Subscribe to our RSS Feed

ကေအိုင်အေ ဗိုလ်ချုပ်ဂွမ်းမော် အား ဘွမ်ဝမ်လရော် ရဲ့ အမိန့်အရ ဖမ်းချုပ်ထားရာမှ ပြန်လည်လွှတ်ပေးခဲ့ပြီဟုသိရ




 ဖမ်းချုပ်ထားရမှ ပြန်လည် လွတ်မြောက်လာသည့် ဂွမ်းမော်အား ယိုးဒယားတွင် တွေ့ရစဉ်

  ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အစိုးရနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန်ဆန္ဒပြင်းပြနေသည့် KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်အား အင်ဘန်လမှ ပြီးခဲ့သော မတ်လ (၆) ရက်နေ့မှစကာ အကျယ်ချုပ်ချထားခဲ့တာ ဖြစ်ပြီး ၊ ထိုသို့ ဖမ်ချုပ်ထားမှု အပေါ် အောက်ခြေတပ်သားတွေနဲ့ ကချင်လူမျိုးစုတွေက ကျေနပ်မှု မရှိပဲ တောင်းဆို ဆန္ဒပြမှု တွေနဲ့ ကြုံခဲ့ရတယ်လို သိရပါတယ်။ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မြစ်ကြီးနားကို ဂွမ်မော်တို့ အဖွဲ့လာတော့ ပြည်သူတွေက KIA အလံတွေ နဖူးစီးတွေနဲ့ အုတ်အော် သောင်းနင်း ကြိုဆိုခဲ့ကြပြီး အထက်ပါအချိန်ကတည်းက
ငြိမ်းချမ်းရေးလိုလားသည့် ဂွမ်မော်အား ထောက်ခံသူများပြားလာသည့်အပေါ် အင်ဘန်လက သဘောမကျခဲ့ရာက စခဲ့တယ်လို့ သတင်းများလည်း ထွက်ပေါ်ခဲ့ပါသည်။
    အင်ဘန်လ မှ ဂွမ်မော်ကို  အရင် ဥက္ကဌဟောင်း ဖြစ်တဲ့ ဘရန်ဆိုင်းလက်ထပ်မှာ ချမှတ်ခဲ့တဲ့ စည်းကမ်းတွေကိုဂွမ်မော် ချိုးဖောက်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းချုပ်ခဲ့တာဖြစ်တာလို့ ဆိုပါသည်။အသေးစိတ်မေးမြန်းရာမှာတော့ ကေအိုင်အေ အနေဖြင့်  ဗိုလ်ချုပ်ဂွမ်မော်က အစိုးရ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတာတွေဟာကေအိုင်အေရဲ့မူဘဘူတ စည်းကမ်းချက်တွေကို ချိုးဖောက်ရာကြတယ် ဟု ဆိုပါသည်။ထိုချိုးဖောက်မှု စည်းကမ်းချက်တွေ မှာ ပါဝင်ပြဌာန်းချက်တွေ အရ သေဒဏ် ပေးအပ်သွားနိုင်တယ်လို့လည်း သိရပါသည်။
    ကေအိုင်အေ မှ ဂွမ်မော်ကို အင်ဘန်လ က  ဖမ်းချုပ်ထားမှု မှာ ကေအိုင်အေ အထက်ပုဂ္ဂိုလ်ကြီးတွေ ထိအောင် ဂရိုက်ယက်ခတ်မှုတွေ ရှိလာတာမို့  ဘွမ်ဝမ်လရော် ကိုယ်တိုင် တရုတ်နိုင်ငံ၊ ကူမင်းကနေ လိုင်ဇာအထိ လာရောက်ပြီး  အင်ဘန်လကို တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး အချိန်အတော်ကြာ ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ရတယ်လို့ဆိုပါတယ်။ဒီညှိနှိုင်းမှုတွေမှာ ဘွမ်ဝမ်လရော် ဘက်မှ ပေးအပ်ရတာတွေ ရှိသလို အင်ဘန်လ ဘက်မှလဲ ဂွမ်မော်ကို သေဒဏ်ကနေ လွတ်ပေးပြီး မူလတာဝန် နဲ့ ရာထူးတွေ ပြန်လည်အပ်နှင်းဖို့ သဘောတူခဲ့ကြတာဖြစ်ပါသည်။
    ကေအိုင်အေ ရဲ့ ရာထူးကြီး အဆင့်ရှိတဲ့ ဂွမ်းမော်ကို အင်ဘန်လက ဖမ်းချုပ်ထားတဲ့သတင်းတွေကို ပြည်တွင်းမီဒီယာတွေ ဆက်သွယ်မေးမြန်းတဲ့ အပေါ်မှာတော့.. ဂွမ်မော် နေမကောင်းလို့ ဆေးသွားကုနေကြောင်း သာဖြစ်တယ်လို့ ဆိုပြီး ဘာရောဂါကြောင့်လည်းဆိုတာတော့ ဘယ်သူမှ မမေးမြန်းသလို သတင်းလည်း မထုတ်ပြန်ခဲ့ပါဘူး။
    ယခုလက်ရှိတော့  ဂွမ်မော် ကို အင်ဘန်လ ဟာ မူလ ရာထူးများ ပြန်လည် အပ်နှင်းပြီး တာဝန်ထမ်းဆောင် စေဖို့ ဖမ်းချုပ်ထားရာကနေ လွတ်မြောက်ခွင့်ပေးလိုက်ကြောင်းသိရပါတယ်။ဒါပေမယ့် အစိုးရ တပ်မတော် နဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှု တွေ ဆက်လက်ပြုလုပ်နေမယ် ဆိုရင်တော့ အချိန်မရွေး ပြန်လည်ဖမ်းချုပ်သွားမှာ ဖြစ်တယ်လို့သတိပေးစကား လည်း ပြောကြားခဲ့တယ်လို့ သိရပါသည်။


The Daily Star

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်