Subscribe to our RSS Feed

ဗိုက်သားလှဖို့ ပထမ

From : ရိုးရာလေး       


ကျွန်တော်တို့တဖြည်းဖြည်းနဲ့ သဘောပေါက်လာကြပါပြီ။ နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ ခင်လပြည့်ဇော် နောက်ဘယ်သူလာဦးမလဲ။ နိုင်ငံတကာစံနှုန်းနဲ့ ချိန်ထိုးကြည့်ရင် ဗိုက်သားလှဖို့က ရှေ့တန်းကိုရောက်လာခဲ့တာ သိသိသာသာပါပဲ။ ကိုရီးယားမင်းသမီးတွေကိုကြည့်ရင်လည်း ဒီအချက်ကို သိသိသာသာမြင်တွေ့ရမှာပါ။
ပုံမှန်အတိုင်းဆိုရင်တော့ ကျွန်တော်တို့ဟာ တင်ဘယ်လောက်လှလဲ၊ ရင်ဘယ်လောက်လှလဲဆိုတာကိုပဲ တခုတ်တရပြောဆိုတတ်ကြပါတယ်။ ဒါပေမဲ့ တင်နဲ့ရင် ဘယ်လောက်လှသလဲဆိုတာကို မီးမောင်းထိုးပြတဲ့ လှပတဲ့ဗိုက်သားရဲ့စေ့ဆော်မှုကိုတော့ လျှော့တွက်တတ်ကြပါတယ်။

အံသြစရာကောင်းတာကတော့ တင်နဲ့ရင် ဘယ်လောက်လှလှ ဗိုက်သားမလှဘူးဆိုရင် လှသမျှတင်တွေရင်တွေ သဲထဲရေသွန်ဖြစ်တော့တာပါပဲ။ ထိုးပြစရာမီးမောင်းမရှိတော့ရင် လှသမျှတွေ မမြင်နိုင်တော့သလိုမျိုး ဗိုက်သားမလှရင်လည်း တင်နဲ့ရင်ရဲ့အလှတွေ ပေါ်လွင်နိုင်မှာ မဟုတ်တော့ဘူးလို့ ထင်ပါတယ်။

ဒါကြောင့် ဗိုက်သားလှဖို့ ပထမလို့ OMG လွတ်တော်မှာ အဆိုတင်သွင်းရခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ဒီမိုကရေစီဆိုတဲ့ရင်သား။
နိုင်ငံတကာက မျက်စိကျနေတဲ့ သဘာဝသယံဇာတတွေကိုတော့ ဘယ်လိုပြောရင်ကောင်းမလဲ။ တင်သားပဲထားပါတော့။ အရမ်းစွဲမက်စရာပါ။ ဒါပေမယ့် ခက်တာကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ဗိုက်ခေါက်ထူနေပါတယ်။ ဗိုက်ခေါက်ထူနေတဲ့ အခြေခံဥပဒေကို လေ့ကျင့်ခန်းလုပ်တဲ့နည်းနဲ့ ပြင်မလား။ ခွဲစိတ်တဲ့နည်းနဲ့ ပြင်မလား။ ဒါမှမဟုတ် အစားလျှော့တဲ့နည်းနဲ့ပြင်မလား။ အဆီချဝတ်စုံဝတ်ပေးလိုက်ရင်ရောဘယ်လိုနေမလဲ။

ဒီနေရာမှာ လက်ရှိအခြေခံဥပဒေကိုဖျက်ပြီး အစအဆုံးအသစ်ပြန်ရေးဆွဲချင်
တဲ့ အုပ်စုတွေလည်းရှိပါတယ်။ ဒါကို ပြုပြင်ပြောင်းလဲရေးထက်
တော်လှန်ရေးဆန်တဲ့ အယူအဆလို့ နိုင်ငံရေးသိပ္ပံပညာရှင်တစ်ချို့က
ပြောကြပါတယ်။ တောင်း သလောက် ရရမယ်။ မရရင်မယူဘူးဆိုတဲ့ အတွေးအခေါ်ကနေ ဆင်းသက်လာတယ်လို့လည်းဆိုကြပါတယ်။

လူပြိန်းတစ်ယောက်လိုတွေးကြည့်တဲ့အခါမှာလည်း အခြေခံဥပဒေကို အစအဆုံးအသစ်ပြန်ရေးဖို့ဆိုတာ မဖြစ်နိုင်လောက်ပါဘူး။ ထူနေတဲ့ဗိုက်ခေါက်ကိုမကျေနပ်လို့ဆိုပြီး ဗိုက်သားကြီးတစ်ခုလုံးကို ဖယ်ထုတ်ပစ်ပြီး အစကနေ ဗိုက်သားအသစ် ပြန်လည်တည်ဆောက်လို့ မရသလိုမျိုးပါပဲ။ ဗိုက်သားကြီးတစ်ခုလုံးဖယ်ထုတ်လိုက်ရင် အထဲက ကလီစာတွေ ထွက်ကျကုန်မှာပါ။

ဒါကြောင့် လက်ရှိခန္ဓာကိုယ်(Body)ရဲ့ပေးထားချက်တွေကို အခြေခံပြီးတော့လဲ မြန်မာနိုင်ငံနဲ့ အဆင်ပြေမယ့်၊ မြန်မာတိုင်းရင်းသားတွေနဲ့ အဆင်ပြေမယ့်အခြေခံဥပဒေဖြစ်လာအောင် ပြုပြင်ပြောင်းလဲယူတဲ့နည်းက ပိုပြီးအဆင်ပြေမယ်လို့ ထင်ပါတယ်။

ခွဲစိတ်တဲ့နည်းနဲ့ပြင်မလား။ လေ့ကျင့်ခန်းလုပ်တဲ့နည်းနဲ့ ပြင်မလား။ အဆီချဝတ်စုံဝတ်မလား။ အစားလျှော့မလား။ ဒါမှမဟုတ်တစ်ခုမကတဲ့ နည်းတွေအသုံးပြုမလားဆိုတာကိုတော့ ပညာရှင်တွေပြောတာက
နေရာကျမယ်လို့ထင်ပါတယ်။

တ၀မ်းပူ

အောက်တိုဘာလထုတ် OMG မဂ္ဂဇင်းမှကူးယူဖော်ပြသည်။

2 comments:

သောက်ရူး မင်းအလုပ်လား
မိန်းကလေးတွေ သူ့ဘာသာသိတယ်
နှာဗူးမလုပ်နဲ့ သူနေရာနဲ့သူရေးကွာ

ဖွဲ့စည်ပုံမရှိလဲရပါတယ် အဘတို့က

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်