Subscribe to our RSS Feed

ဒေါက်တာဆိတ်ဖွား ဘယ်သူလဲ

From : http://www.oppositeyes.info/2013/01/blog-post_6214.html


ဦးခင်မောင်ညို ( ဘောဂဗေဒ)
===================
ဒေါက်တာ ဆိတ်ဖွားက ဆရာပါလို့ ဘယ်သူတွေ ကပြောကြ တာလဲ။ ပြောတဲ့ သူကိုယ်တိုင် ကရော ဒေါက်တာ ဆိတ်ဖွား မဟုတ်ဘူးလို့ ပြောနိုင်လား။ ဆရာက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေကိုမဖြေဘူး။ စိတ်ကို မ၀င်စားဘူးလို့ ပြောထားပြီးပါပြီ။ ဒေါက်တာဆိတ်ဖွားက ဂျာနယ်တစ်စောင်ကို အမြဲတမ်း တိုက်ခိုက်နေ တယ်။ ဆရာက ဒေါက်တာဆိတ်ဖွားဆောင်းပါးတစ်ပုဒ်ကို ထပ်ထည့်မှာစိုးလို့ သူတို့ဘက်က ကြိုပစ်တာ၊ ဖြစ်နိုင် တာတွေက အများကြီးပါ။ အစိုးရဌာနတွေကို အ၀င်အထွက်ရှိတဲ့သူဖြစ်ဖို့များပါတယ်။ သူက သေသေ ချာချာ ရေးတာပါ။မှန်းဆပြီးရေးတာမျိုးမဟုတ်ဘး။ အစိုးရဌာနတွေက ဖြစ်ချင်မှ ဖြစ်မယ်။ အခုမဟုတ် တဲ့လူတော်တော်များများ လည်းအထင်ခံရတယ်။ အထင်ခံချင်နေတဲ့လူတွေလည်းရှိပုံရတယ်။ ရှိပြီးသား အစစ်အမှန်ကတော့ ဘယ်တော့မှ ထွက်လာမယ်မထင်ဘူး။ ဆရာကတော့ အခုချိန်အထိ ကိုယ်မရေးဘူးလို့ ငြင်းရမယ့် ကိုယ်ဝန်မခံရဲတဲ့ ဆောင်းပါးတစ်ပုဒ်မှမရှိဘူး။ တခြားသူတွေ ဘာမှမပြောရဲ တဲ့အချိန် ကတောင် ပြည်ပအသံလွှင့်ဌာနတွေ မေးသမျှ နာမည်အရင်းနဲ့ဖြေခဲ့တာပါ။ အခုချိန်အထိ ခေါ်ပြီးစစ် တာမျိုးလည်းမရှိပါဘူး။ ဆရာအမျိုးသားလွှတ်တော်သွားတာလည်း အစစ်ဆေးခံဖို့ သွားတာ မဟုတ်ပါဘူး။ အမျိုးသားလွှတ်တော်က ဖိတ်ကြားလို့ သူတို့ရဲ့ဆွေးနွေးပွဲကို သွားတက်ခဲ့တာပါ။
မှူးဇော်( သမ္မတရုံး ညွှန်ကြားရေးမှူး)
=====================
ဒီကြားထဲတော့ မ၀င်ပါရစေနဲ့ဗျာ။ ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကိုသာ မေးကြည့်ပါ။
ဒေါက်တာခင်မောင်ညို
====================
အခုနာမည်ထွက်နေတဲ့ ခင်မောင်ညို(ဘောဂဗေဒ)နဲ့ ဒေါက်တာ ခင်မောင်ညို နှစ်ယောင်စလုံး ဒေါက်တာ ဆိတ်ဖွား မဟုတ်ပါဘူး။ ဆိတ်ဖွားက ဘယ်သူဆိုတာ ဆရာသိတယ်။ သူက ဗုဒ္ဒဟူးနံနဲ့စတယ်။ နေပြည်တော် မှာနေတယ်။
ဦးရဲထွဋ်(ပြန်ကြားရေးဒုဝန်ကြီး/နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ)
========================================
အတော့ကို ရယ်ရတဲ့ကိစ္စဗျ။ ဒေါက်တာဆိတ်ဖွားက ကျွန်တော်မဟုတ်တာ သေချာတယ်။ ဘယ်သူ မှန်းတော့ မသိဘူး။ ကျွန်တော်လည်းပေါ်လာတုန်းက ဖတ်နေတာပါပဲ။ အမြဲတမ်းတော့လဲ မဖတ်ဖြစ်ပါဘူး။ လွှတ်တော်မှာ ဆွေးနွေးတယ်ဆိုမှ သွားပြန်ဖတ်ရတာ။ ကျွန်တော်တို့ ကတော့ စုံစမ်းဖို့ မရှိပါဘူး။ သူကတော့ ရေးနေ တာပဲလေ။ အွန်လိုင်းပေါ်မှာဆိုတော့ အမည်ဝှက်တွေအမျိုးမျိုးနဲ့ ရေးနေတာဆိုတော့ ကျွန်တော် တို့လည်း မသိဘူးလေ။ ပြည်ထောင်စု လွှတ်တော်က စုံစမ်းတဲ့အခါသိမှာပဲ။ သေချာတာ တစ်ခုကတော့ ကျွန်တော်လည်းမဟုတ်ဘူး။ ပြန်ကြားရေးက ကျွန်တော့အောက်မှာရှိတဲ့ လူတွေလည်း မဟုတ်တာသေ ချာတယ်။ ကျွန်တော့်ကို ဒေါက်တာဆိတ်ဖွားလို့ပြောတာ ကျွန်တော့အတွက်တော့ ဒီနှစ် အတွက် ရယ်စရာအကောင်းဆုံးပြက်လုံးလို့ပဲထင်ပါတယ်။ ကျွန်တော့ဆီကို ဒေါက်တာ ဆိတ်ဖွား ဆိုပြီး အွန်လိုင်းမှာ ဆက်သွယ်လာတာတော့မရှိသေးဘူး။ အွန်လိုင်းမှာ မက်ဆေ့ခ်ျပို့ပြီး ကျွန်တော်လားလို့ မေးတဲ့လူတွေတော့ ရှိတယ်။
 
 www.MyanmarExpress.net
 

18 comments:

သန်းခြောက်ဆယ်ထဲက လူတစ်ယောက်ဖြစ်မှာပေါ့

ဘာတွေမှန်းလဲမသိဘူး ရှုပ်နေတာပဲ။

ဆိတ်ဖွားကိစ္စ နဲ့ပတ်သက်ပြီးအရေးအဟုတ်တာကို အရာလုပ်နေတဲ့ အမတ်မင်းများမင်းတို့ဘဝင်မတွေ့ မယ့် comment ရေးတဲ့သူတွေ အကုန်လုံးကိုလည်းစုံစမ်းပြီးဖမ်းစစ်ကွာ။အဲလောက်အားနေကြရင်။ တယ်ဒီအမတ်မင်းတွေနဲ့တော့ ရွှေပြည်တော်မျှော်တိုင်းဝေးတော့မှာပဲ။

ဒေါက်တာဆိတ်ဖွားက ဆိတ်မဟုတ်တာတော့သေချာတယ်

လွှတ် တော် က အဲ ဒီ လောက် ဖြစ် နေ ရင် ။ ဆိပ် ဖွား က ပျော် နေ မှာ ။၂၀၁၅ ရွေး ကောက် ပွဲ မှာ ဒီ အ မတ် တွေ ပါ ပါ့  မ လား။

ဒေါက်တာဆိတ်ဖွား ဆိုကတည်းက ပညာရှိလူထူးဆန်းကြီးတစ်ယောက်ဆိုတာ ယုံကြည်ပါတယ်

အော်လူတွေ့လူတွေ

ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာ ကျွန်မ သိပါတယ်၊ အွန်လိုင်းပေါ်မှာ သူရေးတဲ့ ဆောင်းပါးတွေက မဟုတ်မမှန်လုပ်ကြံပြီးရေးထားတဲ့ အချက်တွေများပါရင် တစ်ချက်ချင်း ရှင်းပြပါ။ ဒေါက်တာဆိတ်ဖွား ဘက်ကမှားပြီး လီဆယ်ပြီးရေးထားတဲ့ အချက် တစ်ချက်ကလေးပါရင်တောင်မှ သူဘယ်သူလဲဆိုတာ ၇၅% လောက်ထိဖော်ပြပေးမယ်။ကျန်တဲ့၂၅% ကတော့အလွယ်တကူဖော်ထုတ်နိုင်မှာပါ။

အဲ့ဒီလိုမျိုးရေးနိုင်တဲ့သူတွေအများကြီးပေါ်ထွန်းလာပါစေလို့ မျှော်လင့်ပါတယ် အားပေးပါတယ်

ဒါတွေက အသဲအသန်မဟုတ်ပါဘူး။ကိုယ့်အလုပ်ကိုယ် ကိုယ်လုပ်ရင်ရနေပါပြီ။ ဘာတွေကြောင်နေတာလဲ။

လွှတ်တော်အမတ်များ အရည်မရအဖက်မရ အလုပ်တွေ လုက်နေပြီ တိုင်းပြည်တော့တိုးတက်အုန်းမှာ

မင်းကတော့ဘာလုပ်နေလို့လဲ

လုပ်ချင်တာထက်လုပ်သင့်တာကို သေချာစဉ်းစားပြီးမှလုပ်ကြပါ

အတိုက်အခံရှိမှ တိုးတက်မှာ ပေါ့
တိုင်းပြည် ရဲ့ဥသျောင် အမတ်တွေလုပ်ပြီး

သည်းခံစိတ်မရှိရင် တစ်တိုင်းပြည်လုံး ပြဿနာချည်း
ဖြစ်နေမှာပေါ့။ သည်းခံပါ အမတ်မင်းများ ။

လုပ်စရာတွေမရှိလို့လား?ဒါမှမဟုတ်အဓိကနဲ့ သာမညမခွဲခြား တတ်သေးတာလား?မရင့်ကျက်သေးပါလား လွှတ်တော်ရယ်။

လုပ်စရာတွေမရှိလို့လား?ဒါမှမဟုတ်အဓိကနဲ့ သာမညမခွဲခြား တတ်သေးတာလား?မရင့်ကျက်သေးပါလား လွှတ်တော်ရယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်