Subscribe to our RSS Feed

Passionata အတွက် ကြော်ငြာဓာတ်ပုံများ အရိုက်ခံခဲ့သည့် ဘားရက်ဖ်လီ

From : Planet Myanmar Network

  ဝတ်စုံအတွက် ဆန်းသစ်သော စိတ်ကူးဖြင့် ညှို့ဓာတ်ပြင်းပြင်း ကိုယ်ဟန်ပြ ဓာတ်ပုံများ ရိုက်ကူးပေးခဲ့
စူပါမော်ဒယ်လ် ဘားရက်ဖ်လီ အနေဖြင့် Passionata အမျိုးသမီး အတွင်းခံ ဝတ်စုံအတွက် ဆန်းသစ်သော စိတ်ကူးဖြင့် ညှို့ဓာတ်ပြင်းပြင်း ကိုယ်ဟန်ပြ ဓာတ်ပုံများ ရိုက်ကူးပေးခဲ့သည်။ Passionata အမှတ်တံဆိပ်သည် နွေဦးနှင့် နွေရာသီအတွက် ရည်စူးသော Collectionအတွက် ဘားကို ငှားရမ်းခဲ့ခြင်း ဖြစ်သည်။ အသက်(၂၈)နှစ်ရှိ ဘားသည် အဆိုပါ အမှတ်တံဆိပ်အတွက် (၄)ခုမြောက် Collectionကို ဓာတ်ပုံရိုက်ပေးခြင်းလည်း ဖြစ်လာသည်။ ဘားသည် အတွင်းခံ အဝတ်အစားများ ဖြင့် ညှို့ဓာတ်ပြင်းပြင်း ကိုယ်ဟန်ပြခဲ့ရာ၌ ရောင်စုံ ချိုချဉ်ချောင်း တစ်ခုကို ကိုင်ဆောင်ထားခဲ့သည်ကို တွေ့ရသည်။ ထို့အပြင် ဖယောင်းတိုင်များ ထွန်းညှိထားသည့် မွေးနေ့ကိတ် တစ်လုံးကို ခေါင်းပေါ်ရွက်ရင်းလည်း ဓာတ်ပုံ အရိုက်ခံခဲ့သေးသည်။ 




 
သူမသည် ယင်းCollectionတွင် ပါဝင်သည့် အတွင်းခံဖက်ရှင် အမျိုးမျိုးကို ပြောင်းလဲဝတ်ဆင်ကာ ဓာတ်ပုံရိုက်ခံခဲ့ခြင်း ဖြစ်သည်။ အစ္စရေး မော်ဒယ်လ်သည် စက်ဘီးတစ်စင်းတွင် မီးပျံပူဖောင်းများ ချိတ်ဆွဲထားပြီး ခေတ်ဟောင်းဖက်ရှင်မျိုးဖြင့် ဓာတ်ပုံအရိုက်ခံခဲ့သေးသလို ပန်းစည်းကြီးတစ်ခုကို ကိုင်ဆောင်လျှက် မြူးမြူးကြွကြွ ဟန်ပန်မျိုးဖြင့် ကိုယ်ဟန်ပြခဲ့သေးသည်။ ဘားသည် ဟောလီးဝုဒ်မင်းသား လီယိုနာဒို ဒစ်ကာပရီယိုနှင့် (၆)နှစ်ကြာ တွဲခဲ့ဖူးသော်လည်း လွန်ခဲ့သော (၂)နှစ်က လမ်းခွဲဖြစ်ခဲ့သည်။
သူမက အချစ်ရေး ပျက်သုဉ်းသွားချိန်တွင် အထီးကျန် ဝမ်းနည်းနေကြောင်း ခန့်မှန်းပြောဆိုမှုများကို ငြင်းဆန်ခဲ့သည်။ "ဒီလိုဘာကြောင့် ပြောနေဆိုနေသလဲ ဆိုတာကို ကျွန်မ နားမလည်ဘူး။ ကျွန်မခုထိ ကိုယ့်ကိုယ်ကိုယ် အားရနေတုန်းပဲ။ အပြင်ထွက်လည်တယ်၊ အိမ်မှာလည်း ပျော်ပျော်ရွှင်ရွှင်ပဲ။ ရုပ်ရှင်တွေကြည့်တယ်။ စားချင်တာစားတယ်။ ကျွန်မနဲ့ ပတ်သက်ပြီး ဘာမှားနေလို့လဲ။ ဘာကြောင့်များ ကျွန်မက အထီးကျန်နေရမှာလဲ"ဟု ဘားက ပြောဆိုသွားသည်။


1 comments:

How easy for a girl to get money?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်