Subscribe to our RSS Feed

ဒီမိုကရေစီရှင်သန်ရေးနှင့်ဖွဲ့စည်းပုံပြင်ဆင်ရေးကွာခြားချက်



၂၀-၃-၂၀၁၄

လူထုကြားမှာ ယခုထက်တိုင် နားမလည်နိုင်သေးသော ဒီမိုကရေစီဆိုတာကို နားလည်အောင်ပြောပေး နိုင်ခြင်း မရှိဘဲ ၊ အခြေခံဥပဒေ ပြင်ဆင်ရေးကိုသာ ဇောင်းပေး လုပ်ကိုင်နေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နောက် လိုက်တစ်သိုက်တို့အား ရည်ညွှန်းပြောဆိုလိုပါသည်။ 
အမှန်တစ်ကယ်လူထုလိုလားသည်မှာ စစ်မှန်သော ဒီမိုကရေစီစနစ်သာဖြစ်ပါသည်။ 

ဒီမိုကရေစီဆိုတာကို ဆောင်ကြဉ်းလာသော ဒေါ်အောင်ဆန်းစုကြည်အား ထိုစနစ်အမှန်တစ်ကယ် ပေါ်ပေါက်ရေးအတွက် အားကိုး သည်ကားမှန်ပါသည်။ သို့သော် ထိုစနစ်ကိုအခြေခံ၍ နိုင်ငံတော်သမ္မတ ဖြစ်စေရပါမည်လို့ ပြည်သူလူထုမှ အာမခံချက်ပေးထားခြင်းမျိုးမဟုတ်ပါ။ ထို့ကြောင့် နားမလည်သေးသော ဒီမိုကရေစီစနစ် လမ်းကြောင်းပေါ်ကို အမှန်တစ်ကယ်ရောက်ရှိသွားမှသာလျှင် ပြည်သူလူထုမှ ဆိုးမွေ၊ကောင်းမွေ မှန်းဆနိုင်ပြီး သမ္မတနေရာကို ရွေး ချယ်နိုင်မည်ပဲဖြစ်ပါတယ်။ 
အခြေခံဥပဒေကို တွင်တွင်ငြင်းဆိုပြီး ထိုအခြေခံဥပဒေပြင်မှ ဒီမိုကရေစီရရှိနိုင်မည်ဟူသော ဝေါဟာရ တစ်ချို့ မှာ မမှန်ကန်ပေ။ ကျွန်တော်တို့အားလုံး ဒီမိုကရေစီဆိုတာကို ရရှိထားပြီးဖြစ်သောကြောင့်ဖြစ်ပါသည်။ ယခု ကာလမှာ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းဆဲ ကာလဖြစ်သဖြင့် ကျွန်တော်တို့ မျှော်မှန်း ထားသလို နေ့ချင်း၊ ညချင်း ဖြစ်လာနိုင်ဦးမည်တော့ မဟုတ်သေးပေ။ နိုင်ငံတစ်ခုရဲ့ ဒီမိုကရေစီအသွင်ကူး ပြောင်းရေးမှာ အဆင့် ၄ (လေး)ဆင့်ကို ကျော်ဖြတ်ရပေဦးမည်။ အဆင့်တစ်ခုနှင့်တစ်ခု ကြားမှာ နိုင်ငံတစ်နိုင်ငံ ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေ၊ အသင်းအဖွဲ့တွေ၊ ကျောထောက်နောက်ခံတွေကြောင့် ကြာကောင်းကြာ နိုင်လိမ့်မည်။ 

ထိုအချက်အရာများအားလုံးသည်လည်း ပြည်သူလူထုနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းတွေအပေါ် မှာ မူတည်နေပေသည်။ 
ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အဆင့်လေးဆင့်ရှိပါသည်။

(က) အသွင်ကူးပြောင်းမှုစတင်ခြင်း
(ခ) လွတ်လပ်မှုများစတင်ခွင့်ပြုခြင်း
(ဂ) ဒီမိုကရေစီနစ်သို့ကူးပြောင်းခြင်း
(ဃ) ဒီမိုကရေစီနစ်ကိုခိုင်မြဲအောင်တည်ဆောက်ခြင်း တို့ပဲဖြစ်ပါတယ်။ 

ဒီလုပ်ငန်းစဉ်တွေက တစ်ခု ပြီးမှ တစ်ခုလုပ်ဆောင်ရမယ့် အရာတွေမဟုတ်ပါဘူး အသွင်ကူးပြောင်းနေဆဲကာလမှာ လွတ်လပ်မှုများကို
စတင်ဖြေလျော့နေရာမှာဖြစ်ပြီး ဒီမိုကရေစီကူးပြောင်းခြင်းနဲ့ ဒီမိုကရေစီစနစ်ကိုခိုင်မြဲအောင် တစ်ပါတည်း လုပ် ကိုင်ဆောင်ရွက်နေရမှာပဲဖြစ်ပါတယ်။

မိမိတို့အနေဖြင့်လည်း အထက်ပါ လေးချက်ကို သိရှိနားလည်ပြီး မိမိကျရာအခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှား မယ်ဆိုရင်ဖြင့် မိမိတို့လိုလားသော ဒီမိုကရေစီအသွင်ကို အမြန်ဆုံး ကူးပြောင်းနိုင်မှာပဲဖြစ်ပါတယ်။ ယခု မြန်မာ နိုင်ငံတွင်ဖြစ်ပေါ်နေသော ပဋိပက္ခများသည် ပြည်သူတွေအမြင်မှာ အစိုးရမှ ကြိုးကိုင်နေသယောင်ယောင် ထင်ယောင်ထင်မှားဖြစ်အောင် ပြည်တွင်း၊ပြည်ပ မီဒီယာများမှ ထိုးနှက်ဆောင်ရွက်လာသည်။ မြန်မာနိုင်ငံရဲ့ ရှေ့ခရီးစဉ်တိုင်းကို အဖျက်အမှောက်လုပ်ငန်းများဖြင့် ဆောင်ရွက်ခဲ့သည်မှာ သီအိုရီတစ်ခုလိုဖြစ်နေပြီ ဖြစ်တဲ့ အတွက် ပြည်သူများအနေဖြင့် မည် သည့်ထိုးနှက်ချက်ကိုမျှ နားမယောင်ဘဲ လက်ရှိအစိုးရအပေါ်မှာ ယုံစား သင့်ပေသည်။ ဒီမိုကရေစီဆိုသည်မှာ အစိုးရနှင့် ပါတီစုံမှ ကိုယ်စားလှယ်များက လမ်းကြောင်းထိန်းပေးယုံမျှသာ လုပ်ဆောင်၍ရပြီး အမှန်တစ်ကယ် မိမိကိုယ်တိုင် အစိုးရနှင့် ပူးပေါင်းပါဝင်ရမည်ဖြစ်ပါသည်။ ယခင်ခေတ်ကလို အစိုးရကို ယုံစားမှုမရရှိသေးသ၍ မိမိတို့လိုချင်နေသည့် စနစ်နှင့် အချိန်ကြာမြင့်စွာ သွေဖီနေဦးမည်ဖြစ်သည်။ 
ဒီမိုကရေစီအရေးမှာ ၅၉ (စ)လည်းမလိုပါ၊ ၅၉ (ဃ)လဲမလိုပါ ။ အမှန်တစ်ကယ် လိုလားသည်မှာ ဒီမိုကရေစီ အနှစ်သာရပဲ ဖြစ်ပါသည်။ 

ထို့ကြောင့် ပြည်သူတွေ သိမြင်ထားကြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆို သည်မှာ လူတစ်ဦးတစ်ယောက်အတွက် ရည်ညွှန်းနေတာဖြစ်ပြီး မြန်မာနိုင်ငံရှိ သန်း ၆၀ သော ပြည်သူလူထု အတွက် မဟုတ်ပေ။ ထို့ကြောင့် မိမိမှ ဒီမိုကရေစီအစစ်အမှန် ရလိုလျှင် မိမိမှာလည်း ဒီမိုကရေစီအသိရှိဖို့လို အပ်ပေသည်။ အဆင့်တစ်ဆင့်ချင်းစီမှာ ပြည်သူလူထုနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ ဟန်ချက် ညီညီ လုပ်ကိုင်နိုင်မှသာလျှင် မိမိတို့မျှော်မှန်းသော ဒီမိုကရေစီစနစ်ကို အချိန်တိုအတွင်းမှာ ပြည်သူများ ခံစား၊ စံစား နိုင်မှာဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ 

Credit - ငြိမ်းဝင်းကျော်

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်