Subscribe to our RSS Feed

စည်းကမ်းအမဲ့ဆုံး ရန်ကုန်လူထုအတွက် လာမယ့် ဖေဖော်ဝါရီလ အတွင်း အမှိုက်ပုံးများ ထပ်မံ ချထား ပေးသွားမည်

From : mrtv4

ရန်ကုန် မြို့တွင်းမှာ အမှိုက်ပုံးများ ထပ်မံ ချထားပေးမှုကို လာမယ့် ဖေဖော်ဝါရီလ အတွင်းမှာ ထပ်မံ ချထား ပေးဖို့အတွက် လျာထားလျက် ရှိတာ ဖြစ်တယ်လို့
ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို ချထားပေးမှုဟာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေနဲ့ ရန်ကုန်မြို့ကို အမှိုက် ကင်းစင်ပြီး သန့်ရှင်း သာယာ စေဖို့အတွက် နေ့စဉ် အမှိုက်သိမ်းမှုများ အပြင် အမှိုက်များ စနစ်တကျ စွန့်ပစ် နိုင်ဖို့ အတွက် အမှိုက်ပုံး အလုံးရေ နှစ်ထောင့် ခြောက်ရာ ကို ထပ်မံ ချထား ပေးသွားမှာ ဖြစ်ပါတယ်။

ဒီလို ချထား ပေးရာမှာလည်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ နယ်နမိတ် အတွင်း မြို့နယ် ၃၂ မြို့နယ်မှာ လက်ရှိ ချထားပေးတဲ့ နေရာတွေ အပြင် အခြား အမှိုက်ပုံး မထားရှိ ရသေးဘဲ နေရာ များမှာပါ ထပ်မံ ချထား ပေးသွားမှာ ဖြစ်ပါတယ်။

အဲ့ဒီ ချထား ပေးရာမှာလည်း ၆၆၀ လီတာ ဆံ့ အမှိုက်ပုံးနဲ့ ၂၄၀ လီတာ ဆံ့ အမှိုက်ပုံးများ ချထား ပေးသွားမှာ ဖြစ်ပြီး အမှိုက်ကန် အဖြစ် သတ်မှတ်ထားတဲ့ ၀ါးကပ်ကန် တွေရှိတဲ့ နေရာများမှာ ထားရှိ သွားမှာ ဖြစ်ပါတယ်။ အခု လက်ရှိ မှာတော့ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ နယ်နိမိတ် အတွင်း မြို့နယ် ၃၂ မြို့နယ်မှာ ၆၆၀ လီတာ ဆံ့ အမှိုက်ပုံးနဲ့ ၂၄၀ လီတာ ဆံ့ အမှိုက်ပုံး စုစုပေါင်း အလုံး နှစ်ထောင် ခန့် ချထား ပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။

 www.MyanmarExpress.net
 

3 comments:

Sanitation system around Myanmar is out of date.Municipals let people place rubbish & they collect at night!No country around the world has this flies-full system.around

အဆိုးဆုံးအမိုက်ပုံ က တော့ လူထုအား ထား ရာ ရန်ကုန်ဆေးရုံကြိးး ဝင်းထဲမှာပေါ့ မြေစိုက်အမိုက်ပုံ ခွေးတွေ အမိုက်ကောက်တွေ တရုန်းရုန်း။

ရှက်စရာကောင်းတယ် အမှန်တော့ ရန်ကုန်ကလူတွေပဲ စည်းကမ်းမဲ့တာ မဟုတ်ပါဘူး ကျွန်တော်တို့တစ်မျိုးသားလုံး စည်းကမ်းမဲ့တာပါ တန်ဖိုးမရှိတဲ့ လူမျိုးလို့ အခေါ်ခံရမှာပေါ့ဗျာ ရွှေတိဂုံဘုရားကြီး နောက်ခံနဲ့ လှလိုက်တဲ့အမှိုက်တွေ...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်