Subscribe to our RSS Feed

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အဖွဲ့ သြစတြေးလျနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်၊ သြစတြေးလျနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ကြိုဆို

From : မြဝတီ


သြစတြေးလျ နိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့သို့ ချစ်ကြည်ရေးခရီး ထွက်ခွာလာသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ခေါင်းဆောင်သည့် မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် စင်ကာပူ နိုင်ငံမှ တစ်ဆင့် သြစတြေးလျ နိုင်ငံ ဆစ်ဒနီ လေဆိပ်သို့ စက်တင်ဘာ ၁၇ ရက် ဒေသ စံတော်ချိန် ၁ဝ နာရီ မိနစ် ၂ဝ က ရောက်ရှိ ကြသည်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် အဖွဲ့သည် စက်တင်ဘာ ၁၈ ရက် ညနေ ၆ နာရီခွဲက ကင်ဘာရာမြို့ လွှတ်တော် အဆောက်အအုံ၌ သြစတြေးလျနိုင်ငံ Australian House of Representative ဥက္ကဌ Mr. Peter Neil Slipper နှင့် Australian Senate ဥက္ကဌ Mr. John Haff တို့ ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ယင်းနောက် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် အဖွဲ့အား သြစတြေးလျနိုင်ငံ လွှတ်တော် အဆောက်အအုံ ညစာခန်းမ၌ ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်