Subscribe to our RSS Feed

ကားနံပါတ်များ အင်္ဂလိပ်အက္ခရာ ပြောင်းရန်စီစဉ်

From : 7day

လက်ရှိ မောင်းနှင်နေသည့် မြန်မာအက္ခရာနံပါတ် ကားများအား အင်္ဂလိပ်အက္ခရာသို့ပြောင်းရန်စီစဉ်နေပြီဖြစ်ကြောင်း သမ္မတ
ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းကပြောသည်။

“စည်းကမ်းမဲ့ မောင်းနေတဲ့ ယာဉ်တွေကို ဖမ်းဖို့အတွက် တပ်မယ့်စက်တွေက မြန်မာအက္ခရာကို မသိဘူး။ ဒါကြောင့် အင်္ဂလိပ်
အက္ခရာပြောင်းဖို့ လုပ်ရတာ” ဟု ၀န်ကြီးဦးစိုးသိန်းကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလဆန်းမှစ၍ အငှားယာဉ်အဖြစ် အသုံးပြုသော ယာဉ်များအား AA အက္ခရာဖြင့် နံပါတ်များ စတင် ထုတ်ပေးခဲ့သည်။

“အာဆီယံ ပုံစံနမူနာယူပြီး တင်ပြထားတာ၊ ပြည်နယ်တိုင်းဒေသကြီး အမည်ကိုရှေ့ကထည့်မလား၊ နောက်ကထည့်မလား အကြံဉာဏ်တောင်းထားတယ်” ဟု ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောသည်။

မကြာသေးမီရက်ပိုင်းကစ၍ ရန်ကုန်မြို့အတွင်း စည်းကမ်းမဲ့ မောင်းနှင်နေသော ကားများ အား အရေးယူရန်အတွက် ယာဉ်
ထိန်းရဲအင်အား တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် မောင်းနှင် နေသော မော်တော်ယာဉ်စီးရေ လေးသိန်းခန့်နှင့် ဆိုင်ကယ်စီးရေ ၂၃ သိန်းခန့်ရှိကြောင်း ကုန်း လမ်းပို့ဆောင်ရေး ဦးစီးဌာနမှ မကြာသေးမီ ရက်ပိုင်းက ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။


 www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်