Subscribe to our RSS Feed

' ဝ'တပ်ဖွဲ့၏ ဖိတ်ခေါ်မှု KIO လက်ခံကြောင်း ပြန်ကြား

From : Mizzima

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးရန် ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ၏ ဖိတ်ခေါ်ချက်ကို KIO ဘက်မှ လက်ခံကြောင်း အင်္ဂါနေ့တွင် အကြောင်းပြန်ခဲ့သည်ဟု UWSA ပြောရေးဆိုခွင့်ရသူ ဦးအောင်မြင့် က ပြောသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်းရှိ UWSA ဌာနချုပ် ပန်ဆန်းမြို့တွင် နှစ်ဖက် တွေ့ဆုံမှုကို UWSA က ကြားဝင် ကူညီပေးမည့် အဆိုပြုချက်အပေါ် လက်ခံကြောင်း KIO ဘက်မှ စာပြန်လာခြင်း ဖြစ်သည်။

“KIO တို့ဘက်ကနေ ပြန်ဆက်သွယ်လာပါတယ်။ ပန်ဆန်းမှာ လာတွေ့ဖို့ သူတို့ သဘောတူပါတယ် ဆိုပြီးတော့ ဒီနေ့နေ့လည်လောက်က သတင်းပို့လာတယ်။ အစိုးရဘက်က ဒီမှာဆွေးနွေးဖို့ လက်ခံတယ်ဆိုတာ ကျနော်တို့ဆီ ပို့လိုက်ပါပြီ။ ဆိုတော့ အစိုးရဘက်ကိုလည်း အခုပဲ သတင်းပို့နေတယ်” ဟု မဇ္ဈိမကို ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီဘက်မှလည်း KIO မှ လက်ခံပါက ၎င်းတို့လည်း လက်ခံနိုင်ကြောင်း သဘောထား ပေးပို့ထားပြီးဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း အနေနှင့် KIO ဘက်မှ လက်ခံပါက တွေ့ဆုံရန်ရှိကြောင်းလည်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က မဇ္ဈိမကို အင်္ဂါနေ့ နေ့လည်ပိုင်းက ဖြေကြား ထားပြီးဖြစ်သည်။

မြန်နိုင်ငံ ငြိမ်းချမ်းရေးဘက် ဦးတည်နေသော်လည်း KIO နှင့် အစိုးရအကြား တိုက်ပွဲများ မရပ်စဲဘဲ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသဖြင့် ယခုကဲ့သို့ ကြားဝင်ကူညီခွင့်ရသဖြင့် တိုင်းပြည်အတွက် အကျိုးရှိမည်ဟု ဦးအောင်မြင့်က ပြောသည်။

“နှစ်ဖက်စလုံးက ယုံကြည်မှု နည်းနေတယ်၊ စစ်ကြောင့် ဒုက္ခသည်တွေလည်း သောင်းနဲ့ ချီရှိနေပြီ။ အခြေအနေက မကောင်းဘူး။ ဒါကြောင့် နှစ်ဖက် တွေ့ဆုံနိုင်အောင်၊ အခုအချိန်မှာ ကချင်ကို အစိုးရက လာပါဆိုရင်လည်း ဘယ်သွားမလဲ။ ဒါကြောင့် ကျနော်တို့qီမှာ ဖြစ်နိုင်မလား။ ဖြစ်နိုင်ရင် ပန်ဆန်းမှာလာပြီး တွေ့ဆုံပါ။ ကျနော်တို့ ကူညီပံ့ပိုးပေးပါ့မယ်ဆိုတဲ့ ဆန္ဒမျိုးပါ” ဟု ၁၉၈၉ ခုနှစ်ကတည်းက အပစ်အခတ် ရပ်စဲထားသည့် UWSA ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မြင့် က မဇ္စျိမကို ပြောသည်။

မည်သည့်နေ့ တွေ့ဆုံမည်ကို ညှိနှိုင်းနေဆဲ ဖြစ်ပြီး ထိုသို့တွေ့ဆုံနိုင်ရေး အတွက် KIO သို့ မဇ္ဈိမက ကြိုးစားဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် ပြတ်တောက်နေသည်။

. www.MyanmarExpress.net
 

6 comments:

kio..kia အကြမ်းဖက် ဒါးပြ အဖွဲ့ အ ပေါ် ထားတဲ့ နိုင် ငံ တော်ရှဲ့မေတ္တာ စေတနာ တရား ဟာ အလွန်တရာဘဲ ကြီးမြတ်လှ ပါသည်။ညိမ်းချမ်းရေး ကမ်းသော လက်ကို kio,kia. အဖွဲ့ မှ ခွေးစိတ် မွေးပြီး မကိုက်သင့်ပါ ခင် ဗျာ။အကြံပြု ခြင်းသာဖြစ်ပါသည်။

UWSA ဆေး ပြား လား ဟင် အ ရင် က လဲ ဆေး လုပ် ခဲ့ အ ဖွဲ့ ဆို တော့ မ ကောင်း တဲ့ အ ဖွဲ့ ခြင်း ဆို တော့  ညှိ ရ မှာ ပေါ့ တ ခု တော့ ပြော ချင် တယ် တပ် မ တော် မှ မ နိုင် ရင် ပြည် သူ တွေ ပါ ဝင် တိုက် မယ် ပြည် တွင်း စစ် ဖြစ် ကြ တာ ပေါ့ ကွာ မင်း တို့ ဘက် က လဲ ခွေး တ ရုတ် ကြိး ရှိ နေ တာ ပေါ့ ပြည် ပျက် တဲ့ အ ထိ ချ ကြ တာ ကေါ့ ကွာ ခွေး တ ရုတ် ကြိး လဲ မ ကြာ ခင် ပြည် ပျက် မှာ ပါ အ မေ ရိ ကန် ဂျ ပနါ တွေ နဲ့ ချ ကြ မှာ လေ မ ကြာ ပါ ဘူး

ဘိန်း ပင် စိုက် စား ဝ င နွား ဆေး ပြား ထုတ် ဝေ Kia

ဝ နဲ့ က ချင် ကို ခိုင်း စား တရုတ် ကြိး လား အ မေ ရိကန် က ထ ထု တရုတ် ကြိး ပု အ နု မြူ ဗုးံ နဲ့ ပေါက် တ ရုတ် ကြိး ပျောက်

မပူပါနဲ့ ပြည်တွင်းစစ်ဖြစ်မှာပါ ဒါပေမဲ့ မဖြစ်စေချင် ပါ ရှောင် လွဲလို့မှမရတာ လက်နက်ကိုင် အဲဒီလောက် များတဲ့ နိုင် ငံ ဘယ်တော့မှ မငြိမ်းချမ်းပါ

ဘိန်းစား ဝ ရော KIA ရောဘင်ဂါလီကုလားရော US ရော တရုတ်ရော ကောင်းတာမဟုတ်သူးကွ.

ပြီးတော့ UNFC. ဆိုတဲ့ မာဖီးယားတို့  Eleven ဖာသည်တို့  လည်း အတူတူပဲ

နောက်ပြီး မျဉ်းကျားက မကူးလို့ ကားတိုက်ခံရတဲ KIA မယား ဒွဲဘူလဲ အလကား

သူပုန်ကောင်မြို့  လိုင်ဇာကို မသိမ်းခိုင်းတဲ့ ဦးသိန်းစိန် အပေါ် စိတ်ကုန်မိတယ်

မြန်မာ အမျိုးသားရေး ဝါဒီ တစ်ဦး

ကေအိုင်အေမိသားစုကလွဲလို့ဒုက္ခသည်စစ်စစ်တွေကို လိုင်ဇာနားမထားဘို့ ကျည်လွတ်မြေဘက်ရွေ့ပြောင်းဘို့ တောင်းဆိုပါ ဒီတစ်ခါ ကေအိုင်အေ ညာရင် လိုင်ဇာကို အပြတ်ဖြုတ်ပစ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်