း သေချာနားမလည်၊ လုပ်ပိုင်ခွင့်တွေကိုလည်း သေချာ မလေ့လာဘဲနဲ့ သူတို့ပြောနေတာ။ တပ်မတော်သားတွေ အသက်စွန့် နေကြတာ ပြည်သူ လူထုတွေအတွက်ပါပဲ။ နိုင်ငံရေးသမားတွေ လှုပ်ရှားလို့ လူထုပဲ အ သေခံလာခဲ့ရတာ။ သူတို့ တယောက်မှ မသေဘူးလေ။

တပ်ကထွက်ဆိုတာဗျာ ကျနော်လည်း တပ်ကထွက်လာခဲ့ပြီး နိုင်ငံရေး လုပ်နေတာပဲ။ လွှတ်တော်ထဲမှာ တပ်က ရှိနေတာ တကယ်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေရယ်၊ ဒို့တာဝန်အရေး ၃ ပါးကို စောင့်ကြည့်တဲ့အနေအထားပါ။ သူတို့က နိုင်ငံရေး
လုပ်တာမဟုတ်ပါဘူး။ တပ်က ထွက်လာတဲ့လူတွေ လုပ်နေကြတာပါ။ ဒါကလည်း နိုင်ငံရေး လုပ်ချင်လို့ ကျနော်တို့လည်း ထွက်လာတာပဲလေ။ အချိန်တန်ရင် လွှတ်တော်ထဲက တပ်မတော်သားတွေက ထွက်သွားမှာပဲ။ ဖွဲ့စည်းပုံပြင်ရေးဆိုတာ
ပြည်ထောင်စုလွှတ်တော်က လုပ်မှ ရတာ။ ဘေးကနေ ဘယ်သူအော်အော် မရပါဘူး။ ကဲ ၈၈ ကလို လုပ်ချင်လား။ အဲဒါဆို ရင်တော့ တပ်က ပြန်သိမ်းမှာပေါ့ဗျာ။ ဒါပဲရှိတာပဲ။

အခုလို ဒီမိုကရေစီဆိုပြီး လူထုအားနဲ့ လုပ်နေတာ စစ်တပ်ကို ဖိအားပေးနေတဲ့ သဘောပဲဗျာ။ အဲဒီလိုသာဆို စစ်အုပ်ချုပ် ရေး ပြန်ရောက်သွားမှာပေါ့။ အဲဒါကြောင့် နိုင်ငံသားတွေလည်း ဘယ်သူမှ အကျိုးမရှိဘူး။ စစ်တပ်အတွက်လည်း အကျိုး မရှိဘူး။


.. www.MyanmarExpress.net
 

7 comments:

ခွေးဆိုးကြီး ဟောင်မနေနဲ့  ခြိမ်းချောက်မနေနဲ့၊နောက်တခါစစ်တပ်ကအာဏာသိမ်းလဲတိုင်းပြည်ကပျက်ပြီ၊ မင်းမိသားစုလဲကျန်မှာမဟုတ်တော့ဘူး၊

မှန် တယ်

ပြည် သူ့ အ တွက် တိုင်း ပြည် အ တွက် မြန် မာ နိုင် ငံ မြေ ပုံ မ ပျောက် ရ အောင် အ သက် ပေး ကာ ကွယ် နေ ကြ ရ တာ မှန် တယ်
လ စာ နဲ့ တာ ဝန် နဲ့ က မ အပ် စပ် ဘူး စစ် သား တွေ မှာ တာ ဝန် က နား ခဲ့ ရင် အ သက် ကြိး လို့ နား ခဲ့ ရင် ဒုက္ခိ တ ဖြစ် လို့ နား ခဲ့ ရင် ခို နား စ ရာ မ ရှိ ကြ ဘူး အိမ် ပိုင် ဝိုင်း ပိုင် မ ရှိ ကြ ဘူး ထမ်း ဆောင် ရ တဲ့ တာ ဝန် နဲ့ လုးံ ဝ မ တန် ဘူး
ယ ခု ဆို ရင် တပ် မ တော် ရဲ့ လို အပ် ချက် ဘား ချက် ကို လွှတ် တော် က ခိ မှတ် ပေး မှ ရ တယ်
ငါ တို့ လို ပြည် သူ က တောင် သိ တယ်

အဓိက က မြန် မာ တိုင်း ရင်း သား တွေ ပျောက် ကွယ် မ သွား ဘို့
မြန် မာ တိုင်း သား တွေ ထဲ မှာ တရုတ် ကု လား မ ပါ ဘူး နိုင် ငံ သား အ ဖြစ် မ ပေး နိုင် ဘူး ငါ တို့ နိုင် ငံ ရေး ကို ဝင် စွတ် ခွှင့် မ ပေး နဲ့ မဲ ပေး ပိုင် ခွှင့် မ ပေး နဲ့
ကု လား တွေ ငါ တို့ မြန် မာ ပြည် ကို ခိုး ဝင် လာ တာ တ နှစ် ကို မ နည်း ဘူး နိုင် ငံ သား မှတ် ပုံ တင် ကို ငွေ ပုံ ပေး ပြ်း ရ အောင် လုပ် ကြ တယ် တ ရုတ် လည်း အ တူ တူ ပါ ဘဲ

ရှေး က တည်း က တိုင်း ရင်း သား ထဲ မှာ မ ပါ မ ရှိ ပါ ဘူး

ကိုယ့် လူ မိုး ကိုယ့် ဘာ သာ ကိုယ့် ယဉ် ကျေး မူ မ ပျောက် အောင် ကာ ကွယ် ကြ ပါ

ပြော ချင် တွေ အ များ ကြိး ပါ ဘဲ
ပခက တာ တိး

nld က ပြောစရာမရှိလိုပါနော် ခွင့်လွတ်ကြပါ သီချင်းမဆိုတတ်တော့ လက်ခုပ်သံမကြားရမှာစိုးလို့ပါနော်

ရခိုင်ပြည်နယ်က မွတ်ဘေးတောင်မှ မကာကွယ်နိုင်တဲ့ ဗမာ့ တပ်မတော် နိုင်ငံတော်ကို ကာကွယ်ရဲ ပ မလား?

ငါ့သား မင်းကရော မ အေလိုးရဲ့

စစ်​တပ်​လဲ ဘွပျတ်​​နေပါတယ်​ တပ်​ကထွက်​လိုက်​တဲ့ ရဲ​ဘော်​​တွေ ​တောင်းစား​နေရတယ်​၊

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်