Subscribe to our RSS Feed

မိုးကောင်းမြို့နယ် တလီတွင် မီးသွေးဖိုများအား ငွေကောက်ခံ

From : http://www.kachindailynews.com/2013/01/blog-post_2607.html

   မိုးကောင်းမြို့နယ် ဆောင်းခါရွာ နန့်ကောင်းချောင်းတဖက်ကမ်းရှိ တလီတ၀ိုက်တွင် မီးသွေးဖုတ် လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသူများထံမှ မီးသွေးဖိုတစ်ဖိုလျှင် ၇သောင်း နှုန်းနဲ့ KIA အဖွဲ့ တစ်ဖွဲ့မှ ယမန်နေ့က ကောက်ခံနေကြောင်းသိရှိရပါသည်။ မီးသွေးဖိုတစ်ဖိုလျှင် အကြီးအသေးပေါ် မူတည်ပြီး အိတ် ၃၀ မှ ၇၀ အတွင်းရရှိကြပြီး၊ တအိတ်လျှင်၂၅၀၀မှ ၃၀၀၀ အတွင်းရရှိကြောင်းသိရှိရသည်။

        ကောက်ခံနေသည့် KIA အဖွဲ့များက သေနတ်တကားကားနဲ့ ငွေကောက်ခံတာနဲ့မတူဘဲ ဓားမြ တိုက်သည့် ပုံစံမျိုးဖြစ်နေသည်ဟု မီးသွေးလုပ်ကိုင်သူတစ်ဦးမှဆိုပါသည်။ မီးသွေးဖို တစ်ဖိုကို  ၇သောင်းကောက်ခံနေသဖြင့် လုပ်အားမှန်သမျှကို KIA အတွက်ပေးဆောင်နေရသကဲ့သို့ ဖြစ်နေ ပါသည်။ သူတို့ကောက်ငွေကများတော့ ဖိုပျက်ရင် ပေးဖို့ငွေတောင် ရဖို့ကို မရမကရှာဖွေနေရသည့်အတွက် KIA ၏ ငွေကောက်ခံမှုအပေါ် မီးသွေး လုပ်ငန်း လုပ်ကိုင်သူများက စိတ်သောကရရှိလျက်ရှိကြောင်းသိရှိရသည်။ 
 www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်