Subscribe to our RSS Feed

အများချစ်သည့် ဗိုလ်ချုပ်ဟောင်း ဆန်းဆင့် အားတိုင်းလွှတ်တော်သက်တမ်းပြည့်နေနိုင်ရေး ကမ်ပိန်းစတင်

From : Myit Makha Mediagroup on 29 Jan, 2013

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးဆန်းဆင့်အား သာသနာရေးဝန်ကြီးအဖြစ် မခန့်အပ်ဘဲ ငါးနှစ်သက်တမ်းပြည့်သည်အထိ တိုင်းလွှတ်တော်တွင် တာဝန်ထမ်းဆောင်နိုင်ခွင့်ရရှိစေရန် ပုသိမ်မြို့နေ ပြည်သူလူထုမှ လက်မှတ်ရေးထိုးလှုပ်ရှားမှု  စတင်နေပြီဖြစ်သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ ဇန်န၀ါရီလ (၂၂)ရက်နေ့က ပေးပို့ခဲ့သော သ၀ဏ်လွှာတွင် ဧရာဝတီ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအား သာသနာရေးဝန်ကြီးအဖြစ်ခန့်အပ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂၊ ပုဒ်မခွဲ(ဂ)နှင့်   ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ(ခ) တို့အရ ပြည်ထောင်စုလွှတ်တော်မှ သဘောတူညီမှုရရှိရန် လုပ်ဆောင်ခဲ့သည့်ကိစ္စအပေါ် ယခုကဲ့သို့ တိုင်းလွှတ်တော်တွင် သက်တမ်းပြည့်နေနိုင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှု စတင်ခဲ့ခြင်းဖြစ်သည်။
 
 “ဦးဆန်းဆင့်ဟာ ကျွန်တော်တို့ ဧရာဝတီတိုင်းပြည်သူတွေရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးမယ့် လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ မရှိမဖြစ် လိုအပ်ပါတယ်။ သူဟာ ကျွန်တော်တို့ တိုင်းအတွက် ဒီမိုကရေစီ တံတိုင်းကြီးအဖြစ်လို့တောင် တင်စားလို့ရပါတယ်။ ဒါ့ကြောင့် ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာပါ ဟု လက်မှတ်ထိုးလှုပ်ရှားမှုတွင်ပါဝင်ခဲ့သူ ဦးစန်းလေးကပြောသည်။
 ယခုအချိန်တွင် လက်မှတ်ထိုးလှုပ်ရှားမှု အရှိန်မြင့်လာပြီး လက်မှတ်ထိုးသူဦးရေ ထောင်နှင့်ချီရှိနေပြီ ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
 
 လတ်တလောတွင် ဧရာဝတီတိုင်းအတွင်းတွင် ကြီးကြီးမားမားဖြစ်ပွားနေသောလယ်ယာမြေသိမ်းမှုနှင့် အင်းသားကြီးနှင့် ရေလုပ်သား ၊လယ်သမားတို့ ၏ ပြဿနာဟူ၍ ပြသနာနှစ်ရပ် ရှိနေပြီး အဆိုပြသနာ ဖြစ်ပွားရာဒေသများမှ ပြည်သူများသည် တိုင်းလွှတ်တော်ဥက္ကဋ္ဌထံ အားကိုးတကြီး လာရောက် တိုင်ကြားမှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
  ထို့အပြင် ဧရာဝတီတိုင်းလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များကလည်း ဦးဆန်းဆင့်ကို မပြောင်းရွှေ့စေလိုကြောင်း ထုတ်ဖေါ်ပြောကြားမှုများ ပြုလုပ်ခဲ့သည်။
 ကျွန်မကတော့ ဧရာဝတီတိုင်းလွှတ်တော်အတွက် ဦးဆန်းဆင့်က ရှိသင့်တယ်လို့ သုံးသပ်မိပါတယ်။ သာသနာရေးဝန်ကြီးနေရာမှာ သူ့ကိုခန့်အပ်လိုက်မယ်ဆိုရင် ဧရာဝတီတိုင်းသားဖြစ်တဲ့ နိုင်ငံတော် သမ္မတက ဧရာဝတီတိုင်းက ပြည်သူတွေရဲ့အကျိုးစီးပွားကို လျစ်လျူရှုလိုက်တာပါပဲ ဟု ဧရာဝတီ တိုင်းလွှတ်တော်မှ ရေကြည်(၂)မဲဆန္ဒနယ်ကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက ပြောသည်။
  
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်တွင်လည်း ဂယက်ရိုက်မှုများရှိနေရာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်နန်းနုဝါကလည်း ယခုကဲ့သို့ဆိုသည်။
 သူ့ကို ပြည်ထောင်စု ၀န်ကြီးအဖြစ်ခန့်အပ်တာ မသင့်တော်ဘူးထင်ပါတယ်။ သူက တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌလုပ်ရတာ ပိုပြီးမွေ့လျော်ပုံပေါ်ပါတယ်။ တကယ်တော်တဲ့သူမို့ ပြောင်းလိုက်တာလားမသိဘူးဟု ဒေါ်နန်းဝါနုက မီဒီယာကြီးတစ်ခု၏ လူမှုရေးစာမျက်နှာ တွင် မှတ်ချက်ပြုထားသည်။
  
တိုင်းဒေသကြီးလွှတ်တော်ဥက္က၏တစ်ဦးအား ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ရန် သ၀ဏ်လွှာ ပေးပို့မှုမှာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ယခုအကြိမ်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
www.MyanmarExpress.net

3 comments:

ဧ ရာ ဝ တီ တိုင်း ဒေ သ ကြီး လွှတ် တော် တွင် သ ရေ စည် သူ ဦး ဆန်း ဆင့်  မ ရှိ မ ဖြစ် လို အပ် ပါ သည်။ သာ သ နာ ရေး ဝန် ကြီး လုပ် ရန် သ ဘော မ တူ ပါ။

ဧ ရာ ဝ တီ တိုင်း ဒေ သ ကြီး လွှတ် တော် တွင် သ ရေ စည် သူ ဦး ဆန်း ဆင့်  မ ရှိ မ ဖြစ် လို အပ် ပါ သည်။ သာ သ နာ ရေး ဝန် ကြီး လုပ် ရန် သ ဘော မ တူ ပါ။

သာသနာရေး ကို အခြား ဝန်ကြီးဋ္ဌာန နှင့် ပေါင်းပေးလိုက်ပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်