မြန်မာအတိုက်အခံခေါင်းဆောင်များက အရေးအခင်းလုပ်ဖို့ တိုက်တွန်းနေစဉ်မှာပင် အိမ်နီးချင်းထိုင်းနိုင်ငံ၌ ၁၉ ကြိမ်မြောက် စစ်တပ်မှ အာဏာသိမ်းဆည်းခဲ့ကြောင်း သတင်းရရှိပါတယ်။
ထိုင်းနိုင်ငံမှာတော့ စစ်တပ်ပိုင်ရုပ်မြင် သံကြားတွေကနေ စစ်တပ်ကနေ စစ်အုပ်ချုပ်ရေး ကြေညာ လိုက်ပါတယ်။ ဒါဟာ ထိုင်းပြည်သူအားလုံးအတွက် နိုင်ငံတည်ငြိမ်အေးချမ်းစေဖို့ စစ်အုပ်ချုပ်ရေး ကြေညာ တာဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံတွင်း ၀န်ကြီးချုပ်ယင်းလတ်ရှင်န၀ပ် ပြုတ်ကျဖို့ ဆန္ဒပြတောင်းဆိုမှုတွေနဲ့ မငြိမ်မသက်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အခုလို စစ်အုပ်ချုပ်ရေးကြေညာလိုက်တာပါ။
ဒီကနေ့ မနက်လင်းအားကြီးပိုင်းမှာ ဘန်ကောက်မြို့က အရေးပါတဲ့နေရာအတော်များများမှာ စစ်တပ်က နေရာယူချထားတယ်လို့ သိရပါတယ်။ စစ်တပ်ပိုင် Channel 5 ရုပ်သံဌာနကလွဲပြီး ကျန်ရုပ်သံတွေအားလုံး ရပ်နားထားတယ်လို့ဆိုပါတယ်။ အဲဒီနေရာမှာ Channel 5 ရဲ့ လွှင့်ထုတ်ချက်ကိုပဲ ပြန်ပြနေပါတယ်။ ဝန်ထမ်းတွေကိုလည်း ရုံးပြန်တက်ဖို့ ထိုင်းစစ်တပ်က အမိန့်ပေးထားပါတယ်။
ဝန်ကြီးချုပ် ယင်းလတ်ကိုတော့ ဖွဲ့စည်းပုံအ ခြေခံဥပဒေခုံရုံးကနေ အဂတိလိုက်စားမှုစွဲချက်နဲ့ ရာထူးကနေ အခု လအစောပိုင်း ဖယ်ရှားခဲ့ပါတယ်။
ဒါပေမယ့် ၀န်ကြီးချုပ်ယင်းလတ်ဦးဆောင်တဲ့ ပါတီကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေအကြား ဆန္ဒပြမှုတွေဟာ အကြမ်းဖက်မှုတွေအထိ တိုးလာခဲ့ပါတယ်။ ထိုင်းနိုင်ငံတွင်းမှာစစ်တပ်ဟာ မကြာမကြာ အာဏာသိမ်းလေ့ရှိပါတယ်။ ထိုင်းနိုင်ငံရဲ့ ၈၁ နှစ်တာ သမိုင်းအတွင်း စစ်တပ်က အကြိမ်ပေါင်း ၁၈ ကြိမ် အာဏာသိမ်းခဲ့ဖူးတာပါ။
မြန်မာနိုင်ငံတွင်လည်း လူထုလမ်းပေါ်ထွက်ကာ ၂၀၁၄ အရေးအခင်း မကြာခင်မှာ ကျင်းပတော့မှာဖြစ်ပြီး မြန်မာစစ်တပ်အနေနဲ့ ထိုင်းစစ်တပ်ကို အတုယူ သင့်ကြောင့် မြန်မာ့အရေး ကျွမ်းကျင်သူများက ဝေဖန်နေကြပါတယ်။
.. www.MyanmarExpress.net
6 comments:
YOU ARE MISTAKEN NEW
An announcement broadcast on army-run TV Channel 5 said martial law had been invoked "to restore peace and order for people from all sides", stressing that the move "is not a coup".
(http://www.bangkokpost.com/news/local/410719/army-invokes-martial-law)
အာဏာသိမ်းတာမဟုတ်ဘူးထင်တယ်.....နည်းနည်းလွဲနေလားလို့
In Myanmar, history is repeating like 1948. Then KNU lead by Saw Ba U Gyi was talking about Kaw-Thu-Lay country, while Burma Communist Party (BCP) lead by Tha Khin Than Tun and Kalar Goshel (a) Tha Khin Ba Tin was threating the then U Nu government by mass demonstrations, strikes and speeches. Shan Saw Bwa were also hinting about "Federal State" though there understanding about the term was in fact "Confederate State". Some other Marxist Shans (ancestors of Khun Tun Oo) were attempting Shan Independence movement. Much more. In Yangon, uncountable number of real and made up grievances were reported by media with all kinds of motives. Then insurgencies broke loose. Finally in 1958, Tat-Ma-Daw marched in and gave all so called political leaders a break. Tat-Ma-Daw had to make a thankless house cleaning job for 2 years, conducted elections let the so called political leaders run the government again in 1962. Instead of appreciating the good job accomplished by Tatmadaw they planned to revenge Tatmadaw by demobilizing it and formed pocket armies of their own. This plan was tantamount to breaking theCountry apart. Consequently Tatmadaw had to march in again in 1962. Tatmadaw tried to reconcile and get peace with every group of these so called under ground and above ground political leaders and legal political leaders. With the consensus of these leaders U Ne Win adopted what was known as "BURMESE WAY TO SOCIALISM" program. The task would by implemented by ONE PARTY POLITICAL SYSTEM.
As we have witnessed during 1962 to 1988 the system lead to poverty in every sense of the word. Social upheaval. Anarchy and Terror reigned Tatmadaw again marched in and had to do the thankless house cleaning job again. After carefully deliberating with the best experienced people of the people available in National Convention 2008 was drawn, and got approval by the peaceful grass root people, U Thein Sein Government is now doing fine in my opinion. Aung San Su Kyi, 88 groups, U Ko Ni (Kalar name?)are jealous.
စစ်တပ်ကအာဏာသိမ်းပြီးပါတီဖျက်သိမ်းအခြားအဖွဲ့အစည်းတွေဖျက် ၁၉၆၂ အတိုင်းသွားစေချင်တယ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်ကိုတမ်းတမိတယ်
ပခုက္ကူ
ယူ န တီ စာ ဆောင် မှ သ မ ရီု ကျ လက် နက် စက် ရုံ များ ကို တောင် က ရေး မြောက် ရေး ဆရး သား ပြိး အ စိုး ရ ကို အ ထင် အ မြင် လွဲ မှား အောင် လုပ် ခဲ့ ကျ သော နိုင် ငံ တော် သစ္စာ ဖေါက် များ အား NLD မှ ရှေ့ နေ ကြိး ဦး အောင် သိန်း က အ မူ လိုက် ပေး နေ ပါ တယ်
ဒါ ဆို နိုင် ငံ တော် သစ္စာ ဖေါာက် လုပ် တဲ့ လူ တွေ ကို သူ က လိုက် ပေး နေ တာ လား ဒါ မှ မ ဟုတ် နိုင် ငံ တော် သစ္ဇာ ဖေါက် လုပ် ငန်း များ ကို NLD က လုပ် နေ တာ လား မ သိ လို့ ပါ နော်
ဘာ ဘဲ ဖြစ် ဖြစ် နိုင် ငံ တော် သစ္ဇာ ဖေါက် များ ကို ထိ ရောက် စွာ အ ရေး ယူ ပါ
အ မေ ရိ ကန် စ နိုး ဒန် တောင် ခွေး ပြေး ပြေး နေ ရတယ် လေ
တိုင်း ပြည် သစ္ဇာ ဖေါက် များ ကို မ ညှာ ပါ နဲ့
ထိ ရောက် စွာ အ ရေး ယူ ပါ
မိုး ချစ်
ဟုတ်ပါတယ် အ ရေးယူရမှာပါ အားတိုင်းလျှောက်ရေးရ အောင် ပဲတွေးနေတဲ့ကောင်တွေ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်