Subscribe to our RSS Feed

ABSDF မြောက်ပိုင်းဌာနချုပ်အား မြန်မာစစ်တပ်သိမ်းပိုက်

From :Yan Naing Aung

 ABSDF မြောက်ပိုင်းကမင်းဌေးတို့ ဌာနချုပ်ဖွင့်ခဲ့တဲ့နေရာ။

 တရုတ်ဘီယာတွေ တ၀ကြီးသောက်သွားတဲ့ ABSDF မြောက်ပိုင်း က မင်းဌေး တို့နေရာ။ ရှေ့တန်းမှာ ဘီယာအ၀သောက်နိုင်တယ်။ ဘယ်ကအထောက်အပံ့တွေပါလိမ့်

 စခန်းစွန့်ထွက်ပြေးသွားသော မင်းဌေး

 မင်းဌေး နှင့် ဇနီး

 www.MyanmarExpress.net
 

11 comments:

သူပါဝင်သရုပ်ဆောင်တဲ့ Rambo-4 လည်း ..သူသရုပ်ဆောင်ကောင်းတာနဲ့ စတာလုံးပါ မြောင်းထဲရောက်သွားတော့တာဘဲ... အမေရိကန်တွေကပါ အသုံးမကျတဲ့ ဘူးရှိ..ကား ဆိုပြီး remark ပေးသွားခဲ့ကြောင်း မှတ်သားဖတ်ရှုလိုက်ရပါသေးတယ်

သဘောကျတယ်ဗျာ။ လိုက်ဇာပဲ ချန်ထားပြီး ကျန်တဲ့ ဒေသတွေမှာ KIAကို အမြစ်ဖြတ် ချေမှုန်းပေးပါ။ လိုက်ဇာကတော့ ဆွေးနွေးပွဲပြီးမှပေါ့။

Very ,so , too Good . Bravo. . .

ခွေးရူး ကောင်းစား တစ်မွန်းတည့် ဆိုတဲ့ အတိုင်း ဗိုလ် ရူး မင်း ခွေး ဆိုတဲ့ ABSDF က လူမိုက် တစ်ကောင် တော့. လူမိုက် တို့ သွားရာလမ်း ကို မနားတမ်း အ ရောက်ပြေးပေ အုံးတော့ဗျို့။

mgkyautkhae.com

ကေအိုင်အေနှင့် အပစ်အခတ် ရပ်စဲရေးကာလတွင် ABSDF ပျောက်ကွယ်နေခဲ့ပြီး ယခုမှ တိုက်ပွဲနှင့်အတူ ပြန်ပေါ်လာရခြင်း အပေါ် နားမလည်ဟု ပါဂျောင်လူသတ်ပွဲကြီးမှ လွတ်မြောက်လာသူ ABSDF ရဲမေဟောင်း နန်းအောင်ထွေးကြည် ဖွင့်ပြောပြီ

၁၉၉၂ ခုနှစ် ABSDF မြောက်ပိုင်း ပါဂျောင်လူသတ်ပွဲကြီးတွင် အသက် ချမ်းသာရာ ရခဲ့သော ABSDF ကျောင်းသားတပ်မတော် ရဲမေဟောင်း နန်းအောင်ထွေးကြည်က ABSDF မြောက်ပိုင်းအနေဖြင့် ၁၉၈၈ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ပေါက်ဖွားလာခဲ့သည့် မူဝါဒအတိုင်းရှိသည်ဟုဆိုသော်လည်း ကေအိုင်အေနှင့် မြန်မာ့တပ်မတော် အပစ်အခတ်ရပ်စဲ ထားသည့် ကာလအတွင်း ပျောက်ကွယ်နေခဲ့ကာ ယခုတိုက်ပွဲ ကာလတွင်မှ ပြန်ပေါ်ထွက်လာရခြင်းကို နားမလည်ဟု မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောကြား ခဲ့သည်။ သို့ရာတွင် ယခင်က အပစ်အခတ် ရပ်စဲခဲ့သောအချိန်၌ ကေအိုင်အေ အနေဖြင့် ABSDF ကို မောင်းထုတ်ခဲ့သည်ဟု ပြောကြခြင်းများအပေါ်တွင် “သူက အပစ်အခတ် ရပ်စဲထားတာ။ ရန်ဖြစ်ရင် မင်းငါ့အိမ်မှာ မနေနဲ့၊ နေရင်လည်း ရန်မဖြစ်နဲ့ ဆိုတာမျိုး ဖြစ်မယ် ထင်ပါတယ်” ဟု တွေးမိကြောင်း နန်းအောင်ထွေးကြည်က ဆက်လက် ပြောကြားသည်။

နန်းအောင်ထွေးကြည်သည် လိုင်စင်မြေ တွင် အသက်မသေဘဲ ကျန်ခဲ့သော်လည်း ABSDF မြောက်ပိုင်း၏ ဖမ်းဆီး ထိမ်းသိမ်းမှုကို ခံခဲ့ရကာ ၁၉၉၂ ခုနှစ် စက်တင်ဘာ ၄ ရက်တွင် ကေအိုင်အေ သို့ တရားဝင်လွှဲပြောင်းခံခဲ့ရသော ရဲမေတစ်ဦး ဖြစ်သဖြင့် လက်ရှိ အနေအထားတွင် ABSDF ၏ တိုက်ပွဲတစ်ပိုင်း၊ ငြိမ်းချမ်းရေး တစ်ပိုင်း ဟန်ချက် အပေါ် မည်ကဲ့သို့ မြင်ပါသနည်းဟု မေးမြန်းခဲ့ရာ နန်းအောင်ထွေးကြည်က “ဒီ ABSDF မြောက်ပိုင်းက အဲဒီ ကေအိုင်အေ အပစ်အခတ် ရပ်စဲရေး မှာကတည်းက ပျောက်သွားပြီ။

ဘာကြောင့်လဲ ဆိုတော့ ABSDF မြောက်ပိုင်း ဒုဥက္ကဌ သံချောင်းက SSA တောင်ပိုင်း ရောက်သွားတယ်။ တာဝန်အရှိဆုံးဖြစ်တဲ့ ABSDF မြောက်ပိုင်း ဥက္ကဌ ရော်နယ်အောင်နိုင် (ခေါ်) အောင်နိုင်လည်း AB ထဲမှာ မရှိတော့ဘူး။ သူက ဆက်လည်း မလုပ်တော့ဘူး။ သံချောင်းဆိုလို့ရှိရင် SSA ထဲ ကို ရောက်သွားတယ်ဆိုတော့ ဘယ်မှာလဲ ABSDF မြောက်ပိုင်း ဆိုတာ။ တောထဲမှာလည်း မရှိတော့ဘူး။ ကျွန်မပြောရရင်တော့ ABSDF မြောက်ပိုင်း ဆိုတာဟာ ပျောက်သွားတယ်။ ကွဲသွားတယ်။ တပ်ပျက်သွားတယ် လို့လည်း ပြောလို့ရတယ်။

အခု လက်ရှိ အစိုးရနဲ့ တိုက်ပွဲတွေ ဖြစ်နေတယ် ဆိုတော့ တိုက်ပွဲဖြစ်လိုက်တာနဲ့ ဘာဖြစ်သွားလဲဆိုတော့ ABSDF မြောက်ပိုင်း ဆိုတာလေးကို ကမန်းကတန်း ရှိတဲ့သူတွေနဲ့ ဖွဲ့လိုက်တယ်။ ရှိတဲ့သူတွေနဲ့ ပြန်ဖွဲ့လိုက်ပြီး တော့မှ အင်အား အနေနဲ့ စုတယ်။ တချို့သတင်း ကြားနေရတာကတော့ စစ်သား စုဆောင်းရေးတွေ လုပ်တယ်။ အင်အားဖြည့်တယ်။ အဲဒီလိုတွေ ကြားတယ်။

ဒါပေမယ့် ၁၉၉၂ ခုနှစ်မှာ ABSDF မြောက်ပိုင်း ပါဂျောင်က ၅၅ ဦး ထွက်ပြေးသွားပြီးတော့ ကျွန်မတို့ ၉ ယောက်က အကျယ်ချုပ် ကျနေတဲ့အချိန် ရော်နယ်အောင်နိုင်(ခေါ်) အောင်နိုင်က စစ်ရေး တာဝန်ခံ၊ ဒုဥက္ကဋ္ဌ သံချောင်း ကိုယ်တိုင်က ၁၉၉၂ ခုနှစ်၊ ဇွန်၊ ဇူလိုင်လ လောက်မှာ စစ်သား စုဆောင်းရေး လုပ်တယ်။ စစ်သား စုဆောင်းရေး ဆိုတာက ဖမ်းတာပဲ။ ဒါတွေက ကျွန်မတို့ မျက်စိရှေ့မှာ ဖမ်းတာ။

အခုလက်ရှိ ABSDF မြောက်ပိုင်းကို လူသတ်သမား လှစိုင်း ကိုယ်တိုင် ဦးစီးနေတယ်။

ကျွန်မက ဘာလို့ လူသတ်သမား လှစိုင်း လို့ ပြောသလဲ ဆိုတော့ လှစိုင်း ကိုယ်တိုင် မောင်မောင်ကို ဓားနဲ့ ခုတ်သတ်ခဲ့တယ်။

ဒါကြောင့် အခုလက်ရှိ ABSDF မြောက်ပိုင်းကို ဦးစီးနေတဲ့ လှစိုင်း ကို ကျွန်မက လူသတ်သမားလို့ ပြောတာ။ တောင်ပိုင်းက ဥက္ကဋ္ဌ သံခဲကတော့ အခု ပြည်တွင်းမှာလာပြီးတော့မှ ဒီအစိုးရဆီမှာ ပေါ်လစီ တစ်ခု ရှိမှာပေါ့။ ဟုတ်တယ်မဟုတ်လား။ ငြိမ်းချမ်း ရေးပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်ပေါ့။ သူတို့ လာတောင်းနေတယ်ဆိုတော့ အားလုံးက အတူတူပါပဲဆိုပြီး သူတို့ ပြောထားတယ်လေ။ ကျွန်မအနေနဲ့ ဘယ်လိုမြင်ရမလဲ မသိဘူး။ တော်တော် စဉ်းစားတာ” ဟု ABSDF ရဲမေဟောင်း နန်းအောင်ထွေးကြည်က သူ၏ အမြင်ကို ရှင်းပြသည်။

တစ်ဖန် ယင်း၏ အတွေ့အကြုံ အရ ABSDF မြောက်ပိုင်း၏ နိုင်ငံရေးဆိုင်ရာ မူဝါဒတွင် ပြည်တွင်း နိုင်ငံရေး အခြေအနေနှင့် ဟန်ချက်ညီအောင် မည်ကဲ့သို့ လှုပ်ရှားဆောင်ရွက်ခဲ့ပါသနည်းဟု မေးမြန်းရာ “ကျွန်မတို့ မြောက်ပိုင်း မှာ ဖြစ်သွားခဲ့တဲ့ ဖြစ်စဉ်ဟာ မူဝါဒကြောင့် မဟုတ်ဘူးလို့ ကျွန်မ ပြောချင်တယ်။ အဓိက က မျိုးဝင်း ခေါင်းဆောင်မှု ကြောင့်လို့ ကျွန်မ တပ်အပ် ပြောရဲတယ်။

ABSDF မြောက်ပိုင်းခေါင်းဆောင် သံချောင်းတို့ မျိုးဝင်းတို့ ကိုယ်တိုင် စစ်တိုက်မယ်၊ သတ်မယ်၊ ဖြတ်မယ် ဆိုတာကလွဲပြီး နိုင်ငံရေးအမြင် လုံးဝ မရှိဘူး။

ABSDF ရဲမေဟောင်း နန်းအောင်ထွေးကြည်က ရှင်းပြပါသည်။ ABSDF မြောက်ပိုင်းမှာ ဝင်လိုက်ပြီးကတည်းက ကျွန်မတို့မှာ ပြင်ပလောကနဲ့ လုံးဝ အဆက်အသွယ် ပြတ်သွားတယ်။ ဒါ အမှန်ပြောတာ။ သူတို့ လူကြီးပိုင်း တွေသာ သိလိမ့်မယ်။ ဘယ်တော့မှ အောက်ပိုင်း ရဲဘော်ရဲမေတွေကို ချပြခြင်း မရှိဘူး။ ပြည်တွင်း နိုင်ငံရေး အခြေအနေကို ကျွန်မတို့ မသိခဲ့ဘူး။ အဲဒီထဲကိုရောက်တာနဲ့ ကျွန်မတို့မှာ သတင်းစာဆိုတာ ဖတ်ပိုင်ခွင့် မရှိဘူး။

ABSDF တောင်ပိုင်းလို မဟုတ်ဘူး။ ကိုယ်က တပ်တွင်းထဲမှာပဲ နေရတယ်။ ခွင့်ပြုချက် မရှိဘဲနဲ့ တပ်ပြင်ပကို သွားလို့မရဘူး။“ရဲဘော် ရဲမေတွေကို တစ်လ တစ်ခေါက်တောင်မှ ရှင်းလင်း ပြောကြားခြင်း မရှိခဲ့ဘူး။ ကျွန်မတို့ ရဲဘော် ရဲမေ များဟာ တပ်အတွင်းထဲကို ရောက်လာတဲ့ အချိန်မှာ မျက်စိပိတ်၊ နားပိတ်တွေ ဖြစ်ကုန်တယ်။ ဘာမှ မသိတော့ဘူး။ ပြည်ပ တစ်ကမ္ဘာလုံးနဲ့ မပြောနဲ့ ကိုယ့်နိုင်ငံ အတွင်းမှာ ဖြစ်သွားတဲ့ဟာ ဆိုရင်လည်း ဥပမာ ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရတယ် ဆိုတာပဲ သိတယ်။

ဒါလောက်ပဲ။ လူကြီးပိုင်းတွေက တစ်ခါမှ အခြေခံ ရဲဘော်ရဲမေတွေကို တစ်လ တစ်ခေါက် ကလေးတောင်မှ ဒီလိုမျိုး သဘောတရား ရေးရာတို့ ဘာတို့မှာ ဆွေးနွေး တာတို့ ရှင်းလင်း ပြောပြတာတို့ လုံးဝမရှိခဲ့ဘူး။ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အတွေ့အကြုံ ရှင်းလင်းပွဲဆိုတာ ကျွန်မတို့ ဒီမြောက်ပိုင်းမှာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ ကျွန်မ ကိုယ်တိုင်ကိုက Pro team (propaganda team) ဝါဒ ဖြန့်ချိရေးက အသံလွှင့်သူ အနေနဲ့ သူတို့ချရေး ပေးလိုက်တဲ့ဟာကို ကျွန်မဖတ်ရတယ်။ ကျွန်မကိုလည်း သူတို့ သင်ကြားပေးခြင်း ဘာမှ မရှိဘူး။ အဲဒါတွေလည်း သူတို့ စိတ်မဝင်စားဘူး။ သံချောင်းတို့ မျိုးဝင်းတို့ကိုယ်တိုင်ကို နိုင်ငံရေး အမြင် လုံးဝ မရှိဘူး။ စစ်တိုက်မယ်၊ သတ်မယ်၊ ဖြတ်မယ် ဆိုတာကလွဲပြီး သူတို့မှာ နိုင်ငံရေးအမြင် လုံးဝ မရှိဘူး” ဟု ပြန်လည် ရှင်းပြပါသည်။

နန်းအောင်ထွေးကြည်သည် ၁၉၈၈ ခုနှစ်၌ ရန်ကုန်တက္ကသိုလ် စိတ်ပညာ အဓိက၊ စာပေးစာယူ တက်ရောက်လျက် ရှိပြီး ၈၈၈၈ ဆူပူမှူကြီးအပြီးတွင် တောခိုခဲ့ကာ ABSDF မြောက်ပိုင်းမှ ၁၉၉၂ ခုနှစ်တွင် လွတ်မြောက်ပြီး ကေအိုင်အေမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ရောက်ခဲ့သည်။ ယခု အခါ ဩစတြေးလျနိုင်ငံတွင် အခြေ ချနေထိုင်ကာ ယခုအကြိမ်သည် ၁၉၈၈ ခုနှစ်နောက်ပိုင်းမွေးရပ်မြေသို့ ပထမဆုံးအကြိမ် ပြန်လည် ရောက်လာခြင်း ဖြစ်သည်။

From:[_mmforward.blogspot.com _]
(မောင်ကျောက်ခဲ အဖွဲ့)

ABSDFဗိုလ်မှူးမင်းဌေး ဆိုပီး ကချင်စစ်ပွဲနဲ့ပတ်သက်ပီးအာချောင်ခဲ့သူက...ABSDF (မြောက်ပိုင်း)က ခေါင်းဖြတ်လူသတ်သမား..ေ၇ာ်နယ်အောင်နိုင် လက်အောက်ကကောင်ပါ

ကချင်စစ်ပွဲ၌၀င်တိုက်သော ABSDF (မြောက်ပိုင်း)ခေါင်းဆောင် ဦးလှဆိုင် ဆိုသူမှာ...ကျောင်းသားခေါင်းဆောင်..ကိုထွန်းအောင်ကျော်၏ခေါင်းအား သစ်တုံးပေါ်တင်ခိုင်း၍ ကိုယ်တိုင် ရက်၇က်စက်စက် ဓါးမ နှင့် ခုတ်ဖြတ်ခဲ့သူ ABSDF (မြောက်ပိုင်း)က ခေါင်းဖြတ်လူသတ်သမား..လှဆိုင်း ဖြစ်ပါတယ်

အ'ဒိ အချက်တေကို သတိပြုသင့်တယ်လို့ အကြန်ပြုပ၇စေ။

တပ်မတော်က ABSDF မြောက်ပိုင်းဌာနချုပ်ကိုသိမ်းပိုက်လိုက်တာ အသင့်လျော်ဆုံးဘဲ
ABSDFလို အဆင့်အတန်းမ၇ှိ ကိုယ့်တပ်ဖွဲ့ဝင်အချင်းချင်းနှိပ်စက်သတ်ဖြတ်တဲ့ လူသတ်တပ်ဖွဲ့မျိုးကို ဘာမှလူ၇ာသွင်းပီး ငြိမ်းချမ်းေ၇းဆွေးနွေးနေစ၇ာမလိုပါ



လူသတ်အဖွဲ့ ABSDF ဘာကြောင့် သောင်းကျန်းသူ ကေအိုင်အေ နဲ့ ပေါင်းသလဲ?


၁။ တစ်ချိန်က ABSDF လို့အမည်တပ်ထားတဲ့ နာမည်သေ ကျောင်းသားတပ်မတော်ရဲ့ အဖွဲ့ဝင်အချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာတွေကို ABSDF တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ABSDF မြောက်ပိုင်း လူသတ်မှုများ၊ မြောက်ပိုင်းမှ အရိုးတွန်သံများ ဆိုတဲ့ ဖွင့်ဖောက်ချမှု ကနေ ပြည်သူတွေ သိခွင့်ရခဲ့ကြတယ်။

၂။ နိုင်အောင်၊ အောင်နိုင်၊ မိုးသီးဇွန် ဆိုတဲ့ ကောင်တွေရဲ့ မှားယွင်းတဲ့ အယူဝါဒ၊ ခေါင်းဆောင်မှုနဲ့ တယူသန်ဝါဒတွေရဲ့အောက်မှာ တပ်ဖွဲ့ဝင်အချင်းချင်း အစိုးရ ထောက်လှမ်းရေးသူလျှို ဆိုပြီး စွပ်စွဲ၊ ရက်ရက်စက်စက် လည်ပင်းကို ၀ါးကြောနဲ့လှီး၊ ပေါင်ကိုခွဲ ဆားသိပ်၊ အမျိုးသမီး ဆိုရင် မိန်မအင်္ဂါကို တံစို့ကို မီးရဲရဲ ကင်ပြိး ထိုးသတ် ဒီလိုလုပ်ရပ်တွေကို ပြည်သူတွေသိရှိခဲ့လို့ ABSDF ကို အော့နှလုံးနာခဲ့ကြတယ်။

၃။ တပ်မတော်အစိုးရကနေ လက်ရှိ ဒီမိုကရေစီအစိုးရအဖြစ် နိုင်ငံရဲ့အုပ်ချုပ်ရေးကို အသွင်ပြောင်းလဲလိုက်တဲ့အချိန်မှာ နယ်ပယ်အသီးသီးကိုလဲ မူဝါဒနဲ့ အသွင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာချိန်မှာတော့ ပြည်ပကနေ ယခင်အစိုးရကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်နေကြသူတွေကို နဂိုက ဘာတွေဘဲ လုပ်ခဲ့ လုပ်ခဲ့ ဒါတွေကို ပြည်ဖုံးကားချပြီး ပြည်တွင်းကို ၀င်ရောက်လာနိုင်ဖို့အတွက် ဖိတ်ခေါ်မှုတွေပြုလု့ပ်ခဲ့တယ်။

၎။ ဒီလိုအခွင့်အရေးရမဲ့အချိန်ကို စောင့်နေတဲ့ ABSDF ကကောင်တွေ သူတို့ရဲ့ နာမည်သေ ABSDF ကို အသက်သွင်းဖို့အတွက် နည်းလမ်းရှာပါတော့တယ်။ ABSDF ဆိုတဲ့ နာမည်နဲ့ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလို နေရာရဖို့ ကြိုးစားခဲ့တယ်။

၅။ ပထမဆုံး နည်းလမ်းအဖြစ် မိုးသီးဇွန် မြန်မာပြည်ပြန်လာပြီး ပြည်သူ့မေတ္တာဘွဲ့များ ရမလား ဆိုပြီး စမ်းကြည့်တယ်။ မိုးသီးဇွန်တို့ ချွေးနဲ့ပေးဆပ်နေပါပြီး ဆိုပြီ ဆန်အိတ်တွေ ဘာတွေတောင် ထမ်းပြလိုက်သေး တယ်။ ABSDF ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ABSDF မြောက်ပိုင်းလူသတ်မှုတွေရယ်၊ မလေရှားမှာ ကုလားတွေနဲ့ပေါင်းပြိး Rohingya ဆိုတဲ့ ကုလားတွေကို မြန်မာတိုင်းရင်းသားဖြစ်အောင် နိုင်ငံခြားသတင်းဌာနတွေနဲ့ လက်ဝါချင်းရိုက် လိမ်ခဲ့တာတွေရယ်ကြောင့် ABSDF ခေါင်းဆောင် တစ်ယောက် ABSDF မြောက်ပိုင်းလူသတ်မှုတွေကြောင့် တရားစွဲခံရမှာလဲကြောက်၊ သူ့ကိုယ်သူ ပြည်သူ့အော့နှလုံးနာကြီး ဆိုတာလဲ သိတော့ ပြန်ပြေးရှာပါတော့တယ်။

၆။ ဒါနဲ့တင် ရပ်သလား ဆိုတော့ မရပ်ပါဘူး၊ ABSDF နည်းလမ်းရှာပါပြီ၊ ပြောင်ပြောင်တင်းတင်း ပါဘဲ၊ ဘာမဆိုင် ညာမဆိုင် KIA ဆီကို ပြေးကပ်ပြိး ABSDF ကို အသက်သွင်းဖို့ ကြိုးစားပြန်ပါတယ်။ KIA က တပ်မတော်ကို ခြုံခိုတိုက်တဲ့အခါ၊ KIA က အသာစီးရနိုင်တဲ့ တိုက်ပွဲတွေ မှာ Movies ဖိုင်တွေ ဓာတ်ပုံတွေ ရိုက်၊ တရုတ် Internet လိုင်းကိုသုံးပြီး နိုင်ငံခြားသတင်းဌာန၊ အစိုးရကို ကန့်လန့်တိုက်နေတဲ့ သတင်းဌာနတွေ၊ Social Network တွေပေါ်ကို တင်ပြီး KIA ဘက်က ကူသယောင်နဲ့ ABSDF ကို နာမည်ရအောင် လုပ်တယ်။ တိုက်ပွဲ movies ဖိုင်တွေမှာ ABSDF ဆိုတဲ့ နာမည်ကို ပါအောင် သုံးတယ်။

၇။ လက်ရှိအခြေအနေမှာ တိုက်ပွဲကာလ ကြာလာတာနဲ့အမျှ KIA ရဲ့ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွတ်လိုတဲ့ မူဝါဒ၊ ကချင်ပြည်နယ်က သံယံဇာတတွေကို ယခင်ကလိုဘဲ လက်ဝါးကြီးအုပ်၊ လိုင်ဇာကနေ တရုတ်ကို ခိုးထုတ်ပြီး အမြတ်ကြီးစားဘဲ ဆက်လုပ်ချင်နေတာပါ ဆိုတဲ့ ရုပ်လုံးကလည်း ပေါ်လာ၊ KIA ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြည်သူတွေကလည်း ပြင်းပြင်းထန်ထန် ရှုံချ၊ စစ်ရေးအရလဲ KIA ဌာနချုပ်ကလွဲလို့ စခန်းတွေအားလုံး ကျပြီး ရှုံးနိမ့်တော့မဲ့ အခြေအနေကို ရောက်နေပြီ ဆိုတော့ ABSDF အတွက် ကျင်းထဲကြပ်ထဲကို ရောက်နေပါပြီ။

၈။ ABSDF အတွက် ဒုတိယနည်းလည်းကလည်း အဆင်မပြေပြန်ပါဘူး။ ပြည်သူကလည်း ဘယ်လိုနည်းနဲ့မှ လက်ခံမှာမဟုတ်ဘူး ဆိုတာ သိသွားပါတယ်။ ဒီတော့ တစ်ဘက်လှည့်နဲ့ ၀င်ဖို့ ကြိုးစားပါလိမ့်မယ်။ ဥပမာ (KIA ရဲ့တပ်စခန်းတွေ၊ လက်နက်၊ အင်အား၊ တည်နေရာတွေ) ကို အစိုးရကို သတင်းပေးတဲ့ နည်းလမ်း သုံးပြီး အစိုးရကိုကပ်ဖို့ ကြိုးစားလာနိုင်ပါတယ်။ ဒီနည်းလမ်းဟာ ABSDF အတွက် နောက်ဆုံး ထွက်ပေါက်ရှာမဲ့ နည်းလမ်းဖြစ်ပါတယ်။

၉။ KIO / KIA တွေ သိဖို့က လူသတ်အဖွဲ့ ABSDF ဆိုတာ KIA ကို ချစ်လွန်းလို့ လာ ပူပေါင်းတာ မဟုတ်ဘူး။ ABSDF ဆိုတဲ့ နာမည်သေ တစ်လုံးကို အသက်သွင်းချင်လို့ KIA ဆီကို လူသတ်အဖွဲ့ ABSDF ရောက်နေတယ် ဆိုတာပါဘဲ။

From:JingHpaw Land

hello' spy ...if ur man tell ur name ...stupid mother fucker....

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်