Subscribe to our RSS Feed

မကောင်းကြောင်းပဲ ရေးမှာလား


ဒေါ်လာရဖို့အတွက် ကိုယ့်နိုင်ငံကြောင်း မကောင်းတာ အကုန်ရေးနေသူတို့ အနေနဲ့ ကောင်းတာလေး တစ်ခု နှစ်ခု လောက်တော့ ရေးသင့်ပါတယ်။ စီးပွားရေး က စီးပွားရေး တစ်ပိုင်းဆိုပေမယ့်၊ ကိုယ့်နိုင်ငံက ကိုယ့်နိုင်ငံ ပါပဲ။ ဘယ်လောက် နိုင်ငံသားခံယူ ခံယူ မြန်မာဟာ မြန်မာပါ။ အကြိမ်ပေါင်းများစွာ နိုင်ငံတကာ အလယ်မှာ အမိနိုင်ငံကို သိက္ခာချခဲ့ပြီးပြီ။ ကိုယ်လုပ်တဲ့ အလုပ်က ဘယ်ကိုဦးတည်နေတယ်၊ ဘယ်လောက်ထိရောက်တယ်၊ အကျိုးဆက်ကို ဘယ်သူတွေခံစားရတယ်၊ နိုင်ငံတော်အတွက် အတွက် အလုပ်လုပ်နေတယ် ခေါင်းစဉ်တပ်ပြီး နိုင်ငံတော်ကို နိုင်ငံတကာက ဘယ်လိုမြင်အောင်လုပ်နေလဲ ဆိုတာကို ဖြေးဖြေးလေးပဲ စဉ်းစားကြည့်ပါ။ ဘယ်သူတွေ ဘယ်လိုပဲရေးနေရေးနေ၊ ဘယ်လိုပဲလုပ်နေလုပ်နေ။ အဲ့ဒီထဲမှာ ကိုယ်တိုင် မပါအောင် ထိန်းသိမ်းပါ။ နှစ်ပေါင်းများစွာ ဒေါ်လာစား အတိုက်အခံမီဒီယာတွေရဲ့ ကြိုးစားသမျှ ရလဒ်တွေကိုကြည့်ပါ။


http://www.google.com/images?as_q=myanmar&hl=en&gbv=2&btnG=Google+Search&as_epq=&as_oq=&as_eq=&as_sitesearch=&safe=images&as_st=y&tbs=isch:1,itp:photo

http://www.google.com/images?hl=en&gbv=2&as_st=y&tbs=isch:1,itp:photo&sa=1&q=burma&aq=f&aqi=g10&aql=&oq=&gs_rfai=

http://images.search.yahoo.com/search/images;_ylt=A0geuvPMNwJMo1sB6gRXNyoA?ei=UTF-8&p=myanmar&fr2=tab-web&fr=sfp

http://www.bing.com/videos/search?q=myanmar&FORM=BVFD

http://www.bing.com/videos/search?q=burma&FORM=BVFD

http://video.search.yahoo.com/search/video;_ylt=A0WTefjXNwJMHnMAykaJzbkF?ei=UTF-8&p=myanmar&fr2=tab-img&fr=sfp

http://video.search.yahoo.com/search/video;_ylt=A0SO8Z32NwJMji8A6gL7w8QF;_ylu=X3oDMTBrajU1YjNvBHNlYwNzZWFyY2gEdnRpZANWMTA5?p=burma&fr=sfp&ei=utf-8&fr2=tab-img&n=21&tnr=21&y=Search

http://www.google.com/search?q=myanmar&tbo=p&tbs=vid:1&source=vgc&hl=en&aq=f

http://www.youtube.com/results?search_query=myanmar&aq=f

http://www.youtube.com/results?search_query=burma&aq=f

http://www.youtube.com/results?search_query=yangon&aq=f

ရလဒ်တွေကိုကြည့်ပါ။ ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေကို တစ်ကမ္ဘာလုံးက ခလေးကစပြီး အသက်အရွယ်အားလုံး နားလည်နိုင်ပါတယ်။ ဘယ်မှာလဲ မြန်မာ့ ယဉ်ကျေးမှု၊ ဘယ်မှာလဲ မြန်မာ့ ဓလေ့ထုံးစံ၊ ဘယ်မှာလဲ မြန်မာ့ဘာသာတရား၊ ဘယ်မှာလဲ မြန်မာလူငယ်တွေရဲ့ ထူးချွန်ထပ်မြက်မှု၊ ဘယ်မှာလဲ မြန်မာလူထုရဲ့ ရိုးသားဖြူစင်မှု၊ ချစ်စရာကောင်းတာတွေ ဘယ်ရောက်ကုန်တာလဲ။ မရှိလို့လည်း မဟုတ်ဘူး။ အများကြီးပဲရှိတယ်။ ဘာကြောင့် အထက်မှာပြခဲ့တဲ့ ရလဒ်တွေပဲ ထွက်လာရတာလဲ။ Myanmar (or) Burma လို့ မပြောရဲအောင်၊ စာမရိုက်ရဲအောင် ဘယ်သူတွေလုပ်နေကြတာလဲ။ နိုင်ငံတကာမှာ မျက်နှာမပြရဲအောင်၊ နိုင်ငံတကာရဲ့ သနားစရာအကြည့်နဲ့ အကြည့်ခံရအောင်၊ ရွံရှာ အထင်သေးတဲ့ အကြည့်နဲ့ အကြည့်ခံရအောင် ဘယ်သူတွေလုပ်နေကြတာလဲ။ အဲ့ဒီထဲမှာ ကိုယ်တိုင် ပါနေပြီလားဆိုတာ။ ဒေါ်လာစား အတိုက်အခံတို့ စဉ်းစားကြပါ။ တစ်သက်လုံးပဲ ကိုယ့်ဘဝကြီးကို ဒီလိုနဲ့ပဲ ရေစုံမျှောတော့မှာလား။ သမိုင်းရဲက တရားခံစာရင်းမှာ အပါခံတော့မှာလား။ သေခြာစဉ်စားပါ။ စဉ်းစားခိုင်းတာတွေ များသွားရင် အရိုးရှင်းဆုံး တစ်ခုပဲ စဉ်းစားပါ။ ပိုက်ဆံရဖို့အတွက် ကိုယ့်နိုင်ငံအကြောင်း မကောင်းကြောင်းတွေပဲ ထိုင်ရေးနေတော့မှာလား ?????????

(တရားခံများကို အောက်ဆုံးမှာ လင့်ချိတ်ဖော်ပြထားပါသည်။ မိမိပါနေပါက သံဝေဂရရန်ဖြစ်သည်။ မပါသေးပါက ဆင်ခြင်နိုင်ရန်နှင့် ပါဝင်နေသော အခြား ဘလော့ဂါများကို လမ်းမှန်သို့ရောက်စေရန် ဝိုင်းဝန်းထိန်းသိမ်းရန်ဖြစ်သည်။ မိမိနိုင်ငံ ကို ကမ္ဘာ့နောင်လာ နောက်သား၊ ခု မမွေးသေးတဲ့ လူသားများကပါ အထင်သေးမခံကြရန် မြန်မာနိုင်ငံသား အားလုံးမှာတာဝန်ရှိသည်)



Myanmar Express

9 comments:

ဘယ် ပါတီ ဘယ် အဖွဲ့ အစည်း ဘက် မှ မပါ ဘူး....
ဒါပေမဲ့  ကိုယ့်နိုင်ငံ ကို တော့ ကိုယ်ချစ်တယ်
မျိုးမစစ်တွေကို လမ်းမှန်ပို့ ပေးနေတဲ့ ဒေါ်လာစားအတိုက်အခံများ(ပြည်ပ) ကို အားပေးတယ်။

အမှန်တွေပါပဲအကို။အားပေးနေပါတယ်ဗျာ။ဒေါ်လာမျက်နှာပဲကြည့်တဲ့ကောင်တွေ။အဲ့ကောင်
တွေကိုအဲလောက်ပြောတာတောင်တန်ကာမကျဘူးအကိုရေ။

ပြည်ပရောက်နေတဲ့မြန်မာနိုင်ငံသားတော်တော်များများကြုံဖူးပါတယ်
မင်းဘယ်နိုင်ငံကလဲလို့မေးရင် ဂုဏ်ယူစွာနဲ့ပြောကြတာချည်းပဲမြန်မာကလို့။ ကိုယ့်နိုင်ငံရဲ့ယဉ်ကျေးမှူတွေ၊ စာပေတွေ ၊ ဘာသာရေးတွေ ဘုရားပုထိုးတွေအကြောင်းရှင်းပြလိုက်ရတာအမော၊
သူကလည်းမြန်မာအကြောင်းသိချင်တော့ရှာတာပေါ့ google မှာ
်နောက်နေ့ကိုယ်နဲ့ပြန်တွေ့ရင်မျက်နှာကတစ်မျိုးဖြစ်သွားပြီ။ မြန်မာဆိုတာအရိုင်းစိုင်းဆုံးလူလိုလို စိတ်ဓါတ်အောက်တန်းကျတဲ့လူလိုလို၊
မပြောတော့ပါဘူး ပြောရင်စိတ်တိုတယ်။ဘယ်သူတွေလုပ်နေတာလဲဆိုတာတော့ ကိုဒေါ်လာရေးပြီးသားမို့လို့မပြောတော့ပါဘူး။ result ကတော့ နိုင်ငံ image ပျက်တာပေါ့ဘယ်လောက်ပဲကောင်းအောင်လုပ်နေတယ်ပြောပြော။ အခုအပြင်မှာသူငယ်ချင်းတစ်ယောက်ယောက်နဲ့တွေ့တွေ့ ဆရာတွေနဲ့ပဲတွေ့တွေ့ မြန်မာကလို့ပြောပြီး google မှာရှာခိုင်းရမှာတောင်လန့်နေပြီ။ မဆိုးပါဘူးတော်ကြပါပေတယ်.....
လုပ်နိုင်ကြပါပေတယ်
:)

မှန်တာလေးတွေ လာဖတ်သွားပါတယ် ကိုဒေါ်လာရေ့။ တိုင်းပြုပြည်ပြုစာကောင်းပေကောင်း များများရေးနိုင်ပါစေဗျား။

ကိုဒေါ်လာရေခွေးလောက်မှအသိညဏ်မရှိတဲ့ကောင်တွေက
တော့ပြင်မယ်မထင်ပါဘူးသိသိကြိးနဲ့အနေချောင်အောင်
ရေးနေကြတာတခါမကောင်းပြောရင်ဟုတ်နိုင်တယ်လို့
ထင်ကြတာနှစ်ခါကြတော့ဟုတ်ပါ့မလားပေါ့သုံးခါကြတော့
အပုပ်ချတယ်ဖြစ်ရောဘာလုပ်လုပ်မကောင်းကြီးဘဲပြောနေ
တာကြာတော့လူတွေကအရူးစရင်းသွင်းပြီးဒီကောင်တွေဘာ
ပြောပြောစောက်ဂရုကိုမစိုက်တော့တာကျွန်တော်ဒီကောင်တွေနဲ့
ပေါင်းလာတာကြာတော့ဒီကောင်တွေအောကာင်းအကုန်သိနေပြီ

အမြင်မတူ ဝါဒမတူလို့ ဆန့်ကျင်ဆန္ဒပြနေတာကို ဘာမှ မပြောလိုပါဘူး ... လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ရှိပါတယ် ... ဒါပေမဲ့ ကို့နိုင့်ငံရဲ့ အလံကို မြေပြင်ချပြီးနင်းနေတာကို ပြင်းပြင်းထန်ထန် ရှုံချ ပါတယ် .... အင်မတန် မိုက်ရိုင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ် ... နိုင်ငံတော် အလံမှာပါတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို ငယ်ကတည်းက သိပြီးသာ ဖြစ်ပါတယ် ... အဲ့လို အပြုအမူက နိုင်ငံမှာ မှီတင်းနေထိုင်နေတဲ့ ပြည်ထောင်စုသား ညီနောင်ဖွား အားလုံးကို စော်ကား ရာ ရောက်ပါတယ် ... ပြုလုပ်ခဲ့သူများ ဆင်ခြင်နိုင်ရန် အဲ့ဒါနဲ့ပတ်သတ်ပြီး ပို့စ်များများရေးဖို့ တောင်းဆိုပါတယ် ... လေးစားလျှက်ပါ ....

မကောင်းတာလုပ်ရင် မကောင်းဘူးလို့ အပြောခံရမှာပဲလေ။ လက်ရှိအစိုးရသာ ဒို့ ပြည်သူတွေအပေါ် ကောင်းခဲ့မယ်ဆိုရင် နောက်တက်မယ့် အစိုးရကို မျှော်စရာ အကြောင်းမရှိဘူးပေါ့။ နှစ် ၂၀ ကျော်အတွင်း ဒေါ်စုလည်း အချိန်တော်တော်များများ ထောင်ထဲမှာ နေရလို့ ရှေ့ကို တစ်လှမ်းမှ မရောက်သလို လက်ရှိအစိုးရကလည်း ဒီကာလမှာ ပြည်သူအကျိုးထက် ကိုယ်ကျိုးကိုပဲ အဓိက ထားခဲ့တာပဲ မဟုတ်ပါလား။ မြန်မာ့အလံကို ခြေနဲ့ နင်းတဲ့ အပြုအမူကိုတော့ တကယ်မှန်ခဲ့ရင် ရှုံချပါတယ်။

ကျားပါဆိုတာ အဆွယ်နဲ့ လားမေးနေတယ်ဗျာ လုက်ကျပါဦး

ပို့စ် တော်တော်များများကို လေ့လာပြီးသည့်နောက် အကျိုးမရှိဘူးလို့ ယူဆပါသဖြင့်(မိမိဧ။်ယူဆချက်) ဒီနေ့ ဒီရက်မှ စပြီးနောက်ပိုင်း လုံးဝ မဖတ်တော့ပါ။ ဘိုင်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်