Subscribe to our RSS Feed

ငြိမ်းချမ်းရေးဟာ အရေးအကြီးဆုံး ဖြစ်တယ်လို့ ဦးသိန်းစိန်ပြော

From : https://www.facebook.com/photo.php?fbid=1473026292926014&set=a.1405628046332506.1073741828.100006559726470&type=1&theater

 
မနှစ်က ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် အစိုးရ၊ KIA/ KIO အပါအဝင် ဒေသခံ 
ပြည်သူတွေပဲ သေကြေ ဒုက္ခရောက်ကြရတာဖြစ်ပြီး ဘယ်သူကြောင့်ဆိုပြီး အပြစ်ပြောဖို့ထက် ဝမ်းနည်းမိပြီး သင်ခန်းစာယူဖို့သာဖြစ်တယ်လို့ ကချင်ပြည်နယ်ရောက် သမ္မတ ဦးသိန်းစိန်က ပြောလိုက်ပါတယ်။ 

မတ်လ ၁၆ ရက်နေ့က မြစ်ကြီးနားမြို့မှာ ကချင်ဝတ်စုံနဲ့ မိန့်ခွန်းပြောနေတဲ့ သမ္မတ ဦးသိန်းစိန်၊ 

ဓာတ်ပုံ- ဦးရဲထွဋ် ဖေ့စ်ဘုတ်

ဦးရဲထွဋ် ဖေ့စ်ဘုတ် ပေါ်က သမ္မတရဲ့ ပြောကြားချက်များထဲက ကောက်နုတ်ချက်များ .. 

"တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲပြီးရင်တိုင်းရင်းသားအားလုံး နှစ်ပေါင်းများစွာ တောင့်တနေတဲ့ နိုင်ငံရေး
စားပွဲဝိုင်းကို ဆက်တိုက်သွားတော့မှာဖြစ်ပါတယ်။ 

ဒီကနေ့ တစ်နိုင်ငံလုံးက စိတ်ဝင်စားနေတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်မှာ ကျွန်တော်တို့ရဲ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ၊ နိုင်ငံရေး ပြဿနာတွေကို အဖြေရှာတဲ့ စားပွဲဝိုင်းတွေက ထွက်ပေါ်လာမယ့် တိုင်းရင်းသားတွေရဲ့ လိုလားချက်၊ တောင်းဆို ချက်တွေကို ချန်လှပ်မထားဖို့ ကျွန်တော်ကိုယ်တိုင်လည်း မိန့်ခွန်းတွေမှာ ထည့်သွင်း ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ KIO-KIA သာမဟုတ်ဘဲ ဘယ်သူမှ ကျန်ရစ်ခဲ့လို့ မရပါဘူး။ အားလုံးပါဝင်ဖို့၊ အားလုံး ပါဝင်ခွင့်ရရှိဖို့ သိပ်ကို အရေးကြီးပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော်တို့အနေနဲ့ အားလုံးပါဝင်တဲ့
ဆွေးနွေးပွဲတွေကို အရှိန်အဟုန် မြှင့်တင်ပြီး ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပြည်ထောင်စုကြီးရဲ့ တစ်မိုးအောက်မှာ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ကြရတဲ့ သန်း(၆၀)သော ပြည်သူအားလုံး အတွက် ငြိမ်းချမ်းရေးဟာ ပထမ၊ ငြိမ်းချမ်းရေးဟာ ဒုတိယ၊ ငြိမ်းချမ်းရေးဟာ တတိယ ဖြစ်ပါတယ်။ 

ကျွန်တော်တို့ခေတ်၊ ကျွန်တော်တို့ လက်ထက်မှာ ကချင်ပြည်နယ်ကြီး အပါအဝင် တစ်နိုင်ငံလုံး ငြိမ်းချမ်းသွားတာ မြင်ချင်ပါတယ်။ အနာဂတ် မျိုးဆက်သစ်တွေအတွက် ငြိမ်းချမ်းသာယာတဲ့ ကချင်ပြည်နယ်ကြီးကို လက်ဆောင်အဖြစ် ပေးခဲ့ချင်ပါတယ်။ "
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်