Subscribe to our RSS Feed

ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကာကွယ်ရေးဝနကီးဌာန

သတင်းထုတ်ပြန်ချက်





၁။ ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက် ရှိသော လက်နက်ကိုင် ပဋိပက္ခ များနှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပမှ အဖွဲ့အစည်း အချို့၊ သံဃာအချို့နှင့် စာနယ်ဇင်း အချို့တို့မှ မမှန်မကန် သတင်း များနှင့် အစိုးရနှင့် တပ်မတော် အပေါ် ပြည်သူလူထု အထင်အမြင် လွဲမှားစေမည့် သတင်းနှင့် ကြေညာ ချက်များ ထုတ်ပြန် ခဲ့ပါသည်။

၂။ အဆိုပါ သတင်းနှင့် ကြေညာချက် တို့တွင် မြန်မာ့ တပ်မတော်သည် KIA ဌာနချုပ် တည်ရှိရာ လိုင်ဇာအနီး ဝန်းကျင်ကို ဆက်လက်၍ စစ်ရေးအရ ထိုးစစ်ဆင်နေကြောင်း သတင်းများကိုသာ တစ်ဖက်သတ် ဇောင်းပေး၍ ဖော်ပြနေ ပါသည်။

တရားဝင် မီဒီယာများတွင် KIA ဘက်မှ အကြမ်းဖက် တိုက်ခိုက်မှု များနှင့် အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ် ဖျက်ဆီးမှုများ၊ ဖမ်းဆီး ခေါ်ဆောင်မှုများ၊ စစ်ရေးနှင့် မဆိုင်သော အရပ်ဘက် လမ်း၊ တံတားများစွာကို ဖျက်ဆီးခဲ့မှု သတင်းများ ထုတ်ပြန်ထားပါလျက် ယင်းအဖြစ်မှန် သတင်းများကို မျက်ကွယ်ပြုပြီး မမှန်မကန် သတင်းများကိုသာ ဖော်ပြနေကြောင်း တွေ့ရှိ ရပါသည်။ ယင်းသို့ တစ်ဖက်စောင်းနင်း ဖော်ပြချက် များသည် အများပြည်သူနှင့် နိုင်ငံတကာ၏ အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်စေနိုင် ပါသည်။

၃။ နိုင်ငံတော်အစိုးရသည် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ဦးထိပ်ထားလျက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး သဘောတူညီမှုများ ရရှိနိုင်ရေး အတွက် စေတနာမှန်ဖြင့် အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ KIO/KIA အဖွဲ့မှလွဲ၍ ကျန်အဖွဲ့များနှင့် ငြိမ်းချမ်းရေး သဘောတူညီမှုများ အဆင့်ဆင့် ရရှိထားပြီး ဖြစ်ပါသည်။

ယင်းသို့ သဘောတူညီမှုများ ရနိုင်ရန် တပ်မတော်သည် အစိုးရနှင့်ထပ်တူ ငြိမ်းချမ်းရေးကို လိုလားစွာဖြင့် လိုက်ပါကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

၎။ KIA လက်နက်ကိုင်အဖွဲ့သည် တာပိန်ရေအားလျှပ်စစ် စီမံကိန်း၊ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော တပ်မတော်အရာရှိ ၂ ဦးနှင့် စစ်သည် ၁ ဦးတို့အား အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့ရာ ၄င်းကိစ္စအား ဖြေရှင်းရန် သွားရောက်ခဲ့သည့် တပ်မတော်မှ အခြေချ စစ်ဗျူဟာမှူး ဦးစီး အဖွဲ့အား စောင့်ကြိုတိုက်ခိုက်ခြင်းဖြင့် ပြဿနာများကို စတင် ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။

၅။ ကချင်ပြည်နယ်အတွင်း ခုခံကာကွယ်ရုံမှအပ ထိုးစစ်ဆင်ခြင်းများ မပြုလုပ်ရန် နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားခဲ့သည့် အချိန်မှစ၍ တပ်မတော်အနေဖြင့် တိကျစွာ လိုက်နာခဲ့ပါသည်။ KIA တို့သည် တပ်မတော်၏ ခုခံ ကာကွယ်ရုံသာ ဆောင်ရွက်နေမှုအပေါ် အခွင့်အရေးယူ၍ မိမိ တပ်စခန်းများအား လာရောက် နှောင့်ယှက်တိုက်ခိုက်ခြင်း၊ ပုံမှန်ဆောင်ရွက်သည့် တပ်မတော် စစ်ကြောင်း လှုပ်ရှားမှုများကို မိုင်းအသုံးပြု တိုက်ခိုက်ခြင်း၊ အင်အားစုစည်း၍ စောင့်ကြိုတိုက်ခိုက်ခြင်း တို့ကို ဆောင်ရွက်ခဲ့သဖြင့် တပ်မတော်မှ အရာရှိ/ စစ်သည် အများအပြား ကျဆုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။

၆။ KIAတို့သည် ယင်းသို့ တပ်မတော်အား တိုက်ခိုက်ခဲ့သည့် အပြင် စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်ဘက် လမ်း၊ တံတား၊ လျှပ်စစ် တာဝါတိုင်နှင့် အစိုးရ အဆောက်အအုံ များစွာတို့ကို တိုက်ခိုက် ဖျက်ဆီးခြင်း၊ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေသော အစိုးရဌာနများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ များကို တိုက်ခိုက်ခြင်း၊ ဒေသခံ အရပ်သား များစွာကိုလည်း အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ် ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

၇။ KIA တို့သည် ကချင်ပြည်နယ် အတွင်း အများပြည်သူတို့ အဓိက အားထားသွားလာ နေရသည့် ဆက်သွယ်ရေး လမ်းကြောင်းကြီးများကို ဖျက်ဆီး ထိန်းချုပ်ထားခဲ့ပါသည်။

လမ်းကြောင်းများ ပြတ်တောက်ပိတ်ဆို့နေမှုကြောင့် ကုန်စည် စီးဆင်းမှုမပြုနိုင်တော့ဘဲ ပြည်သူတို့မှာ စားနပ်ရိက္ခာ ရှားပါးခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း၊ ဆေးဝါးမလုံလောက်၍ ရောဂါဘယ ထူပြောခြင်း စသည့် ဒုက္ခမျိုးစုံ တွေ့ကြုံ ခံစားနေရပါသည်။

၈။ KIA တို့သည် အများပြည်သူ အသုံးပြုသည့် ဆက်သွယ်ရေး လမ်းမကြီး တစ်ခုဖြစ်သော မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စု လမ်းမကြီးအား ပိတ်ဆို့ထားသည့်အပြင် ယင်းလမ်းမကြီးအနီး လဂျားယန်ဒေသရှိ မိမိတပ်မတော် စခန်းအားလည်း ၂၀၁၂ ခုနှစ် မတ်လမှ စတင်ကာ ဝိုင်းရံ ပိတ်ဆို့ထားခြင်း၊ စခန်းသို့ ရိက္ခာပို့ဆောင်သည့် တပ်မတော် စစ်ကြောင်းများကို ချုံခိုတိုက်ခိုက် ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

၉။ ဖော်ပြပါ KIA တို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှ စတင်၍ ပွိုင့်-၇၇၁ တောင်ကုန်း အပါအဝင် လဂျားယန်ဒေသရှိ KIA ခြေကုပ် စခန်းများအား တပ်မတော်က ရှင်းလင်း တိုက်ခိုက်မှုများ ဆောင်ရွက် ခဲ့ရပါသည်။ ယင်းသို့ ဆောင်ရွက်ခဲ့ရသော စစ်ဆင်ရေးသည် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့ စေရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်အား နှောင့်ယှက်ဖျက်ဆီး လျက်ရှိသော KIA လက်နက်ကိုင် အဖွဲ့ကို တပ်မတော်၏ မူလ တာဝန်အတိုင်း ဆောင်ရွက်ရခြင်းနှင့် လဂျားယန် တပ်စခန်းရှိ တပ်မတော်သားများ ကြုံတွေ့နေရသော ရိက္ခာ ပြတ်လပ်မှု၊ KIA လက်နက်ကိုင် အဖွဲ့များ ဝိုင်းရံထားမှုတို့မှ ကယ်တင်ခဲ့ရသည့် အကန့်အသတ်ဖြင့် ဆောင်ရွက်ခဲ့သော စစ်ဆင်ရေး တစ်ရပ်သာ ဖြစ်ပါသည်။

၁၀။ တပ်မတော်အနေဖြင့် လဂျားယန်စခန်းရှိ စစ်သည်များ လုံခြုံရေးနှင့် မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စု လမ်းမကြီး လုံခြုံရေးအတွက် လိုအပ်သည့် ကန့်သတ် ရည်မှန်းချက် များကို ရရှိပြီး ဖြစ်သောကြောင့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် ၆ နာရီမှ စတင်ပြီး လဂျားယန်ဒေသရှိ နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းထားပြီး ဖြစ်သော်လည်း KIA တို့ဘက်မှ တပ်မတော် စစ်ကြောင်း အခြေပြုရာ နေရာများသို့ လာရောက်နှောင့်ယှက် ပစ်ခတ်မှုများ ရှိနေသည့် အတွက် လိုအပ်သလို ခုခံပစ်ခတ် ခဲ့ရခြင်းသာ ဖြစ်ပါသည်။

၁၁။ ကချင်ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခ အရှိန် လျော့ကျပြီး အပစ်အခတ် ရပ်စဲ၍ ထာဝရ ငြိမ်းချမ်းရေး ဆက်လက် တည်ဆောက်သွားနိုင်ရန် တပ်မတော်မှ အထူးလိုလားပါသည်။ နိုင်ငံတော် အစိုးရနှင့် တပ်မတော်၏ သဘောထားကိုလည်း ကြိမ်ဖန်များစွာ ထုတ်ဖော်ပြောကြား ခဲ့ပြီး ဖြစ်ပါသည်။ KIA အနေဖြင့်လည်း နိုင်ငံတော်နှင့် တပ်မတော် ကဲ့သို့ပင် ထာဝရ ငြိမ်းချမ်းရေး အတွက် စိတ်ရင်းမှန်ဖြင့် လိုလားမှု ရှိရန် အထူး လိုအပ်ပါသည်။

၁၂။ မြန်မာ့တပ်မတော်သည် တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ ပူးပေါင်းပါဝင် ဖွဲ့စည်းထားသော ပြည်ထောင်စု တပ်မတော်ဖြစ်ခြင်း၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ဦးစားပေးသည့် တပ်မတော် ဖြစ်ခြင်း တို့ကြောင့် ကချင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသားများ အားလုံး၏ ဘေးကင်း လုံခြုံရေးကို ပို၍ လိုလားပါသည်။

၁၃။ တပ်မတော်သည် ပြည်သူများ၏ အသက်အိုးအိမ် လုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေး အတွက် မိမိကိုယ်ကို ခုခံကာကွယ်မှု နှင့် စစ်ရေးအရ ပြန်လည် တုံ့ပြန်မှုများကို မလွှဲမရှောင်သာ ပြုလုပ်ခဲ့ရခြင်း ဖြစ်ပါသည်။

တပ်မတော် အနေဖြင့် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက် ဖြစ်သည့် မိမိကိုယ်ကို ခုခံကာကွယ်ရန် မှအပ ပစ်ခတ်တိုက်ခိုက်မှုများ မပြုလုပ်ရန် ဆိုသည့် အချက်ကို တိကျစွာ လိုက်နာသွားမည် ဖြစ်သလို KIO/ KIA ဘက်မှလည်း နိုင်ငံတော် သမ္မတ၏ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ကမ်းလှမ်းချက်အပေါ် လေးစား လိုက်နာသွားရန် လိုအပ်ပါသည်။

၁၄။ တပ်မတော် အနေဖြင့် နယ်မြေလုံခြုံရေးအရ ယာယီ စောင့်ရှောက်ရေး နေရာများသို့ ပြောင်းရွှေ့ နေထိုင်ရသူများ အတွက် လိုအပ်သည့် စောင့်ရှောက်မှုများ ပေးနေသကဲ့သို့ အထူးသဖြင့် ပူတာအို ဒေသရှိ ပြည်သူများ အနေဖြင့် စားနပ်ရိက္ခာ ရှားပါးမှုနှင့် ရင်ဆိုင်နေရသဖြင့် တပ်မတော် လေယာဉ်များနှင့်ပါ ကူညီပို့ ဆောင်ပေးလျက် ရှိပါသည်။

၁၅။ ကချင်ပြည်နယ်တွင် ရေရှည် တည်တံ့သော ငြိမ်းချမ်းရေး ရရှိရန် အလို့ငှာ တွေ့ဆုံဆွေးနွေးရေး အတွက် တပ်မတော်မှ ကိုယ်စားလှယ်များ ပါဝင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ KIO/ KIA အဖွဲ့ထံသို့ အကြိမ်ကြိမ် ကမ်းလှမ်းလျက် ရှိပါသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ကချင်ပြည်နယ် အတွင်းသာမက နိုင်ငံအဝန်း ထာဝရငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး တည်ဆောက်နိုင်ရန် KIO/ KIA အဖွဲ့ အပါအဝင် တိုင်းရင်းသား ပြည်သူအားလုံးနှင့် လက်တွဲ ဆောင်ရွက်သွားမည့် အပေါ် တပ်မတော် အနေဖြင့် အတူတကွ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

 
ကာကွယ်ရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်

 

12 comments:

ကာကွယ်ရေးဝန်ကြီးဌာနမှ နိုင်ငံရေးနားလည်သူ စစ်ဗိုလ်တွေနဲ့ မီဒီယာတစ်ခုလုပ်သင့်ပါတယ်
ဒါလည်း အမျိုးသားနိုင်ငံရေး ပါပဲ

စောက်သုံးမကျတဲ့ ပြည်တွင်မီဒီယာတွေ စစ်သားမကောင်းကြောင်းပဲ သတင်းလုပ်ရေးဖို့သိတယ်.. အဲဒီမီဒီယာတွေကို တုန့်ပြန်ဖို့ စစ်တပ်ဖက်က ပြင်ဆင်သင့်တယ်

ဖအေကို ကျော်ပြီးပထွေးကိုလွမ်းတဲ့ မီဒီယာ
ပြည်သူ့အတွက်ဆိုပြီး အစိုးရကို အတိုက်အခံလုပ် ပြည်သူတွေကို ခုတုံး လုပ်တဲ့မီဒီယာ
ပြည်သူ့ မီဒီယာ မဟုတ်
အတိုက်အခံ မီဒီယာ
(ငါတို့ဟာ ဘာတွေလည်းလို့ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ပြီး
ကိုယ့် ကျန်းမာရေး ကိုယ် ဂရုစိုက်သင့်ပါတယ်)
မီဒီယာ အချို့ကိုဆိုလိုပါသည်။

Another black propaganda again

ပြည်တွင်းသတင်းမှာစစ်ဖြစ်ပုံတိုက်ရိုက်မဟုတ်ရ

င်တောင်သတင်းထုတ်ပြန်အဖွဲ့ဖွဲ့ပြီးသတင်းကိုအချိန်နှင့်တပြေးညီထုတ်ပြန်ပေး

သင့်ပြီမီဒီယာတွေလွတ်လပ်ပြီးအပြိုင်အဆိုင်သတင်းယူခိုင်းပြီးမမှန်ရေးတဲ့အ

ကောင်ကိုဥပဒေနဲ့ကိုင်ထဲ့ပါမညှာပါနဲ့

အဲ ဒါ ဘဲ မီ ဒီ ယာ ရေ ကြား တယ် နော် မင်း တို့ မ ကောင်း တာ တွေ က တော့ ပြည် သူ တွေ အ ကုန် သိ တယ် ရွံ စ ရာ လဲ ကောင်း ပါ တယ် ငါ က အ ရပ် သား စစ် စစ် ပါ ဘာ မှ မ ပါတ် သက် ဘူး နော် မီဒ ယာ လုပ် ပုံ ပြည် သူ တွေ ကို အ မြင် မှား စေ တယ် အ တ မ ကြိး ပါ နဲ့ စီး ပွါး ရေး တ ကိုယ် ကောင်း မ ဆန် ပါ နဲ့ ဒီ တိုင်း ဆက် လုပ် မယ် ဆို ရင် တော့ မင်း တို့ သ မိုင်း ကြွေး ပေး ဆပ် ရ လိမ့် မယ်

ယနေ့မြန်မာနိုင်ငံမှာ အဓမ္ဓ္မ၀ါဒီတွေ များနေတယ်၊ လူထဲမှာကော၊ ရဟန်း
ထဲမှာပါရှိတာ၊ အမျိုးဘာသာ သာသနာ ကိုအသက်ပေးစောင့်ရှောက်နေ
တာ အများစုကစစ်သားတွေပါ၊ ဒီစစ်သားတွေက မြန်မာနိုင်ငံရဲ့နယ်န မိတ်အစပ်ကနေ၀န်းရံပြီး ရန်သူတွေကိုချေမှုန်းသုတ်သင်လို့၊ ရှင်းရှင်း ပြောရရင်ဒီကောင်တွေက ငရဲအကျခံပြီးကာကွယ်နေလို့ ပြည်တွင်း က လူ တွေ၊ရဟန်းတွေ စီးပွားရှာနိုင်တာ။ သာသနာ့တာဝန်ထမ်းဆောင်နိုင်တာအေးချမ်းစွာနေနိုင်တာပါ။ တိုင်းပြည်မငြိမ်းချမ်းရင် ဘယ်လူတွေ စီးပွားရှာနိုင်မလဲ၊ ရဟန်းတွေ သာသနာတာဝန်ဘယ်လိုထမ်းဆောင် မလဲ၊ လေနဲ့ ပဲစစ်တိုက်နေကြတာ၊ ဘယ်ကောင်မှ စစ်တပ်ထဲဝင်ပြီး ထမ်းဆောင်မဲ့ကောင်မရှိသလောက်ပဲ၊ သူတောင်းစားတောင် စစ်တပ်ထဲဝင်ဖို့စည်းရုံးလို့မရဘူး၊ အရှင်ဇ၀န ရေးတဲ့တရားစာအုပ်ထဲကလိုပဲ ကျုပ်တို့စစ်သားတွေက ငါးဖမ်းနေတဲ့ တံငါသည် နဲ့တူပြီး ပြည်တွင်းက ရဟန်းရှင်လူတွေကတော့ ဥပုဒ်စောင့်တဲ့ တံငါသည် နဲ့တူသလိုဖြစ် နေပြီလို့ထင်ပါတယ်။ တစ်တိုင်းပြည်လုံး မညီညွတ်ကြရင် ကမ္ဓ္ဘာမှာမြန် မာနိုင်ငံကွယ်ပျောက်သွားမှာပေါ့၊ ဒါကြောင့် ပြည်တွင်းမှာရှိတဲ့ သူအား လုံး ယောနိသောမနသီကာရ ဆိုတဲ့အတိုင်း အကောင်းမြင်ဝါဒနဲ့ နှလုံး
သွင်းမှန်ဖို့လိုပါတယ်။

အင်္ဂလိပ်လို ဘာသာပြန်ပြီး..အမေရိကန်သံရုံးတို့ ..မကောင်းမြင်သံရုံးတွေကို ဖြန့်ပေးပါ။ ဂျာနယ်တိုက်တွေကို ပါ ပို့လိုက်စမ်းပါဗျာ...တပ်မတော်ဆိုတာ တပင်ရွှေထီး၊ဘုရင့်နောင်လက်ထက် ကတည်းက မြန်မာပြည်ကို ကာကွယ်စောင့်ရှောက်ခဲ့တာအခုထိပါ။ မြန်မာပြည်သူတွေတိုင်းရင်းသားတွေအပေါ် သစ္စာရှိခဲ့/ရှိဆဲ/ကမ္ဘာတည်သရွေ့ ရှိသွားမဲ့တစ်ခုတည်းသောအတုမရှိအဖွဲ့အစည်းပါ။ ဘယ် ခွေးမသား မီဒီယာ၊နိုင်ငံကြီး၊ နိုင်ငံရေးသမားမှ တပ်မတော်လို အနွံအတာမခံပါ။ မစွံ့ပါ။ မပေးဆပ်ပါ။ this is reality ပါ။

kill them all.. they r rebel

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်