Subscribe to our RSS Feed

နေပြည်တော်တွင် e-LIFE စက် အသုံးပြုနိုင်

From : yatanarpon


နေပြည်တော် ကောင်စီ နယ်မြေတွင် ကျန်းမာရေး အထောက် အကူပြု e-LIFE  စက်ကို ဆိုင်တွင် အသုံးပြု ရုံသာမက အိမ်အရောက် ဝန်ဆောင်မှု ဖြင့်ပါ အသုံးပြု နိုင်ပြီ ဖြစ်ကြောင်း သိရသည်။  အဆိုပါ e-LIFE စက်မှာ ကိုရီးယား နိုင်ငံတွင် ထုတ်လုပ်သည့် နောက်ဆုံးပေါ်
အဆင့်မြင့် ကျန်းမာရေး အထောက် အကူပြု ကိရိယာ ဖြစ်ပြီး ခန္ဓာကိုယ် အကျိုးပြု ဓာတ်မ စွမ်းအင်များ ထုတ်လွှင့် ပေးသည့် လျှပ်စစ် စက်ကွင်း ကုထုံး (EFT) ပြုလုပ်သည့် ကိရိ ယာ ဖြစ်ကြောင်း သိရသည်။ e-LIFE  စက်သည် အနှိပ်ခုံ မဟုတ်သလို လေ့ကျင့်ခန်း လုပ်သည့် စက်မဟုတ်ဘဲ နိုင်ငံအများ အပြားမှ အသိအမှတ်ပြု လက်မှတ်များ ရရှိ ထားသော နည်းပညာမြင့် စက်ကိရိယာ ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ကိရိယာ တစ်လုံးကို လူနှစ်ယောက် တစ်ပြိုင်နက် အသုံးပြု နိုင်ပြီး ကိရိယာဖြင့် ချိတ်ဆက် ထားသော Iron mat ပေါ် မိနစ် ငါးဆယ်မျှ ထိုင်ရုံဖြင့် စက်မှ လျှပ်စစ်ကွင်း ကုထုံး (EFT) ဖြစ်သည့် ဓာတ်ငွေ့စွမ်း အင်များကို ခံစားချက်၊ အသံမြည်ခြင်း၊ တုန်ခါခြင်း လုံးဝမရှိစေဘဲ ခန္ဓာကိုယ် အနှံ့သို့ ပျံ့နှံ့ေ စသော နည်းပညာလည်း ဖြစ်သည်။ ထိုသို့ထိုင်ခြင်း အားဖြင့် အာရုံကြောနှင့် ပတ်သက်သည့် ရောဂါ အမျိုးမျိုး၊ ဆီးချို၊ သွေးတိုး၊ နှ လုံး၊ လေဖြတ် ရောဂါ အမျိုးမျိုး၊ ကျောက်ကပ်နှင့် ပတ်သက်သော ရောဂါ အမျိုးမျိုး၊ အရိုးဖြင့် ပတ်သက်သော ရောဂါအမျိုးမျိုး၊ အရေပြားနှင့် ပတ်သက်သော ရောဂါ အမျိုးမျိုး၊ အစာအိမ် အူလမ်းကြောင်းဖြင့် ပတ်သက်သော ရောဂါအမျိုးမျိုး၊ ခန္ဓာကိုယ်တွင်း အဆီများ နေသူများ၊ ပန်းသေ/ ပန်းညှိုးရောဂါ၊ သားသမီး မထွန်းကားသူ များ၊ အရွယ်မတိုင်မီ အိုမင်း ရင့်ရော် သူများ အားလုံး အသုံးပြုရန် သင့်တော်ကြောင်းနှင့် ထိုသို့ မဖြစ်သေးသူများ အနေဖြင့်လည်း ကြိုတင် ကာကွယ်ရန် အတွက် အသုံးပြု သင့်ကြောင်း သိရသည်။
“ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ သုံးမယ် ဆိုရင်တော့ တစ်ပတ်ကို သုံးကြိမ်သုံးဖို့ သင့်တော်ပြီး ဝေဒနာ ရှင်တွေ အတွက်တော့ နေ့စဉ် အသုံးပြု သင့်ပါ တယ်။ အိမ်အရောက် ဝန်ဆောင်မှု အတွက်တော့ ခေါ်ယူသူက သွားလာရေး အတွက် စီစဉ်ပေးရမှာ ဖြစ်ပါတယ်။ တချို့တွေဆိုရင် ကိုယ်ပိုင် ဝယ်ထားပြီး အသုံးပြု ကြသလို တချို့တွေက meditation ထိုင်ရာ မှာတောင် အထောက်အကူပြု ကိရိယာ အဖြစ် အသုံးချ ကြပါတယ်” ဟု နေပြည်တော် ဆိုင်ခွဲမှ မန်နေဂျာက ပြောသည်။ ကိုယ်ပိုင် ဝယ်ယူ အသုံးပြု သူများ အတွက် နှစ်သစ်တွင် အထူး လျှော့ဈေးဖြင့် ရောင်းချ ပေးသွားမည် ဖြစ်ပြီး သုံးနှစ်အတွင်း သုံးစွဲသူ အမှားကြောင့် ပျက်စီးခြင်း မဟုတ်ပါက အသစ်တစ်လုံး ချက်ချင်း လဲလှယ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အသေးစိတ် အချက်အလက် များကို ONE Energize Center ဖုန်း - ၀၉-၄၇၀၂၄၀၄၄ တွင် အသေးစိတ် စုံစမ်း နိုင်ကြောင်း သိရသည်။ နှစ်သစ်တွင် မိမိထိုင်သော အကြိမ်းနှုန်း အလိုက် Promotion ပေးထားကြောင်း သိရသည်။

www.MyanmarExpress.net

2 comments:

ထင် သ လောက် မ ဟုတ် ပါ ဘူး..။ ရွာ က ဦး လေး တစ် ယောက် လယ် ရောင်း ပြီး ရန် ကုန် လာ ကု တာ ဆယ် သိန်း တာ ကုန် သွား တယ် ဘာ မှ ထူး ခြား မ လာ ဘူး..။သူ တို့ သိန်း ကျော် တန် ဆေး တွေ ကို တွဲ သုံး မှ အ ဆင် ပြေ မယ် လို့ တော့ အ သုံး ပြု တဲ့ သုံး လ လုံး လုံး သူ တို့ ပြော တာ ပဲ...။ အ မှန် တော့ လုပ် စား တာ ပါ ပဲ ..။သူ တို့ ပြော တော့ ပျောက် တဲ့ ရော ဂါ က စုံ နေ တာ ပဲ..။ မြန် မာ ပြည် က ရ တ နာ ထွန်း သွား တိုက် ဆေး ကျော် ညာ နေ တဲ့ အ တိုင်း ပဲ..။အ လား ကား လူ လိမ် တွေ ..။ က မ္ဘာ ပတ် လိမ် နေ တဲ့ ကောင် တွေ သွား မ ယုံ နဲ့..။ ဘာ နိုင် ငံ တ ကာ အ သိ အ မှတ် ပြု လဲ ။ ဘယ် နိုင် ငံ မှ အ သိ အ မှတ် မ ပြု ဘူး..။ ဝေ ဒ နာ သည် တွေ ကို မ လိမ် ပါ နဲ့ ...။ဒါ ပဲ ပြော ပါ ရ စေ..။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်