Subscribe to our RSS Feed

အမေစုရယ် တချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်

ဒေါ်စုကြည်ကို အမေရိကန်က သတင်းထောက်တွေ လေးစားလွန်းလို့ ဒီလိုဆက်ဆံတာ

From : သာနောင်

၁။ ။ လူပေါင်း သိန်းချီ ထွက်ပြေး တိမ်းရှောင်နေရသော ကချင်တိုင်းရင်းသား များ အတွက် နိုင်ဗယ် မြန်မာ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဘာမှ မလုပ်ပေးခဲ့ပါ၊ မဲ လို ချင်သောကြောင့် ၂၀၁၂ ဧပြီ လတွင် ကချင်ပြည်နယ်သို့ မဲ့ဆွယ်ရေး ခရီးစဉ် တခေါက် ရောက်ခဲ့ယုံမျှ အပ မည်သည့် ကချင်းအကျိုး မျှ မလုပ်ခဲ့ပါ၊ မပြောခဲ့ပါ။တချက်လောက်တော့ ငဲ့ကြည့်သင့်ပါသည်။

၂။ ကမ္ဘာ အရှည်ကြာ ဆုံး စစ်ပွဲ ဖြစ်နေသော ကရင် ပြည်သူအတွက် နိုယ်ဗယ်ငြိမ်းချမ်းရေး ဆုရှင် မည်သည့် စကား မျှ မပြောခဲ့ပါ၊ ကရင်ပြည်သူများ အတွက် လက်တွေ့ကြသော မည့်သည့် အရာမှ ကူညီမူမရှိခဲ့ပါ။ တချက်လောက်တော့ ငဲ့ကြည့်သင့်ပါသည်။

၃။ မြန်မာ နိုင်ငံတွင် အဆင်းရဲဆုံး ပြည်နယ် တခု ဖြစ်သော ချင်းပြည်နယ်သို့ ဒီမိုကရေဆီ ခေါင်ဆောင် မရောက်ခဲ့ပါ။ ချင်းလူမျိုး များ ထံသွား ၍ မည်သည့် အကျိုးကျေးဇူး မျှ မရှိသောကြောင်း မသွားခဲ့ခြင်းလော့...ချင်းလူမျိုး များထံသွား၍ နိုင်ငံတကာ တွင်မထင်ပေါ်နိုင်သောကြောင့် မသွားခဲ့ခြင်းလော့ ။ ချင်းလူမျိုးများ အတွက် မည့်သည့် အကျိုး မျှ လုပ်ဆောင်ခဲ့ခြင်း ပြောဆိုခဲ့ခြင်း မရှိခဲ့ပါ။တချက်လောက်တော့ ငဲ့ကြည့်သင့်ပါသည်။

၎။ရခိုင် ပရိပက္ခ အတွက် ဘင်္ဂလီ (ရိုဟင်ဂျာ) သည် တိုင်းရင်းသား မဟုတ်ဆိုသော အမှန်တရား ကိုပင် ရူးချင်ယောင်ဆောင် ၍ နုတ်ဆိတ်နေမူကြောင့် NLD ရုံး ခွဲ များ ရခိုင်ပြည် အနှံတွင် ဖြိုဖျက်ခံ ခဲ့ ရအောင် ထိ ရခိုင် တိုင်းရင်းသား များ က လူထုခေါင်းဆောင် ဆိုသူအား ထောက်ခံကြောင်း ပြသခဲ့ကြသည်။ လူပေါင်း ရာနှင့်ချီ သေဆုံး၍ သောင်းပေါင်း များစွာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရသော ရခိုင်ပြည်သူများ အတွက် မည့်သည့် ကိစ္စ မျှ လူထုခေါင်းဆောင် မလုပ်ခဲ့ပါ၊ မည့်သည့် အကျိုးပြု စကား မျှ မပြောခဲ့ပါ။တချက်လောက်တော့ ငဲ့ကြည့်သင့်ပါသည်။

၅။ရှမ်း တိုင်းရင်းသား များ အတွက် လူထုခေါင်းဆောင် ဘာမှ မလုပ်ပေးခဲ့ သလို မွန်တိုင်းရင်းသား များ အတွက် လည်း မည်သည့် အကျိုး မျှ လုပ်ဆောင်ထားသည် ကို မတွေ့ပါ။ လူထုခေါင်းဆောင် ဆိုသော ဘွဲ့ နှင့် ညီညွတ်စေဖို့ တချက်လောက်တော့ ငဲ့ကြည့်သင့်ပါသည်။

၆။ ကမ္ဘာပတ် ၍ ဆု လက်ခံခြင်း က အရေးကြီးပါသလား။ တိုင်းရင်းသား များ ၏ ဆင်းရဲ မွဲတေ ငတ်ပြတ်နေမူ က အရေးကြီးပါသလား တချက်လောက်တော့ ငဲ့ကြည့်သင့်ပါသည်။

၇။ ကမ္ဘာ့ နိုင်ငံ စုံ ကို သွားနေ ဖို့ထက် မြန်မာ ပြည် အနှံ က တိုင်းရင်းသား ဒေသ တွေ ကို ပိုမသွားသင့်ဘူးလား......တချက်လောက်တော့ ငဲ့ကြည့်သင့်ပါသည်။

၈။ စောင့်ကြည့် နေပါသည်၊ တိုင်ရင်းသား များ အတွက် လူထုခေါင်းဆောင် အမေရိကားတွင် မည်သည့် အရာ များ ပြောဆိုခဲ့ပါမည်နည်.....လူထုခေါင်းဆောင် ဆိုသော ဘွဲ့နှင့် ထိုက်တန်စေရန် ....တိုင်းရင်းသား အရေး တချက်လောက်တော့ ငဲ့ကြည့်သင့်ပါသည်။

Myanmar Express

4 comments:

right..she is selfish,,so how can we do..[kachin,kayar,kayin,chin,burma,moon,rakhine,shan]
we will be avoid her dont care her..

Aung san su kyi is daughter of general aung san .she can speak english very well thats all nothing special she just want to be popular.all NLD party leaders are old peoples. old idea and they try to blame goverment all the time.it is really stupid .

ဒေါ်စုလုပ်ပေးနိုင်တာကမြန်မာစကားမတတ်တဲ့အဖေတူသားနှစ်ယောက်မွေးထားတာပဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်