Subscribe to our RSS Feed

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်အား နိုင်ငံတကာအဖွဲ့အစည်း (BID) က ဆုချီးမြှင့်

From : hot news

နိုင်ငံတကာအဖွဲ့အစည်းတစ် ခုဖြစ်သည့် Business Initiative Direction (BID) က ရန်ကုန် ကွန်ပျူတာတက္ကသိုလ် (UCSY) ရှိ Natural Language Processing Lab (NLP-Lab) အား၂၀၁၂ ခုနှစ် နိုဝင်ဘာ (၂၄) (၂၅) ရက် တို့တွင် လန်ဒန်မြို့၌ ကျင်းပသော    24 th International Quality Converntion” ၌ ’International Quality Crown Award (2012) ဆုရွေးချယ်ချီးမြှင့်ခဲ့ကြောင်းကြား သိရသည်။
ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ရှိ (NLP- Lab)) ၏ တီထွင်ဖန်တီး မှုများနှင့် လုပ်ငန်းအရည်အသွေး   များမှာInternatianal Quality Crown IQC ၏Quality Change (Qc-100) မှ ချမှတ်ထား   သော အရည်အသွေးမီစီမံခန့်ခွဲမှု ပုံစံ၊ စည်းမျဉ်းစည်းကမ်းများဖြင့် ကိုက်ညီသောကြောင့် IQC Gold Category Award ကိုရရှိခဲ့ ခြင်းဖြစ်သည်။
IQC Award  အတွက် စပိန် နိုင်ငံမက်ဒရစ်မြို့တွင် အခြေစိုက်  သောစနစ်များမှာ ပြည်တွင်းပြည်ပ  ရှိနယ်ပယ်ကဏ္ဍအသီးသီးမှ အဖွဲ့  အစည်းများနှင့် ကုမ္ပဏီကြီးများ အနေဖြင့် သက်ဆိုင်ရာလုပ်ငန်း များတွင် ဈေးကွက်ရှယ်ယာနှင့် အမြတ်အခွန်များစွာရရှိအောင် ထူးချွန်စွာလုပ်ဆောင်နိုင်ခြင်း၊ လုပ်ငန်းအားရေရှည်တည်တံ့အောင် လုပ်ဆောင်နိုင်ခြင်း၊ ရလဒ်ကောင်း  များရရှိစေရန် စွမ်းစွမ်းတမံလုပ် ဆောင်နိုင်ခြင်းစသည့် စံသတ်မှတ်   ချက်များအပြင် အရည်အသွေး  ကို  အဓိကထားသော အဖွဲ့အစည်း    ဖြစ်ခြင်း၊ သုံးစွဲသူစိတ်ကြိုက်ဖြစ် စေရန် ရည်ရွယ်ခြင်း၊ လုပ်ငန်းခွင် ကျေနပ်မှုရရှိစေခြင်း၊ နည်းပညာ  ရပ်များဆန်းသစ်မှုရှိခြင်း၊ မရှိမဖြစ်  အသုံးဝင်သောစနစ်ဖြစ်ခြင်း၊ လူမှုဝန်းကျင်တွင် ဦးဆောင်မှုပြု နိုင်ခြင်း၊ စီးပွားရေးနယ်ပယ်တွင်  အကျိုးအမြတ်အများဆုံးရရှိရန်  အလေးထားဆောင်ရွက်ခြင်းစသည့်  အရည်အသွေးအချက်အလက်များ  ဖြင့် သတ်မှတ်ရွေးချယ်ခြင်းဖြစ် သည်။
ရန်ကုန်ကွန်ပျူတာတက္ကသိုလ် မှ နိုင်ငံတကာအဆင့်မီအပြည် ပြည်ဆိုင်ရာအရည်အသွေးစံချိန်   မီရွှေသရဖူဆုထူးထူးချွန်ချွန်ရရှိ ခြင်းသည် ပွဲဦးထွက်ခြေလှမ်းဖြစ် ပြီး နိုင်ငံတကာအဖွဲ့အစည်းများ  ၏ အသိအမှတ်ပြုလေးစားခြင်းရရှိ မည်ဖြစ်သလို ရန်ကုန်ကွန်ပျူတာ  တက္ကသိုလ်၏ကောင်းသတင်းမှာ လည်း နိုင်ငံတကာIT နယ်ပယ် တွင် ပျံ့လွင့်လာမည်ဖြစ်ကြောင်း၊ မိမိတို့၏ ကွန်ပျူတာတက္ကသိုလ်မှ နှစ်စဉ်မွေးထုတ်ပေးလျက်ရှိသော IT ဘွဲ့ရကျောင်းသားကျောင်းသူ များ၏ အသိပညာ၊ အတတ်ပညာ  အဆင့်အတန်းနှင့် အရည်အသွေး  များကို နိုင်ငံတကာမှ အသိအမှတ်  ပြုလာရုံသာမက မိမိနိုင်ငံတော်  တိုးတက်ဖွံ့ဖြိုးမှုနှင့် အတူအရည် အသွေးစံချိန်စံညွှန်များရေရှည်တိုး တက်ခိုင်မြဲရေးအတွက်IT နည်း ပညာနှင့် ထုတ်လုပ်မှုများကို တိုးတက်လုပ်ဆောင်နိုင်လာမည်  ဖြစ်ကြောင်း ရန်ကုန်ကွန်ပျူတာ   တက်္ကသိုလ်၊ သုတေသနနှင့် တီထွင်  ဖွံ့ဖြိုးရေးဌာနမှ ကြားသိရသည်။

 www.MyanmarExpress.net
 
11 comments:

GTC ပညာ ရေး ကို ဆန်း စစ် ကြပါ အုးံ လို့ ပြော လဲ ဘယ် သူ မှ မ ဖတ် ကြ ဘူး ထင် ပါ တယ်

မင်းကလည်းကွာကိုယ့်ဘာသာလည်းစာကြိုးစားအုံးမှပေါ့ကွာBEဘွဲ့လိုချင်ရင်BEဘွဲ့ရအောင်ထိုက်ထိုက်တန်တန်တော့ကြိုးစားအုံးမှပေါ့အရည်အချင်းတကယ်မရှိဘဲBEဘွဲ့ပေးလိုက်တော့ကောဘာမှမလုပ်တတ်ပဲနဲ့ဘယ်နေရာသွားသုံးစားမှာလဲကွာအရေအတွက်ထက်အရည်အချင်းရှိတဲ့
အင်္ဂျင်နီယာတွေမွေးထုတ်နိုင်မှတိုင်းပြည်အတွက်လည်းကောင်းတော့မှာပေါ့

ဒီလို ရှိ တယ် လေ ၈၅ ယောက် ဖြေ တာ B TEST 2 မှာ လေ BTEST 2 မှာ က အ ကျ ရယ် အ အောင် ရယ် အောင် ပြိး စ တား ပါ တာ ရယ် ရှိ တယ် အောင် ယုံ အောင် တော့ ဘာ မှ ကို လုပ် လို့ မ ရ လို့ ပါ ကွာ ကျ တာ က မှ ဆက် ပြိး ကျောင်း တက် ပြိး BE ဆက် ဖြေ လို့ ရ တယ် အောင် ရုံ အောင် တော့ ဘ ဝ ကို ပျက် တာ ပါ ကွာ ပြန် ပြိး လေ့လာ ကြ ပါ အုးံ နော်

၁၀တန်းစာမေးပွဲလိုပဲပေါ့ကျလို့ပြန်ဖြေတဲ့သူကအမှတ်ကောင်းကောင်းနဲ့အောင်ရင်လိုင်းကောင်းကောင်းရတယ်လေတစ်ချို့၁၀တန်းစာမေးပွဲမှာအားမရတဲ့ဘာသာရှိရင်အမှတ်မကောင်းမှာစိုးလို့တမင်အကျခံပြီးနောက်တစ်နှစ်ထပ်ဖြေကြတာတွေရှိတယ်လေ...တစ်နှစ်ထဲနဲ့အောင်ပြီးအမှတ်မကောင်းရင်တော့လိုင်းကောင်းကောင်းမရဘူးပေါ့
အဲ့ဒီသဘောပါပဲ...ညီလေးကိုအကြံတစ်ခုပေးချင်တာကမဖြစ်နိုင်တော့တဲ့ကိစ္စတစ်ခုကိုအချိန်ကုန်ခံပြီးဝမ်းနည်းမနေပါနဲ့တော့...လက်ရှိအနေအထားနဲ့အကောင်းဆုံးဖြစ်အောင်ဘယ်လိုလုပ်မလဲလို့စဉ်းစားပါBEဘွဲ့မရရင်လည်းဘဝကိုအရှုံးပေးစရာမလိုပါဘူးလောကမှာအောင်မြင်နေတဲ့လူတွေအားလုံးကBEဘွဲ့ရထားတဲ့လူတွေမဟုတ်ကြပါဘူးBEဘွဲ့ရပြီးtaxiမောင်းဈေးရောင်းနေကြရတဲ့လူတွေအများကြီးပါ

ပြန် ပြိး စီစစ် ကြ ပါ အုးံ ဟို မ ရောက် ဒီ မ ရောက် ဇော် ဂျီ ကန့် လန့် ပါ ကွာ ကျ တာ နဲ့ အောင် ရုံ အောင် တာ နဲ့ ရှင် ကြည့် ရင် ကျ တာ က မှ ကောင်း သေး တယ် အောင် ရုံ အောင် ရင် ကျောင်း ဆက် တက် လို့ လဲ မ ရ ပါ BE ဘွဲ့ အ တွ က် ဆက် တက် စ ရာ မ ရှိ တော့ ပါ ရှင် ကြည့် ကြ ပါ ကျ ကောင် သ လား အောင် ရုံ အောင် တာ ကောင်း သ လား လို့ ပေါ့

GTC ပညာ ရေး က ခက် တယ် စာ မေး ပွဲ ဖြေ ဘို့ အ တွက် တ ဘာ သာ ကို အ ဂ င်္ လိပ် လို အ ပုတ် ပေါင်း ၂၅ ပုတ် လောက် ကျက် မှတ် ရ တာ ပါ ဘာ သာ က ၉ ဘာ သာ ရှိ တယ် အ လွန် ခက် ပါ တယ် တက္ကသိုလ် တွေ နဲ့ လုးံ ဝ မ တူ ပါ ကီူး စား ပြိး ဖြေ တာ ပါ ဘဲ အောင် ရုံ အောင် မယ် မှန်း သိ ရင် စာ ဖြေ နေ တုးံ တ ဘာ သာ လောက် ကို ခြစ် ပစ် ခဲ့ မှာ ပေါ့ GTC ပညာ ရေး ဟာ အ မှတ် ကောင်း မှ တက် လို့ ရ တာ ပါ 4 0 1 ရ ပါ တယ် အဲ ဒီ အ မှတ် နဲ့ GTC တက် တာ ပါ GTC ပညာ ရေး ကို ပြန် ဆန်း စစ်း ပါ အုးံ အောင် ရုံ အောင် တဲ့ ကျောင်း သာ တွေ မှာ နစ် နာ လှ ပါ တယ် နောက် ပြိး တ နှစ် နဲ့ တ နှစ် BE ခေါ် ပုံ ခြင်း မ တူ ပါ လေ့ လာ ကြည့် ကြ ပါ အုးံ ဗျာ

စာမေးပွဲအောင်ဖို့အတွက်တစ်ဘာသာကို၂၅ပုဒ်လောက်ကျက်ရတယ်ဆိုရင်စာမေးပွဲကလွယ်လွန်းအားကြီးနေတဲ့အပြင်သဘာဝလည်းမကျပါဘူးအရည်အချင်းပြည့်ဝတဲ့အင်္ဂျင်နီယာတွေလည်းဘယ်လိုမှဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး....GTCပညာရေးစံနစ်မလုပ်ခင်1998ခုနှစ်လောက်ထိစံနစ်ဟောင်းနဲ့ပညာသင်ခဲ့ကြရဘူးတဲ့RIT,YIT,YTUခေတ်ကျောင်းသားတွေအတွက်တော့ရယ်စရာတောင်ကောင်းနေသေးတယ်...အင်္ဂျင်နီယာစာမေးပွဲဆိုသည်မှာစာအလွတ်ကျက်ပြီးဖြေရခြင်းလုံးဝမဟုတ်ပါunseenပုဒ်စာများကိုတွက်
ချက်ဖြေဆိုရခြင်းဖြစ်ပါသည်ပြဌာန်းချက်စာအုပ်များမှပုဒ်စာများကိုမေးယိုးထုံးစံလုံးဝမရှိပါopen bookခေါ်မိမိနှစ်သက်သည့်စာအုပ်စာတမ်းများကိုစာမေးပွဲဖြေဆိုသည့်အချိန်တွင်ယူဆောင်လာ၍ဖြေဆိုခွင့်ပြုသည့်ဘာသာရပ်စာမေးပွဲများပင်ရှိသော်လည်းဖြေဆိုနိုင်ရန်လုံးဝမလွယ်ကူသည့်unseenပုဒ်စာများဖြစ်လေသည်လက်တွေ့လုပ်ငန်းခွင်တွင်အင်္ဂျင်နီယာတစ်ယောက်မှာဘယ်သောအခါမှပြဌာန်းချက်စာအုပ်ပါပုဒ်စာများကိုတွက်ချက်ရလိမ့်မည်မဟုတ်ဘဲunseenခေါ်တစ်ခါမှမမြင်ဘူးသည့်အသစ်အဆန်းများဖြင့်သာကြုံတွေ့ရမည်ဖြစ်ပါသည်ပြဌာန်းချက်စာအုပ်များမှtheoryများနှင့်စဉ်းစားမျှော်မြင်တွက်ချက်နိုင်မှုများရရှိနိုင်ရန်သာအားထားလေ့လာရမည်ဖြစ်ပါသည်စာမေးပွဲအောင်၍အင်္ဂျင်နီယာဘွဲ့ရယုံနှင့်အင်္ဂျင်နီယာအလုပ်ဖြင့်အသက်မွေးဝမ်းကြောင်းမှုမပြုနိုင်ပါအမှန်တကယ်တတ်ကျွမ်းနားလည်ဖို့လိုအပ်ပါသည်...ဆရာဝန်တစ်ယောက်၏ညံ့ဖျင်းမှုကြောင့်တစ်ချိန်တွင်လူတစ်ယောက်သာသေစေနိုင်ပါသည်အင်္ဂျင်နီယာတစ်ယောက်ညံ့ဖျင်းလျှင်ကားတစ်ချိန်တွင်လူအမြောက်အများကိုသေစေနိုင်လေ၏ ထို့ကြောင့်တကယ်သိတကယ်တတ်တကယ်တော်အောင်ကြိုးစားကြစေလိုပါသည်

right,i agree your comment

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်