Subscribe to our RSS Feed

ဘာကြောင့်အရေးတကြီး လုပ်ဆောင်ချင်နေရတာလဲ ?

From : We Love True
 
၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုဒေါ်အောင်ဆန်း
စုကြည်ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်NLDအနေနဲ့ ဘာကြောင့်အရေးတကြီးလုပ်ဆောင်နေပါသလဲ။ ပြည်သူတွေကိုစုစုဝေးဝေး လာရောက်ဖို့ ဖိတ်ခေါ်ပြီး ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် သိက္ခာချပွဲတွေ ကျင်းပနေရပါသလဲ…ဆိုတဲ့မေးခွန်းကိုပြည်သူတစ်ဦးအနေ နဲ့မေးချင်ပါတယ်။ ဒီလိုမေးချင်တာအကြောင်းရှိပါတယ်။ အဲဒါကတော့ တည်ငြိမ်အေးချမ်းမှုတွေပျက်ပြားပြီးဆင်းရဲသားတွေရဲ့မကျေနပ် မှုတွေပေါက်ကွဲကုန်မှာစိုးရိမ်လို့ပါပဲ။ လူတွေ စုပြုံပြီး လမ်းပေါ်ရောက်လာခဲ့ရင် ချမ်းသာလှတဲ့ ထိုင်းနိုင်ငံအဖို့ မသိသာလှပေမယ့် ဆင်းရဲနေတဲ့မြန်မာနိုင်ငံ အဖို့တော့ စိုးရိမ်စရာကောင်းပါတယ်။ ဒါကြောင့် ဒီမေးခွန်းကို မေးချင်တာပါ။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဘက်ကနေလိုက်ပြီး အကောင်းမြင်ဝါဒနဲ့ ပြောနေတာမဟုတ်ပါဘူး။ ၂၀၀၈ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ဖို့ လွှတ်တော်ကနေ ဆုံးဖြတ်လုပ်ဆောင်နေဆဲမို့ စောင့်ကြည့်သင့်တဲ့ အနေအထားမှာပဲဖြစ်သင့်ပါတယ်။

မြန်မာနိုင်ငံမှာသင်ခန်းစာယူမယ်ဆိုရင်အများကြီးပါပဲ။ ၁၉၈၈ခုနှစ် ကနေ အနှစ်(၂၀)ကျော်လုံးလုံး စစ်တပ်ကအုပ်ချုပ်သွားတာဟာ တကယ့်တရားခံ အစစ်က ဆန္ဒတွေစောခဲ့လို့ပါပဲ။ လုပ်သင့်တာကိုမလုပ်ခဲ့ဘဲ ဆန္ဒတွေစောခဲ့လို့ အဲဒီတုန်းက သမ္မတက(၃)လအတွင်း ရွေးကောက်ပွဲလုပ်ပေး မယ်။ သူတို့အစိုးရတစ်ဖွဲ့လုံးဝင်ပြီး အရွေးမခံဘူးဆိုပြီး ကတိပေးခဲ့တာကို လက်ခံသင့်ပါလျက်နဲ့ လက်မခံဘဲ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆိုးလာ တာကြောင့် စစ်တပ်က နေရာရသွားခဲ့တာပါ။

အဲဒီတုန်းကသာ အာဏာရအစိုးရက ပေးတဲ့အခွင့်အရေးကိုကောင်းမွန်စွာ အသုံးချခဲ့ရင်အခုဆိုရင် ဒီမိုကရေစီရတာနှစ်ပေါင်းအစိတ်ကျော်ပါပြီ။ ဒါဟာသင်ခန်းစာ ယူသင့်တဲ့ကိစ္စတစ်ရပ်ပါ။ ပေးပါ့မယ်ဆိုတာ ကိုမရဘူး..အခုချက်ချင်းပေးလို့ တောင်းဆိုခဲ့တဲ့အမှားကြောင့် အနှစ်(၂၀)ကျော်လုံးလုံး ဒီမိုကရေစီမရခဲ့တာ ပါပဲ။အခုလဲ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုတရားဝင်လမ်းကြောင်းကနေလုပ်ကိုင်နေတာ လေးကို NLD အနေနဲ့စောင့်ကြည့် သင့်ပါတယ်။ အခုတော့ဒီလိုမဟုတ်ဘဲ ပြည်သူတွေ စုစုဝေးဝေးနဲ့ ဆူဆူ ပူပူဖြစ်အောင်လမ်းကြောင်းပေးသလိုဖြစ်နေပါတယ်။လွှတ်တော်ကလဲပြင်ဆင်မယ်၊ပြည်သူတွေကလဲ ပြင်ချင် တယ်ဆိုရင် ပြင်ဖို့ပဲရှိပါတော့တယ်။

NLD အဖွဲ့အနေနဲ့ငွေကြေးအမြောက်အမြားအကုန်အကျခံပြီး အလံတွေလုပ်၊ဆိုင်းဘုတ်တွေထောင်၊ လူထုတွေစုဝေးခိုင်းပြီး လုပ်နေတာဟာ ပွင့်ပွင့်လင်းလင်းပြောရယင် အပိုအလုပ်တွေဖြစ်နေပါတယ်။ ၂၀၁၅ ခုနှစ်ကိုရောက်ဖို့ကြားမှာ၂၀၁၄ခုနှစ်၊ တစ်နှစ်လုံးကျန်ပါသေးတယ်။ ပြောရမယ်ဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ အချိန်လုံလုံ လောက်လောက်ရှိနေပါသေးတယ်။ NLD အနေနဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးကို အကြောင်း ပြပြီးလူထုကိုမဲဆွယ်နေတာလား။ ငြိမ်သက်နေတဲ့ပြည်သူတွေကို စိတ်ခံစားမှုတွေပေးနေတာလား။ ဒါတွေ ဟာမဖြစ်သင့်ပါဘူး။
အခုလဲ လွှတ်တော်ကနေ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ရမယ့် အချက်တွေထဲကမှ ဘယ်လို ပြင်ဆင်ကြမယ်ဆိုတဲ့အဖြေကို ရှာကြရမှာပါ။

အဲဒီကရလာတဲ့အဖြေပေါ်မူတည်ပြီးမှ NLD က ဆက်လက် လုပ်ဆောင့် သင့်ပါတယ်။ အခုဟာကတော့ စစ်မရောက်ခင် ကထဲကမြားကုန်အောင် ပစ်နေသလိုပါပဲ။ လက်ရှိ အစိုးရကလဲ၂၀၀၈ခုနှစ်၊ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီးကိုမပြင်ဘူးဆိုပြီးသော့ခတ်ထားတာမဟုတ်ပါဘူး။ ဥပဒေ ပြုရေးအာဏာရှိတဲ့ လွှတ်တော်အဆင့်ဆင့်ကလည်း မပြင်ဘူးဆိုပြီး တင်းခံနေတာမဟုတ်ပါဘူး။ လူပေါင်း ရာကျော်ပါတဲ့ ကော်မတီတစ်ရပ်ဖွဲ့ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးလုပ်နေပါလျက် NLDကဘာကြောင့် အရေး တကြီးလုပ်ဆောင်ချင်နေရတာပါလဲဆိုတဲ့ မေးခွန်းကိုမေးချင်ပါတယ်။

မျိုးချစ်ခင်

14 comments:

ငြိမ်သက်နေတဲ့ပြည်သူကို တဲ့ ၊ ဒီလောက် တတိုင်းပြည်လုံး ပြောဆိုနေတာ ဘာငြိမ်သက်နေတာလဲ။ အဲဒီဖွဲ့စည်းပုံကြီးကို အတည်ပြုတုန်းက နာဂစ်ကြောင့် တတိုင်းပြည်လုံး ဒုက္ခရောက် နေချိန် မင်းမေလင်တွေ တစောက်ကန်း လုပ်ခဲ့တာကိုလည်း ပြောအုံးလေ။ ဘာ မျိုးချစ်ခင်လဲ ၊ စစ်ခွေး လိုးလို့ မွေးလာတဲ့ စစ်ခွေးမျိုး ချစ်ပဲဖြစ်မယ်။

ရှင်းရှင်းလေး အဖွားကြီးက သေခါနီးနေပြီးလေ....

တော်ကြပါတော့ ကုလားအားကိုး မအေ -ိုးများရယ်။ အားလုံးအတူတူပါဘဲ။ တိုင်းပြည်တိုးတက်ဖို့ ဘာအကြံဥာဏ်မှမရှိ ဆရာလိုလိုသဘာလိုလိုနဲ့ ဒီအသက်အရွယ်ရောက်နေပြီ ဘာစောက်ဖြစ်ရှိခဲ့လို့လဲ။

မဲဆွယ်ကာလမရောက်သေးဘဲ၊NLDကမဲဆွယ်ခွင့်ရနေပြီလား။

တိုင်းပြည် အတွက် အရေးကြီးလို့ အရေးတကြီး ပြင်ချင်နေတာဟ
စစ်ခွေးလိုးမသားရဲ့ ၊ ဘာမျိုးချစ်ခင် လဲ။ နာမည်ကောင်းပေးထားရုံ နဲ့တော့ စစ်ခွေး လေသံက မလွတ်နိုင်ပါဘူး။

ဆွဲတာတောင် ၁၅ နှစ်ကြာတယ် ပြင်မယ်ဆို ၈နှစ်လောက်ကြာမယ်

နိုင်ငံတော်ကြီး အမြန်ဆုံးတိုးတက် ကောင်းမွန် စေချင်လို့ ဆိုတာ မသိဘူးလားဗျာ။ စစ်တပ်က လူတွေ ပြည်သူ့အပေါ်မှာ ပါစပ်ကသာ မျိုးချစ်တဲ့သူတွေ ဖြစ်ကြောင်း ပြည်သူအတွက် အနစ်နာခံပြီး မနားမနေလုပ်နေကြောင်း ကို လူကြားကောင်းအောင် ပြောပြီး သူတို့ တွေ ပြည်သူကြားမှာ ပိုင်ဆိုင်မှု မတင်ပြရဲအောင် လုပ်သွားတာက လွဲလို့ ပြည်သူတွေ အတွက် ဘာများစေတနာ ထားပြီး လုပ်ပေးခဲ့လို့လဲဗျာ။ ဖုန်းတွေ ဈေးအဆမတန် တင်ရောင်း၊ ကားဈေးတွေ အဆမတန် တက်အောင်လုပ်၊ ပြည်သူတွေရဲ့ လယ်ယာတွေကို ခေါင်းစဉ်မျိုးစုံနဲ့ သိမ်း၊ မကျေနပ်လို့ အော်တော့ လည်း အော်တဲ့သူကို ခေါင်းစဉ်မျိုးစုံနဲ့ အရေးယူတယ်။ ဒီလိုလူတွေရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပြည်သူ့ဘက် က ဘယ်လို ကာကွယ်၊ ဘယ်လို ရပ်တည်ပြီး ဘယ်လို အကျိုးပြုမှာလဲဗျာ။ သူတို့တွေ တည်မြဲဖို့။ ပြည်သူကောင်းအောင် ပြည်သူဘက်ကနေ ရပ်တည်ပြီး ကြိုးစားသူတွေ တက်လာလို့ မရအောင် ကာကွယ်ပြီး ရေးဆွဲမှာပေါ့ဗျာ။ ဥပမာ...အမေစုလို ပြည်သူတွေဘက်က ရပ်တည်ပြီး ပြည်သူတွေ ကောင်းအောင် ကြိုးစားနေတဲ့ အပြင် ပြည်သူလူထုရဲ့ ထောက်ခံမှုကို ရနေတဲ့လူတစ်ယောက်အတွက် အဲ့ဒိဖွဲ့စည်းပုံ အခြေခံဥပဒေက လူ့အခွင့်အရေး အပြည့်အဝ ပေးခဲ့ရဲ့လား။ အမေစုက လူတစ်ယောက် မလုပ်သင့်တဲ့ တရားဥပဒေနဲ့ မညီတဲ့ ဘာပြစ်မှုတွေ ကျူးလွန်နေလို့လဲဗျာ။ ကျုးလွန်နေရင် အရေးယူလိုက်ပါ့လား။ ပြင်မရတဲ့ အမှားလူတိုင်းကျူးလွန်ခဲ့ တာချင်းအတူတူ ဘာလို့လူ့အခွင့်အရေး တန်းတူ ရအောင် မရေးဆွဲခဲ့တာလည်း။ အနာဂတ်မှာ နိုင်ငံတော်ကောင်းအောင် ကြိုးစားနိုင်တဲ့ ပြည်သူချစ်တဲ့ သူရဲကောင်း တစ်ယောက်အနေနဲ့ သမ္မတ ဖြစ်ခွင့်မရှိအောင် ညစ်ပတ်ထားတာတော့ မဖြစ်သင့်ပါဘူး။ ပြည်သူကပေးတဲ့ အာဏာနဲ့ အုပ်ချုပ်ဖို့အတွက် တန်တဲ့သူကို ပြည်သူက ရွေးချယ်ပေးမှာ မဟုတ်ဘူးလား။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တားမြစ်စရာ လိုလားဗျာ။ဲ

ပြီးတော့ အစိုးရအဖွဲ့ ဝင်တွေ လုပ်တာမတရား လို့ ဆန္ဒဖော်ထုတ် မယ်ဆိုရင် ခွင်ပြုမိန်တောင်းရမယ်တဲ့။ ကဲ...ခွင့်မပြုရင် ခံရတဲ့ ပြည်သူက ငြိမ်ခံနေရတော့မှာလား..?။ ဒါဒီမိုကရေစီနဲ့ ညီလား.?။ ခွင့်ပြုမိန့် တောင်းတာထက် ဆန္ဒဖော်ထုတ်မယ်လို့ အကြောင်းကြားတာက ပိုပြီးဖြစ်သင့်တာ မဟုတ်ဘူးလားဗျာ။ အစိုးရအဖွဲ့ ဝင်တိုင်း ပြည်သူလူထုနှင့် လုပ်ငန်းတာဝန်များ အပေါ် တရားဥပဒေစည်းမျဉ်းစည်းကမ်းနဲ့ အညီ ဆောင်ရွက်ပါမည် တရားဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများအပေါ် လက်တစ်လုံးကြား အသုံးပြုပြီး ကိုယ်ကျိုးမရှာ ပါဘူးလို့ ကျမ်းသစ္စာ ဆိုပြီးတာဝန်ထမ်းဆောင်သူ မှ မရှိတာဗျာ။ ဘယ်သူ့ကို ယုံလို့ ဒီဖွဲ့စည်းပုံကို ထောက်ခံ ထိမ်းသိမ်းထားရ မှာလဲ။ဲ

မေးသင့်တဲ့ မေးထိုက်တဲ့ မေးခွန်းပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်