Subscribe to our RSS Feed

ကေအိုင်အေသောင်းကျန်းသူများမှ ကြက်လျှာစွန်းအုတ်ခုံအား မိုင်းထောင်ဖောက်ခွဲ ကေအိုင်အေသောင်းကျန်းသူများမှ ကြက်လျှာစွန်းအုတ်ခုံအား မိုင်းထောင်ဖောက်ခွဲ

From : ရဲဇာနည်

၃-၁-၂၀၁၃ ရက်နေ့ ၂၃၁၀ အချိန် ကချင်ပြည်နယ်၊ မိုးမောက်မြို့၊ ကြေးနန်းရပ်ကွက် ဗန်းမော်-မြစ်ကြီးနား သွားကားလမ်း မိုင်တိုင်(၃၇၈/၃)နှင့် (၃၇၈/၄)အကြား ကြံခင်းရွာသွား ကားလမ်းခွဲအနီးရှိ ကြက်လျှာစွန်းအုတ်ခုံအခြေတွင် ကေအိုင်အေသောင်းကျန်းသူများ ထောင်ထားသော ကြီးကြပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့၍ ကြက်လျှာစွန်း အုတ်ခုံမှာ ၂ ပေခန့် ကွဲကြေပျက်စီးသွားခဲ့ပြီး ၄င်းနေရာ၏ အနောက်တောင်ဘက် ကိုက်(၁၀၀)ခန့်အကွာ ဗန်းမော်-မြစ်ကြီးနား သွားကားလမ်း၊ လမ်းယာဘက်ရှိ လူနေထိုင်ခြင်း မရှိသည့် ဒေါ်မြင့်ကြည်၏ နေအိမ်ဝင်းအတွင်း အိမ်ဆောက်ရန် အုတ်မြစ်ချထားသည့် အုတ်ခုံ၏ ယာဘက် ထောင့်တွင် ကေအိုင်အေသောင်းကျန်းသူများ ထောင်ထားသော ကြီးကြပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့သဖြင့် အုတ်ခုံ၏ ကျင်တွယ်တိုင်(၁)တိုင် ကွေးညွတ် ပျက်စီးသွားခဲ့ပြီး လူ/ယာဉ် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သတင်းရ ရှိသည်။ 

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်