Subscribe to our RSS Feed

တရုတ် နိုင်ငံတွင် ကျောင်းသား ၁၇ သန်းကျော် နှစ်စဉ် စစ်သင်တန်း တက်ရောက် ကြသည်ဟုဆို

From :မြဝတီ


တရုတ်နိုင်ငံ တစ်ဝန်းရှိ အထက်တန်းကျောင်း ၂၂,ဝဝဝ နှင့် တက္ကသိုလ် ၂ဝဝဝ တို့မှ
ကျောင်းသား ၁၇ ကျော်သည် နှစ်စဉ် စစ်သင်တန်း တက်ရောက်ကြောင်း စက်တင်ဘာလ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် ပြုလုပ်ခဲ့သော တက္ကသိုလ် ကျောင်းသားများ စစ်ရေး လေကျင့်မှု ဆိုင်ရာ အမျိုး သားကွန်ဖရင့် တစ်ရပ်တွင် ဖော်ပြထားသည်ဟု စက်တင်ဘာလ၂၆ ရက်နေ့ Xinhua သတင်း တစ်ရပ်အရ သိရှိရပါသည။် အဆိုပါ ကွန်ဖရင့်သို့ တက်ရောက် သူများသည် လွန်ခဲ့သော နှစ်များအတွင်း ရရှိခဲ့သော အတွေ့အကြုံ ပေါ်မူတည်၍ အခြေအနေ သစ်အရ ကျောင်းသားများ၏ စစ်ရေးလေ့ကျင့်မှု တိုးတက် လာစေရေး နည်းလမ်းများအား ဆွေးနွေး ခဲ့ကြပါသည်။ လက်ရှိ အချိန်တွင် တရုတ် အစိုးရသည် တက္ကသိုလ်နှင့် အထက်တန်း ကျောင်းသားများ၏ စစ်ဆင်ရေးဆိုင်ရာ ရည်မှန်းချက် အား ပြည့် မီအောင် ဆောင် ရွက်နိုင်ခဲ့ပြီး အရန် စစ်မှုထမ်းများနှင့် အတွေ့ အကြုံရှိသူများ တိုးပွား၍ လိုအပ်ချက်များ ပြည့်မီ စေရေး အ တွက် လေ့ကျင့်မှု အရည်အသွေး ပြည့်မီစေရေး ဆက်လက် ကြိုးပမ်း သွားမည် ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ၁၉၈၅ ခုနှစ်မှစ၍ တက္က သိုလ် ကျောင်းသား အချို့အား စစ်သင်တန်းပေးမှု စတင် လုပ်ဆောင် ခဲ့သည်ဟု သိရှိရပါသည်။

 
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်