Subscribe to our RSS Feed

မြန်မာပို့ကုန်များ အမေရိကန်သို့ လွတ်လပ်စွာ တင်ပို့နိုင်ပြီ

From :7day

 မြန်မာအစိုးရ၏ နိုင်ငံရေး၊စီးပွားရေးပြုပြင်ပြောင်းလဲမှုများဆက်လက်ပြုလုပ်နေခြင်းကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ်အရေးယူချမှတ်ထားသော မြန်မာပို့ကုန်များ အမေရိကန်ပြည်ထောင်စုသို့တင်ပို့ခြင်းအပေါ်ပိတ်ပင်ထားမှုများကို ဖယ်ရှားပေးမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ပြောကြားချက်ကိ
ု Financial Times သတင်းတွင်ဖော်ပြထားသည်။

မြန်မာပို့ကုန်များအမေရိကန်သို့တင်ပို့မှုကိုပိတ်ပင်ထားခြင်းကို ဖြေလျော့မည့်လုပ်ငန်းစဉ်များစတင်တော့မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာသမ္မတ ဦးသိန်းစိန်ကိုပြောကြားခဲ့ခြင်းဖြစ်သည်။

“အခုလိုမြန်မာပို့ကုန်အပေါ်ပိတ်ပင်ထားမှုကိုဖယ်ရှားပေးခြင်းဖြင့် မြန်မာပြည်သူတွေအနေနဲ့ သူတို့ရဲ့ပို့ကုန်တွေကို အမေရိကန်ဈေးကွက်မှာ ရောင်းချနိုင်ဖို့အခွင့်အလမ်းတွေဖြစ်လာစေမယ်လို့ မျော်လင့်ပါတယ်“ ဟုအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်ကပြောကြားသည်။

အမေရိကန်အစိုးရသည် အမေရိကန်ကုမ္ပဏီများမြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ယခင်ကပိတ်ပင်တားမြစ်ချက်အတော်များများကို ဖယ်ရှားပေးခဲ့ပြီးဖြစ်သည်။

ထို့ပြင်အမေရိကန်အစိုးရသည် မြန်မာစစ်တပ်နှင့်ဆက်ဆံရေးထူထောင်ရန်ကိုလည်း ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။

“အမေရိကန်ရဲ့အရေးယူပိတ်ပင်မှုတွေဖြေလျော့ပေးတဲ့သတင်းကို မြန်မာပြည်သူတွေအလွန်ကျေနပ်ကြမှာပါ၊အမေရိကန်ရဲ့အခုလုပ်ရပ်အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်“ဟုမြန်မာသမ္မတ ဦးသိန်းစိန်ကပြောကြားသည်။

ထို့ပြင် “မိမိတို့အနေနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်ကြောင်းကိုရှေ့ဆက်ဖို့ လိုအပ်နေပါသေးပေမဲ့ ဒီမိုကရေစီချန်ပီယံ အမေရိကန်လို နိုင်ငံမျိုးရဲ့ထောက်ခံအားပေးမှု၊အသိအမှတ်ပြုမှုဟာ မိမိတို့ရွေးချယ်ထားတဲ့လမ်းကြောင်းကို ဆက်လက်လျောက်လှမ်းဖို့ အားတက်ဖွယ်ဖြစ်ပါတယ်“ ဟု မြန်မာသမ္မတ ဦးသိန်းစိန်ကပြောကြားသည်။

ထို့ပြင် အမေရိကန်သမ္မတအိုဘားမားအတွက်လည်း လာမည့်သမ္မတရွေးကောက်ပွဲအတွက် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း မြန်မာသမ္မတဦးသိန်းစိန်ကပြောကြားသည်။

မြန်မာပို့ကုန်များအမေရိကန်သို့တင်ပို့ခွင့်ပိတ်ပင်ထားမှုမှဖြေလျော့ပေးခြင်းကို တဖြည်းဖြည်းခြင်း၊အဆင့်လိုက်(gradual)လုပ်ဆောင်သွားဖွယ်ရှိကြောင်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။

အမေရိကန်အစိုးရအနေဖြင့် မြန်မာအပေါ်ပိတ်ပင်ထားမှုကိုဖြေလျော့သည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ နောက်အဆင့်များကို အမေရိကန်ကွန်ဂရက်နှင့်ဆွေးနွေးသွားမည်ဖြစ်ပြီး၊ပိတ်ပင်မှုများဖြေလျော့ပေးခြင်းသည် ကဏ္ဍတစ်ခုချင်းအလိုက် ဖြစ်ဖွယ်ရှိကြောင်း အမေရိကန်ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမေရိကန်အစိုးရနှင့်နီးစပ်သော ပုဂ္ဂိုလ်တစ်ဦးကမူ ကျောက်စိမ်းနှင့်တန်ဖိုးရှိသော ကျောက်မျက်ရတနာများအမေရိကန်သို့တင်ပို့ခြင်းကိုပိတ်ပင်ထားခြင်းကိုမူ ဆက်လက်ပြုလုပ်ဖွယ်ရှိကြောင်းပြောကြားသည်။
နိုင်ငံတော် သမ္မဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်အတွင်း မြန်မာပို့ကုန်များအား အမေရိကန်နိုင်ငံမှ ပိတ်ဆို့ထားခြင်းကိုဖယ်ရှားလိုက်သည်။ ထိုသို့ ဖယ်ရှားလိုက်ခြင်းအား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က နယူးယောက်တွင် ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကြေငြာခဲ့ခြင်းဖြစ်သည်။


အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံနိုင်စေရန် ပိတ်ဆို့မှုအချို့ ဖယ်ရှားပြီးနောက် နိုင်ငံတော်သမ္မတနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌ တို့အား ပိတ်ဆို့မှုစာရင်း မှ အရေးပေါ်  ဖယ်ရှားပေးခဲ့သည်။

ယခုထပ်မံ၍ မြန်မာနိုင်ငံမှ ပို့ကုန်များပိတ်ဆို့ထားခြင်းကို ထပ်မံဖယ်ရှားပေးလိုက်ခြင်းဖြစ်သည်။

Myanmar Express 

2 comments:

this is our president, u r my idol

အမေရိကန်ဘက်ကသူတို့လုပ်နှိုင်တာလုပ်ပေးပေမဲ့ မျောက်အုံးသီးရ မဖြစ်စေဘို့လဲလိုပါတယ်။ အခုလက်ရှိဒေါ်လာနဲ့ ကျပ်လဲလှယ်နှုံးဟာ ကုန်သွယ်ရေးအတွက် အကျိုးအမြတ်မရှိနှိုင်ပါဘူး။ ဒီလိုကျပ်ငွေကသိပ်မြင့်နေရင် ပြင်ပရင်းနှီးမြှုတ်နှံငွေနဲပါးမဲ့အပြင် ပို့ကုန်တွေအတွက်လဲအကျိုးအမြတ်မရှိနှိုင်ပါဘူး။ အစိုးရအနေနဲ့ အမေရိကန်နိုင်ငံမှာ အရင်နှစ်ကြိမ်လုပ်ခဲ့ပြီး အခုလဲတတိယအကြိမ်လုပ်နေတဲ့ ကိုယ့်တိုင်းပြည်ရဲ့ငွေကိုတန်ဘိုးချတာလုပ်ရပါလိမ့်မယ်။ ဥပမာ အစိုးရက လက်ရှိပေါက်ဈေးထက်ပိုပေးပြီး ဒေါ်လာတွေလိုက်ဝယ် တာမျိုးလုပ်ရင် ဒေါ်လာဈေးတက်လာပါလိမ့်မယ်။ အင်္ဂလိပ်လို Quantitative Easing လို့ခေါ်ပါတယ်။ ငွေလဲနှုံးအနဲဆုံး
တဒေါ်လာကို ကျပ် ၁၀၀၀ ရှိမှ ကုန်သွယ်မှုတိုးတက်နှိုင်ပါမယ်။
ဒါကိုအစိုးရကမဆိုင်းမတွလုပ်ဘို့လိုပါတယ်။ ငွေကြေးဖေါင်းပွလာမှု မရှိအောင် ဒီကျပ်ငွေတွေကိုဘယ်လိုပြန်သိမ်းနှိုင်အောင် လုပ်မလဲဆိုတာလဲ တခါထဲစဉ်းစားထားဘို့လိုပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်