Subscribe to our RSS Feed

လူတွေမြင်တွေ့နေတဲ့ စရိုက်ဟာ သရုပ်ဆောင်နေတဲ့ ဇာတ်ကောင်တစ်ခုသာဖြစ်တယ်လို့ Miley Cyrus ပြော

From :Trend Myanmar


Miley Cyrus ဟာ လိင်စွဲနေတဲ့သူ တစ်ယောက်မဟုတ်ပါဘူးဆိုတာ သူမက ကမ္ဘာကြီး သိစေချင်နေပါတယ်။ Hannah Montana နဲ့ မြန်မြန် နာမည်ကြီးလာတဲ့ အသက်၂၁နှစ်အရွယ် ပေါ့ပ်စတား တစ်ယောက်ဟာ လွန်ခဲ့တဲ့ ၆လအတွင်း သူမ ရယူခဲ့တဲ့ အာရုံစိုက်မှုအားလုံးနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားသွားပါတယ်။
“ကျွန်မက ကလေးတစ်ယောက်လိုပဲ ထင်ရာတွေလုပ်နေတာ။ လူတွေက ကျွန်မကို လိင်ကြောင်နေတဲ့သူ လို့ ထင်အောင် နေ့တိုင်း ပေါ့ပ်တွေလုပ်ပြနေခဲ့တယ်။ ဘာနဲ့တူလဲဆိုတော့ ရော့ခ် အင်န် ရိုးလ် ဆိုတာကြာဖူးတယ်ဟုတ်လား။ ဟုတ်ပါပြီ၊ ဇာတ်ကောင်တစ်ယောက်ပါ။ တက်ဒီ ၀က်ဝံလိုလဲ မ၀တ်ချင်ပါဘူး။ Robin Thicke ရှေ့မှာလဲ တင်လှုပ်မက ချင်ပါဘူး။ ဟုတ်ပြီလား။” လို့ မကြာသေးမီက New Yort Times နဲ့လုပ်ခဲ့တဲ့ အင်တာဗျူးမှာ Miley Cyrus ကပြောပြခဲ့ပါတယ်။
“မနေ့ညက Madonna ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေ အကြောင်း ပြောဖြစ်တယ်။ တချို့ကိစ္စတွေမှာ ဘာမှမဆိုင်ဘူး။ Madonna ဟာ “Like a Virgin” သီချင်းကို VMA ရှိုးမှာတင်ဆက်တော့ ဘောင်ဝင်တယ်။ ‘အိုး၊ သူမ လုပ်နေကျပဲ’ ဆိုတာမျိုးလေ။ VMA ရှိုးမှာ ကျွန်မဖျော်ဖြေခဲ့တာနဲ့ ပတ်သက်ပြီး ပြန်စဉ်းစားတော့ ကျွန်မအတွက် ဘောင်ဝင်တယ်။ ကျွန်မလုပ်သမျှတိုင်းကိုလည်း ‘Miley ဒီည လုပ်နေကျအတိုင်းပဲ လုပ်ခဲ့တယ်။’ ဆိုတဲ့အတိုင်းပဲ။” လို့ Miley Cyrus ကရှင်းပြခဲ့ပါတယ်။
Ref:starpulse
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်